Home သတင်း မြစ်ဆုံစီမံကိန်းဖျက်သိမ်းရန် အစိုးရအား ကချင်အမျိုးသမီးအဖွဲ့တောင်းဆို

မြစ်ဆုံစီမံကိန်းဖျက်သိမ်းရန် အစိုးရအား ကချင်အမျိုးသမီးအဖွဲ့တောင်းဆို

 

“မြစ်ဆုံကိုအမှီပြုပြီးတော့ လုပ်ကိုင်စားသောက်တဲ့လူထုတွေလည်း အများကြီးရှိတယ်။ မြစ်ဆုံလုပ် လိုက်ခြင်းဖြင့် ထိခိုက်မှုဘာတွေရှိသလဲဆိုတော့ ပြောင်းရွှေ့ခံရတဲ့လူတွေရှိတယ်။ ဒီလိုပြောင်းရွှေ့ ခံရတဲ့အချိန်မှာ အမျိုးသမီးတွေ လုပ်ကိုင်စားသောက်မယ့် နေရာတွေက ပိုပြီးတော့ ရှားပါးလာတဲ့ အခြေအနေတွေ ရှိလာတယ်။ ဒါကြောင့် တခြားနိုင်ငံကို သွားပြီး အလုပ်ရှာရတယ်။ အောက်ပြည် ကိုသွားပြီး အလုပ်လုပ်ရတယ်။ ဒီလိုအခြေအနေမှာ အမျိုးသမီးတွေ ရောင်းစားခံရတယ်။ တချို့ဆို ရင် မလုပ်ချင်ပေမဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ကိုင်လာရတယ်။”

kwat

Photo: KWAT

လုဆိုင်း

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊

မြန်မာအစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းကြောင်း ချက်ချင်းကြေညာရန် ထိုင်းနိုင်ငံအခြေ စိုက် ကချင်အမျိုးသမီးအစည်းအရုံး(KWAT)က တောင်းဆိုလိုက်သည်။

သဘာဝသယံဇာတမှ ရရှိသောအကျိုးရလာဒ်များသည် ကချင်လူထုအတွက် အကျိုးမရှိဘဲ တရုတ် ကုမ္ပဏီများ၊ စစ်တပ်နှင့် ရင်းနှီးသည့် ခရိုနီများအတွက် အမြတ်အစွန်းသာဖြစ်နေသလို၊ မြစ်ဆုံ သည် မြန်မာတစ်နိုင်ငံလုံးအတွက် သွေးကျောဖြစ်သဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းတည် ဆောက်ပါက ထိခိုက်မှုများ အများအပြားရှိနေသည်ကို သုံးသပ်၍ ယနေ့ စက်တင်ဘာလ (၉) ရက် နေ့တွင် ကျရောက်သော KWAT ၏ (၁၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တောင်းဆိုရခြင်းဖြစ် သည် ဟု KWAT အထွေထွေအတွင်းရေးမှူး ဒေါ်မွန်းနေလီကပြောပါသည်။

“မြစ်ဆုံကိုအမှီပြုပြီးတော့ လုပ်ကိုင်စားသောက်တဲ့လူထုတွေလည်း အများကြီးရှိတယ်။ မြစ်ဆုံလုပ် လိုက်ခြင်းဖြင့် ထိခိုက်မှုဘာတွေရှိသလဲဆိုတော့ ပြောင်းရွှေ့ခံရတဲ့လူတွေရှိတယ်။ ဒီလိုပြောင်းရွှေ့ ခံရတဲ့အချိန်မှာ အမျိုးသမီးတွေ လုပ်ကိုင်စားသောက်မယ့် နေရာတွေက ပိုပြီးတော့ ရှားပါးလာတဲ့ အခြေအနေတွေ ရှိလာတယ်။ ဒါကြောင့် တခြားနိုင်ငံကို သွားပြီး အလုပ်ရှာရတယ်။ အောက်ပြည် ကိုသွားပြီး အလုပ်လုပ်ရတယ်။ ဒီလိုအခြေအနေမှာ အမျိုးသမီးတွေ ရောင်းစားခံရတယ်။ တချို့ဆို ရင် မလုပ်ချင်ပေမဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ကိုင်လာရတယ်။”

ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ၏ ၁၇ နှစ်မြောက် နှစ်ပါတ်လည် အထိမ်းအမှတ်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ KWAT ရုံးတွင် ဘာသာရေးအရ ဆုတောင်းဝတ်ပြုခြင်းနှင့် နှစ်ပါတ်လည် အခမ်းအနား ပြုလုပ်ခဲ့သည်။

နှစ်ပတ်လည် ထုတ်ပြန်ချက်တွင် မြစ်ဆုံစီမံကိန်းသည် ကချင်လူထုအတွက် အကျိုးမရှိကြောင်း ဖော်ပြထားသည်။

“တချိန်ထဲမှာဘဲ စီးပွာရေးအဆင်မပြေမှုတွေ ဖြစ်လာတော့ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာ တယ်။ စီးပွားရှာရမဲ့ နေရာပျောက်လာတော့ အလွယ်တကူရနိုင်တဲ့ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာလာ တဲ့လူတွေ များလာတယ်။ စိတ်ဓါတ်ကျလာတော့ ဆေးသုံးတဲ့လူတွေများလာတယ။် လူမှုအသိုင်း အဝိုင်းမှာ ပြဿနာတွေ တော်တော်များလာတယ်။ တချို့ဆိုရင် ကိုယ့်သမီးကို ရောင်းစားရတဲ့ အဆင့်ထိ ဖြစ်လာတယ်။ ဒါတွေကလည်း အမျိုးသမီးတွေအတွက် အနှုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်တယ်”ဟု မွန်းနေလီကပြောသည်။

နှစ်ပတ်လည် ကြေညာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရတက်လာသည့် (၆) လမှ စတင်၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေများကို သိမ်းပိုက်ရန် မြန်မာ့ တပ်မတော်မှ အင်အားဖြည့်တင်း၍ မြေပြင်နှင့် ဝေဟင်မှ ထိုးစစ်ဆင်နေသည်ကို တွေ့ရကြောင်း၊ ယင်းထိုးစစ်များကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း များအပါအဝင် အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဖော်ပြ ထားသည်။

KWAT ကို ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့် နိုင်ငံရပ်ခြားသို့ အရဲစွန့်ထွက်ခွာပြီး အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ခဲ့ကြရသော ကချင် အမျိုးသမီးများ၏ အခက်အခဲအပြဿနာများကို အကူအညီပေးနိုင်ရန်နှင့် အကာအကွယ်ပေး နိုင်ရန်၊ အမျိုးသမီးအခွင့်အရေးများ ရရှိနိုင်ရန်အတွက် ရည်ရွယ်၍ စတင်တည်ထောင်ခဲ့ခြင်း ဖြစ် သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Related Articles