Home သတင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးထောင်ဒဏ် ၂နှစ်ချမှတ်ခံရ

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးထောင်ဒဏ် ၂နှစ်ချမှတ်ခံရ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၃ ရက်က စစ်တွေမြို့မှာ ဆန်ပြသနာနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့အတွက် ဖမ်းဆီးထားတဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စစ်ကောင်စီက ထောင်ဒဏ်၂ နှစ် ချမှတ်လိုက်ပါတယ်။

ဒေါ်ညိုအေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မနေ့က မတ်လ ၁၈ ရက်မှာ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

“ဥပဒေက သူတို့လက်ထဲမှာဆိုတော့ သူတို့လုပ်ချင်သလိုလုပ်လို့ရနေတာပဲ။ အဓိကကျန်းကျန်းမာမာရှိနေဖို့ အရေးကြီးဆုံးပါပဲ”လို့ ဒေါ်ညိုအေးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒေါ်ညိုအေးဟာ သွေးတိုးရောဂါနှင့် အသည်းအဆီဖုံးရောဂါကိုပါ ခံစားနေရပြီး ဆေးကိုမပြတ်တမ်းသောက်နေ ရသူတဦးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒေါ်ညိုအေးဟာ ရခိုင်ပြည်နယ်အတွင်းမှာ အမျိုးသမီးတွေနှင့် မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးနှင့် အကာ အကွယ်ရရှိဖို့ ဦးဆောင်လှုပ်ရှားနေသူတဦးလည်းဖြစ်ပါတယ်။

Author:

Related Articles