Entries by Administrator

မိသားစုစားဝတ်နေရေးအတွက် အလုပ်ပိုလုပ်ရတဲ့ မြိုအမျိုးသမီး အိမ်ထောင်ဦးစီးတွေ

သန့်ရှင်းထွန်း (မောင်တော) ရခိုင်ပြည် နယ်စပ်ဒေသဖြစ်တဲ့ မောင်တောမြို့နယ် ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ မြိုတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့  နေထိုင်မှုပုံစံတွေနဲ့ လူမှုဘဝတွေကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။ ကျေးလက်ဒေတွေ၊ တိုင်းရင်းသားဒေသတွေမှာ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာဖွေရေးကို အမျိုးသားတွေက အဓိကဦးဆောင်ရှာဖွေကြလေ့ရှိပေမယ့် ရခိုင်ပြည်ထဲက မြိုမျိုးနွယ်စုတွေရဲ့ မိသားစု အများစုမှာတော့ ဝင်ငွေရှာဖွေတာ၊ စားသောက်ရေးအတွက် အလုပ်လုပ်တာတွေကို အမျိုးသမီးတွေကပဲ ဦးဆောင်လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ မြိုလူမျိုးစုတွေဟာ သူတိုရဲ့ အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ယာစိုက်ပျိုးတာကို အဓိလုပ်ကိုင် ကြပါတယ်။ တောင်ယာစိုက်ဖို့ ယာခုတ်ပေးတာကိုသာ အမျိုးသားတွေက လုပ်ပေးကြပြီး ကောက်ထိုး (ယာစပါး စိုက်တာ၊ ငရုတ်၊ပြောင်းစိုက်တာ) ချိန်ကစလို့ ယာသိမ်းချိန်ထိ စိုက်ပျိုးရေးလုပ်ငန်းရဲ့ တခြားလုပ်ငန်းတာဝန်တွေ အားလုံးကို အမျိုးသမီးတွေက ဦးဆောင်လုပ်ကိုင်ကြတယ်လို့ မောင်တောမြို့နယ်၊ […]

မိန်းမယူရင် စဥ်းစားဖို့လိုတယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီအပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ ဖြိုးကြီးနဲ့ အနဂ္ဂတို့ သီဆိုထားတဲ့ “မိန်းမယူရင် စဥ်းစားဖို့လိုတယ်” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ Review လုပ်ပေးသွားမှာဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုတွန်းအားပေးနေတဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေ

မြန်မာရုပ်ရှင်တွေမှာ များသောအားဖြင့် လိင်ပိုင်းဆိုင်ရာပြက်လုံးတွေပါဝင်တာ၊ အမျိုးသမီးတွေကို နောက် ပြောင်တာ၊ ထိကပါးရိကပါးပြောတာ၊ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကိုလိင်ပိုင်းဆိုင်ရာထိပါးတဲ့ အကြည့်နဲ့ ကြည့်တာ စတဲ့ ပြကွက်တွေပါဝင်ပါတယ်။

တုနှိုင်းမဲ့မိခင်မေတ္တာနှင့် အမျိုးသမီးများ၏ဖြစ်တည်မှုအပေါ် ဘယ်လိုဂုဏ်ပြုကြမလဲ

လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားသည့် မေတ္တာဘွဲ့များအောက်တွင် မိခင်ကောင်းဟူသည့် ပုံစံခွက်ဆုတံဆိပ် ရရန် အမျိုးသမီးများ ကြိုးစားရှင်သန်ကြရသည်။

မင်းပြားမြို့နယ် ဖားပြိုရွာက မုဒိမ်းကျင့် သတ်ဖြတ်ခံရမှု အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေနှင့် လူမှုရေးအဖွဲ့တွေက ကြေညာချက်ထုတ်တောင်းဆို

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ရခိုင်ပြည် မင်းပြားမြို့နယ် ဖားပြိုကျေးရွာက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုကို အကြီးမားဆုံးပြစ်ဒဏ်ချမှတ်ပေးဖို့ အမျိုးသမီးအဖွဲ့နှင့် လူမှုရေးအဖွဲ့တွေက ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်။

ကျားနှင့်မ စံနှုန်းပုံစံခွက်ထဲက ရဲရဲခွဲထွက်သူ ကိုတိုးခန့်

ကျွန်တော်ဆိုလည်း အခုမီးဖိုချောင်အလုပ်တွေကို လုပ်နေတာ ကိုယ်ဝါသနာပါရာကို လုပ်နေတာပဲပေါ့။ ကျွန်တော့် အမျိုးသမီးဆိုလည်း မီးဖိုချောင်အလုပ်တွေ၊ အိမ်အလုပ်တွေ၊ သိပ်ဝါသနာမပါဘူးဆိုတော့ သူက တခြားအလုပ်၊ သူလုပ်ချင်တာ လုပ်နိုင်တယ်။ သူ့ရဲ့ဝါသနာအတိုင်း သူပိုလုပ်နိုင်တယ်။