Home ဆောင်းပါးသတင်းဆောင်းပါး တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ

တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ

ထနောင်းမေ

စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေက စစ်တပ် အပြင် စစ်အာဏာရှင်ကိုတွန်းလှန်သူတွေကပါ ကျူးလွန်လာကြတာတွေရှိလာပါတယ်။

ဒီလိုကျူးလွန်မှုတွေကို ထုတ်ဖော်ပြောဆိုတဲ့အခါမှာလည်း တော်လှန်ရေးထိခိုက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျူးလွန်သူ တွေဟာ ပြစ်ဒဏ်ကင်းလွတ်နေတဲ့အခြေအနေတွေလည်းရှိနေပါသေးတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂက(BWU)က ဇွန်လလယ်မှာထုတ်ပြန်တဲ့”နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ အမျိုးသမီးများရင်ဆိုင်နေရ တဲ့လိင်အကြမ်းဖက်မှုများ” သုံးသပ်ချက်စာတမ်းမှာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၆မှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကာမလိမ်လည်မှု ၂၃ မှု စုစုပေါင်း ၅၉ မှု ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီ ၅၉ မှုမှာ စစ်တပ်ကကျူးလွန်မှုကိုးမှု၊ တော်လှန်ရေးတပ်ဖွဲ့များမှကျူးလွန်မှုလေးမှု၊အရပ်သား အချင်းချင်းကျူးလွန်မှု ၄၆  မှု ရှိတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့်တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်း သင့်လဲ ဆိုတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်ပယ်အသီးသီးက တော်လှန်ရေးတက်ကြွ လှုပ်ရှားသူအမျိုးသမီး အချို့ရဲ့အမြင် တွေကို HI က ဆက်သွယ်မေးမြန်းထားတာတွေထဲက ကောက်နူတ်ဖော်ပြပေးလိုက်ပါတယ်။  

ဒေါ်နှင်းနှင်းမွှေး (တွဲဘက်အထွေထွေအတွင်းရေးမှူး ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS )

စစ်အာဏာရှင်တွေနဲ့လက်ပါးစေတွေက အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ မုဒိန်းမှုတွေကို ၁၀ စုနှစ် ပေါင်းများစွာ ရည်ရွယ်ချက်ရှိရှိ အစီအစဉ်တကျ ကျူးလွန်ခဲ့ကြတယ်။ သူတို့ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုတွေကနေလည်း ပြစ်ဒဏ် ကင်းလွတ်ခွင့် တောက်လျှောက်ရနေခဲ့ကြတယ်။ တော်လှန်ရေးကာလအတွင်းမှာဖြစ်ဖြစ်၊ ဘယ်ကာလမှာပဲဖြစ်ဖြစ် အမျိုးသမီး တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို စစ်အာဏာရှင်တွေနဲ့လက်ပါးစေတွေဖြစ်စေ၊ စစ်အာဏာရှင်ကိုတွန်းလှန်နေ သူတွေကဖြစ်စေ ဘယ်သူကမှကျူးလွန်ခွင့်မရှိပါဘူး။ ကျူးလွန်ခဲ့ရင်လည်း ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးမှုကို လုပ်ဆောင်ရမှာ ဖြစ် ပါတယ်။

တော်လှန်ရေးကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ဖြစ်စဉ်တွေကျူးလွန်ခဲ့တယ်ဆိုရင် အချက်အလက်မှန်ကန်မှုရှိ၊ မရှိသေချာစုံစမ်းစစ်ဆေးဖို့လိုတယ်။ ကျူးလွန်တာမှန်ကန်တယ်ဆိုရင် ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့လိုပါတယ်။ နောက်ထပ်မဖြစ်ပွားအောင် ကာကွယ်တားဆီးတဲ့ အစီအစဉ်တွေလည်း ရှိဖို့အရေးကြီးပါတယ်။

အပေါ်မှာပြောခဲ့သလိုပဲဒီလိုကိစ္စရပ်မျိုးကို ဘယ်သူကမှကျူးလွန်ခွင့်မရှိပါဘူး။ ရှိခဲ့ရင်ကျူးလွန်ခဲ့တဲ့ ပြစ်မှုအလျောက် အရေး ယူအပြစ်ပေးရမှာဖြစ်ပါတယ်။ကျွန်မတို့က စစ်အာဏာရှင်တွေရဲ့လုပ်ရပ်တွေကို လက်မခံနိုင်လို့တော်လှန်နေကြတာ ဖြစ် တယ်။ ကိုယ်လက်မခံနိုင်လို့ တော်လှန်ပါတယ်ဆိုခါမှ အဲ့ဒီသူတွေနဲ့ အလားတူတဲ့လုပ်ရပ်မျိုးတွေ လုပ်တယ်ဆိုတာကို ဘယ်လို နည်းနဲ့မှ လက်သင့်ခံလို့မရပါဘူး။ ဒါကို ဖုံးထားဖိထားတယ်ဆိုတာကမှ တော်လှန်ရေးကိုထိခိုက်စေတာဖြစ်တယ်လို့ မြင်ပါ တယ်။

၂၀၂၁ ကစခဲ့တဲ့ နွေဦးတော်လှန်ရေးဟာစစ်အာဏာရှင်ကို တွန်းလှန်တာထက်ပိုတဲ့တော်လှန်ရေးဖြစ်တယ်။ အစိုးရအပြောင်း အလဲသာမက စနစ်အပြောင်းအလဲ၊ အတွေးအခေါ်အပြောင်းအလဲဆီကိုပါ ဦးတည်နေတဲ့ တော်လှန်ရေးဖြစ်တယ်။ ကျွန်မတို့ နိုင်ငံ လူဦးရေရဲ့ထက်ဝက်ကျော်ဟာအမျိုးသမီးတွေဖြစ်ပြီး ခေတ်အဆက်ဆက် တော်လှန်ရေးတွေမှာ အမျိုးသားများနည်းတူ ပါဝင်ခဲ့ကြသူတွေဖြစ်တယ်။

အမျိုးသမီးတွေရဲ့ပါဝင်မှုမရှိဘဲနဲ့ ဘယ်လိုကိစ္စမျိုးမှအောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုလေးစား ဂုဏ်ပြုရမယ့် အမျိုးသမီး တွေအပေါ်မှာဖိနှိပ်ပြီး ခွဲခြားဆက်ဆံတဲ့လုပ်ရပ်တွေ၊ အတွေးအခေါ်တွေကို ပြောင်းလဲကြဖို့ အချိန် တန်နေပါပြီ။ နောက်ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးကိုအမျိုးသမီးတွေကတောင်းဆိုနေရတာထက် အမျိုးသားတွေ ကိုယ်တိုင်က ဒါတွေဟာ အမျိုး သမီးတွေရဲ့ အခွင့်အရေးဖြစ်တယ်လို့သိနားလည်ကြဖို့လိုတယ်။ လေးစားလိုက်နာကြဖို့ အရေးကြီးတယ်။ ကာကွယ်စောင့် ရှောက်ပေးကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

ဂျူလီ (နှင်းဆီရောင်အမျိုးသမီးသမဂ္ဂ – ထားဝယ်)

အခုလက်ရှိ စစ်အာဏာသိမ်းမှုနှစ်နှစ်ကျော်ကာလအတွင်းမှာ တော်လှန်ရေးအင်အားစုတွေကနေပြီးတော့ အမျိုးသမီးတွေ အပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ အမြတ်ထုတ်တာတွေနဲ့ပတ်သက်ပြီး အများကြီးတွေလာရပါတယ်။ ဒါတွေက တော် လှန်ရေးအတွက် အဆိပ်အတောက်တွေလို့မြင်ပါတယ်။ တော်တော်လေးကိုဆိုးရွားတယ်လို့ပြောရပါမယ်။ တော်လှန်ရေးကို အသုံးချပြီး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာ မုဒိမ်းမှုကျူးလွန်တာတွေက ထုတ်ပြောတာတွေလည်း ရှိသလို ထုတ်မပြောကြတာတွေလည်းရှိတယ်ပေါ့နော်။

ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေ များလာတာကလည်း ထုတ်ဖော်မပြောကြတာ၊ မပြောဝံ့ကြတာ၊ ပြီးရင်ထုတ်ဖော် ပြော လာတဲ့အခါကျရင်လည်း ပတ်ဝန်းကျင်ကနေပြီးတော့ ကျူး လွန်သူရဲ့အပြစ်ကိုမဖော်ပဲ ကျူးလွန်ခံရတဲ့သူ နစ်နာသူကိုပဲ အပြစ်ပြောကြတာများပါတယ်။ ဒီလိုမျိုးကျူးလွန်တာတွေနဲ့ ပတ် သက်ပြီးတော့လည်းထိရောက်တဲ့ အရေးယူမှုတွေပြုလုပ်တာ မျိုးလည်း မတွေရတာကြောင့်လည်း ဒီလို case တွေ ပိုများလာရ တယ်လို့ မြင်ပါတယ်။

အခုလက်ရှိမြေပြင်မှာ ကျွန်မတို့ကြုံရကြားရတာတွေမှာ ကျွန်မတို့အမျိုးသမီးတွေသာမက LGBTတွေလည်း လိင်းပိုင်ဆိုင်ရာ အကြမ်းဖက်ခံရတာ အမြတ်ထုတ်ခံရတာတွေရှိပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့သူတွေကနေပြီး ပြည့်သူလူထုအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်နေကြတာတွေလည်း မျက်မြင်ပဲဖြစ်ပါတယ်။ ဆိုတော့ ဒီလိုမျိုးကျူးလွန်တာ တွေနဲ့ပတ်သက်ပြီး ကျူးလွန်းခံရတဲ့သူ စိတ်ကျေနပ်မှုရှိအောင် ခံရသူအတွက် တရားမျှတတယ်ဆိုတဲ့ ခံစားချက်မျိုးရ အောင်၊ ဒီလိုမျိုးcaseတွေနောက်ထပ်ကျူးလွန်တာမျိုး မရှိရအောင်ထိထိရောက်ရောက် အရေးယူမှုတွေ ပြုလုပ်ပေးသင့်တယ်လို့ မြင် ပါတယ်။

ကျွန်မတို့အမြဲ ပြန်ကြားနေရတဲ့အတိုင်းပါပဲ။ အခုချိန်မှာ ဥပဒေအရ အရေးယူဆောင်ရွက်ဖို့မလွယ်ဘူး။ ပြီးရင် ထောင်ချဖို့ ထောင်မရှိဘူး။ မှန်ပါတယ်။ ဒါပေမဲ့ဒီအကြောင်းပြချက်တွေနဲ့ပဲ့ ဒီလိုမျိုးကျူးလွန်ခံနေရမှာလားပေါ့။ ကျွန်မတို့ ပြောချင်တာက ကျွန်မတို့ ပြည်သူလူထုက လက်ခံထားတဲ့  NUG အစိုးရမှာ တရားရေးဌာနရှိတယ်လို့သိရပါတယ်။ ဒါဆိုရင် ဒီတရားရေးဌာနက သတ်မှတ်ထားတဲ့ ဥပဒေတွေမူဝါဒတွေရှိမှာပေါ့။ ဒီနည်းတွေအတိုင်း အရေးယူမှုတွေလုပ်ဖို့လိုတယ် မြင်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ ကျူးလွန်တာဖြစ်တော့ ကိုယ့်လူကိုယ့်ဘက်တော်သားဖြစ်နေလို့ဆိုပြီး လျစ်လျှူရှုထားလို့ မရ ပါဘူး။ ကျွန်မတို့အမြဲကြွေးကြော်နေတဲ့အတိုင်း ‘ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရ ‘ ပဲဖြစ်ရပါမယ်။ တစ်ချို့ကလည်း ပြောကြ တယ်ပေါ့နော်။ ဒီအဖွဲ့ကအဖွဲ့ဝင်တစ်ယောက် ကျူးလွန်လိုက်ရင် အဲဒီ့အဖွဲ့သိက္ခာကျတယ်ပေါ့။ ဒါကမဟုတ်ပါဘူး သစ်ပင် တစ်ပင်မှာ သစ်သီးတစ်လုံးပုပ်ရုံနဲ့ အပင်တစ်ပင်လုံး မပုပ်သွားပါဘူး။ အဲဒီပုပ်နေတဲ့အသီးကို ဖယ်ပစ်လိုက်ဖို့ပဲလိုပါတယ်။  တော်လှန်ရေးကို ထိခိုက်မှာစိုးလို့ နောက်မှဖြေရှင်းမယ်ဆိုတဲ့ document ထားထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မဖြေရှင်း ဘဲ ပျောက်နေတဲ့ case တွေမှအများကြီးပါ။ တော်လှန်ရေးက ဘယ်တော့ပြီးမလဲဆိုတာ ဘယ်သူမှမသိပါဘူး။ ဒါဆိုရင် ဒီ ကြားကာလမှာ ဒီလိုပဲနောက်မှဖြေရှင်းမယ်ဆိုပြီး ဘယ်လောက်ထပ်ပြီးကျူးလွန်ခံနေကြရမှာလဲ။ ကျွန်မအမြင်ကတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာတွေနဲ့ပတ်သက်ပြီး တုံ့ဆိုင်းအချိန်ဆွဲမနေပဲချက်ချင်း ထိထိရောက်ရောက် အရေးယူသင့်ပါ တယ်။

ကျွန်မတို့တောင်းဆိုနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ဆိုရင်လည်း  Gender Equality ကအရေးကြီး တယ်လို့ မြင်ပါတယ်။ အခုဆိုရင် စစ်အာဏာရှင်တော်လှန်ရေးမှာ ကျွန်မတို့အမျိုးသမီးတွေလည်း ရဲရဲရင့်ရင့်  ပါဝင်တော်လှန် နေကြပါတယ်။ နောက်တစ်ခုက ကျွန်မတို့လိင်ပိုင်းဆိုရာကျူးလွန်ခံရတဲ့အခါ ပတ်ဝန်းကျင်က ကျူးလွန်ခံရတဲ့သူတွေအပေါ် ကိုပဲ အပြစ်မြင်ကြတာတွေ့ရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဆို ”အနေထိုင်မှမတတ်တာ ၊ယောက်ျားလေးတွေနဲ့ ရောလွန်းတာကိုး၊ လုံလုံခြုံခြုံမှမဝတ်တာ ”အစသဖြင့် နစ်နာသူကအပြစ်ရှိပါတယ်ဆိုတဲ့ အသိမျိုး မှတ်ချက်မျိုးချပေးလိုက်ကြ တာပါပဲ။ ဒါကတော်တော်လေးဆိုးရွားပါတယ်။အဓိကကတော့ လူကြီးတွေရဲ့ရှေ့အယူအဆဓလေ့တွေ၊ ဖိုဝါဒကြိးစိုးနေတာ တွေကြောင့်သာ ဖြစ်ပါတယ်။ဒီလိုခံယူချက်တွေလည်းပြောင်းလဲဖို့လိုပါတယ်။ ကျွန်မတို့ အမျိုးသား၊အမျိုးသမီးတွေ အားလုံး ဟာ လူသားတွေဖြစ်တဲ့အတွက် လူ့အခွင့်အရေးအားလုံးကို တန်းတူရပိုင်ခွင့်ရှိပါတယ်။

မအေးမြင့်အောင်အောင် (အမျိုးသမီးမဟာမိတ်အင်အားစုအဖွဲ့ဝင်)

တော်လှန်ရေးကာလာမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ဖြစ်စဉ်တွေကအများကြီးရှိတယ်။ အဲ့ဖြစ်စဉ်တွေအပေါ်မှာ အရေးယူမှု တွေကလည်း အရမ်းအားနည်းတယ်။ အားနည်းတယ်ဆိုတာဘယ်လိုမျိုးလဲဆိုရင် အွန်လိုင်းမြေပြင်နှစ်ခုရှိတယ်။ အွန်လိုင်း ပေါ်မှာကျူးလွန်တဲ့အမှုတွေဆိုရင် ပိုပြီးတော့ဝေးတယ်။ ဘာလို့ဝေးလဲဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နွေဦးတော်လှန်ရေးဆရာ တော်က အမျိုးသမီးလေးဦးအပေါ်မှာ လိင်အမြတ်ထုတ်တဲ့ကိစ္စရပ်တွေရှိတယ်။ဒါတွေက သက်သေတွေကလည်း သိသာ ထင်ရှားရဲ့သားနဲ့ ဒီဟာတွေအပေါ်မှာထိရောက်တဲ့ အရေးယူမှုကခုထိမပြုလုပ်နိုင်သေးဘူး။ဒါက အွန်လိုင်းပဲရှိသေးတယ်။

မြေပြင်မှာတကယ်ကို ပဋိပက္ခဒေသတွေမှာ rape case တွေရှိတယ်။ Harassment လုပ်ခံရတဲ့ကိစ္စတွေရှိတယ်။ တကယ့်ကို ယန္တရားတွေပေါ့နော်။ အုပ်ချုပ်ရေး ယန္တရား၊ကာကွယ်ရေး ယန္တရားတွေ လုံခြုံရေးယန္တရားတွေကနေ ကျူးလွန်တဲ့သူတွေလည်း ရှိတယ်။ တချို့ကျလည်း တပ်ရင်းတပ်ဖွဲ့တွေက ကျူးလွန်တဲ့ကိစ္စတွေရှိတယ်။ပြည်သူကနေ ပြည်သူကိုကျူးလွန်တဲ့ ကိစ္စတွေ လည်းရှိတယ်။ အမှုတွေကအများကြီးပဲ၊ ဒီလိုများပြားလှတဲ့အမှုတွေပေါ်မှာ မြေပြင်ရဲ့တရားစီရင်ရေး ယန္တရားကအားနည်းတဲ့ အတွက်ကြောင့် ဒီဟာတွေအပေါ်မှာအရေးယူကိုင်တွယ်မှုတွေက အရမ်းကိုအားနည်းနေသေးတယ်။

ဒါကြောင့်ကျူးလွန်မှုတွေအပေါ်မှာအကြံပြုချင်တာကဘာလဲဆိုရင် မြေပြင်မှာထိရောက်တဲ့ တရားရေးယန္တရားတွေ အမြန်ဆုံး ပေါ်ပုံပေးဖို့ ဖွဲ့စည်းပေးဖို့ကအဓိကကျတဲ့အချက်လို့မြင်မိပါတယ်။ဘာလို့ဆို ဒီလိုမျိုးတရားရေး ယန္တရားကသာ ကောင်းကောင်း မဖွဲ့စည်းထားဘူး။ ဒီလိုမျိုးအရေးယူမှုတွေမလုပ်ထားဘူးဆိုရင် ဒီအပေါ်မှာအရေးယူမှုတစ်စုံတစ်ရာမရှိဘူးဆိုရင် သူတို့ လုပ် တာသည် မှန်တယ်ထင်ပြီးတော့ နောက်တစ်ကြိမ်ကျူးလွန်မှုတွေထပ်ပြီးပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကြား ကာလအစီအမံတွေ တရားမျှတရေးနဲ့ပတ်သက်တဲ့ အစီအမံတွေ တောက်လျှောက် ဒီဟာနဲ့ ပတ်သက်ပြီး တရားရေးဝန်ကြီး ဌာန အနေနဲ့အမြန်ဆုံးအရေးယူကိုင်တွယ်မှုတွေ အမြန်ဆုံးပြုလုပ်သင့်ပါတယ်လို့ မြင်မိ ပါတယ်။

ပြစ်မှုကပြစ်မှုပဲ crime ကို crime လို့ပဲမြင်စေချင်တယ်။ အဲ့ပြစ်မှုကိုကျူးလွန်တဲ့သူဟာ စစ်တပ်ကနေနေ ကိုယ့်ဘက်ကနေနေ ပြစ်မှုကပြစ်မှုပဲ မုဒိမ်းမှုက မုဒိမ်းမှုပဲ ဒီဟာနဲ့ပတ်သက်ပြီးပြစ်ဒဏ်ကျူးလွန်တဲ့ သူကသူကျူးလွန်တာနဲ့ ပတ်သက်ပြီးတော့ ပြစ်ဒဏ်ပေါ်မှာအရေးယူပိုင်ခွင့် ဒီဟာနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်အရေးယူခံပိုင်ခွင့်ရှိတယ်။ ကျူးလွန်ခံရတဲ့ အမျိုး သမီးအနေနဲ့လည်း ဒီအပေါ်မှာ တရားမျှတမှုရသင့်တယ်လို့မြင်မိတယ်။ ကျူးလွန်တဲ့သူက တော်လှန်ရေးထဲက ဖြစ်နေလို့ ဒါဟာ ပြစ်ဒဏ်ကင်းလွတ်သွားတယ်ဆိုတဲ့ အလေ့အကျင့်ကမရှိပါဘူး။ အဲ့လိုမျိုးအလေ့အကျင့်ကို အခုအချိန် တိုက်ထုတ်နေ တာဖြစ်တယ်။ အခုလက်ရှိမှာစစ်တပ်ကကျူးလွန်နေတဲ့ ပြစ်မှုတွေရှိတယ်။ လောလောဆယ်အရေးမယူနိုင်သေးဘူး။ ဒါပေမယ့် ကျွန်တော်တို့က လောလောဆယ်အရေးမယူနိုင်သေးဘူးဆိုပေမယ့် နောက်တစ်ချိန်မှာ သူတို့ကျူးလွန်တဲ့ကိစ္စတွေနဲ့ ပတ် သက်ပြီး အရေးယူနိုင်ဖို့ ကျွန်တော်တို့အများကြီးကြိုးစားရမှာဖြစ်တယ်။

လက်ရှိမှာမုဒိမ်းမှုတွေ လိင်ပိုင်းဆိုင်ရာအမှုတွေကိုကြည့်လိုက်မယ်ဆိုရင် ကျူးလွန်ခံရသူအများစုက မိန်းကလေးတွေ ဖြစ် တယ်။ ယောကျာ်းလေးတွေမရှိဘူးလားမဟုတ်ဘူးရှိတယ်။ ယောကျာ်းလေးတွေကျူးလွန်ခံရတဲ့အမှုတွေလည်း အညာမှာ ပဋိ ပက္ခဒေသတွေမှာရှိနေတာပဲ သူတို့လည်းရှိတယ်။ ဘာကြောင့်အမျိုးသမီးကိုပြောလဲဆိုရင် အမျိုးသမီးကျူးလွန်ခံရမှုက အများဆုံးမို့လို့ အမျိုးသမီးကိုပြောတယ်ပေါ့နော်။ ဒါကြောင့်ဒါနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာ အဖွဲ့အစည်းတို့နဲ့ ဒီအမျိုးသမီး တွေနဲ့ပတ်သက်ပြီး အခွင့်အရေးတွေကို ကာကွယ်ပေးဖို့အတွက် ကြားကာလအစီအမံတွေက လိုကိုလိုအပ်တယ်။ ဒါကြောင့် မြေပြင်မှာထိရောက်တဲ့ ယန္တရားတွေကို ဖွဲ့စည်းထားဖို့အတွက်က လိုကိုလိုအပ်ပါတယ်။ ကျွန်တော်တို့အမျိုးသမီး မဟာမိတ်အင်အားစုအနေနဲ့က ဒီလိုမျိုးဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပါဝင်ပေးဖို့အသင့်ပါပဲ။

ပြစ်ဒဏ် ကင်းလွတ်ခွင့် အလေ့အထကို အမြန်ဆုံးအားလုံးစုပေါင်းပြီးတိုက်ဖျက်ပေးဖို့လိုကိုလိုအပ်ပါတယ်။ ပိုဆိုးတာက တော် လှန်သူ အချင်းချင်း ဒီအလေ့အထတွေကပြန့်နှံ့နေတဲ့အပေါ်မှာ ကျွန်တော်တို့လည်းလုံးဝသဘောမကျဘူး။ ကျွန်တော်တို့ သက် ဆိုင်ရာ ဌာနအသီးသီး ယန္တရားအသီးသီးအဖွဲ့အစည်းအသီးသီးကနေ ပါဝင်ပူးပေါင်းပေးပြီးတော့ နစ်နာသူအမျိုးသမီးတွေ ဘက် က နေရပ်တည်ပေးဖို့အတွက် ဒီနေရာကနေ ဖြည့်စွက်ပြောချင်ပါတယ်။

စောဟန်နွေဦး (စာရေးဆရာမ)

အာဏာသိမ်းမှုနှစ်နှစ်ကျော်ကြာလာတာနဲ့ အမျှစစ်ကောင်စီဘက်မဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေဘက်ကရော အချင်း ချင်းအပေါ်မှာ လိင်ပိုင်းစိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာအပေါ်မှာ ထိခိုက်မှုတွေရှိတယ်။ ဒီဟာတွေကအထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပိုပြီးခံရတယ်။ ကျွန်မအမြဲပြောနေကြစကားရှိတယ်။ နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည် မငြိမ်မသက်ဖြစ်ပြီ ဆိုရင်အဓိကက အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေက အဓိကပြစ်မှတ်ထားခြင်းခံရတယ်။ အချင်းချင်းကြားထဲမှာလည်း ဒါမျိုး မလုပ်လောက်ဘူးလို့တော့မဟုတ်ဘူး။ အချင်းချင်းကြားထဲမှာလည်း ရှိနိုင်တယ်။ အဓိကကတော့ ကာကွယ်ပေးဖို့ ရပ် တည်ပေးဖို့ ကျွန်မတို့ပြည်သူလူထုကပိုပြီးလိုအပ်တယ်။ ပိုပြီးဒီထက် ဒီအရေးအရာတွေမှာ ပိုပြီးထိထိရောက်ရောက် လုပ် ဆောင်ပေးဖို့ ကိုင်တွယ်ပေးဖို့ ဖြေရှင်းပေးဖို့လိုအပ်တယ်။

ဒီလိုကိစ္စရပ်တွေကို မှတ်တမ်းတင်ခြင်းပေါ့။ အသွင်ပူးပြောင်းရေးဆိုင်ရာ တရားမျှတမှု၊ပြန်လည်ပြီးတော့ အဲ့ကာလကို ရောက် တဲ့အခါ ဒီမှတ်တမ်းတွေကတစ်ဆင့် ပြန်ကိုင်တွယ်ပြီးတော့မှ ဒီအရေးအခင်း ဒီကာလတွေမှာ ဒီလိုမျိုးအမှုတွေရှိခဲ့ပါတယ်။ အမျိုးသမီးနဲ့ကလေးငယ်တွေ လိင်ပိုင်စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုတွေအတွက် ကျွန်မတို့ ရွေးချယ်တင်မြောက် ထားတဲ့အစိုးရ၊ ကျွန်မတို့ရဲ့တရားစီရင်ရေးတွေကနေ ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီးတော့ တရားစီရင်မလဲဆိုတာ ကျွန်မ ကိုယ်တိုင်လည်း စိတ်ဝင်စားတယ်။ ဒီကာလမှာကဖြစ်ပျက်သွားတဲ့အရာတွေက အများကြီးရှိတာကို လူသိတဲ့အမှုတွေလည်း ရှိလာသလို လူမသိသူမသိဖြောင်သွားတဲ့ အမှုတွေလည်းအများကြီးတွေ့မြင်နေရတယ်။

တော်လှန်ရေးပြီးမှဒီကိစ္စကိုရှင်းမယ်။ တော်လှန်ရေးကိုနှောင့်နှေးကြန့်ကြာစေတယ်ဆိုတာ ကျွန်မတို့က စစ်အာဏာရှင် တစ်ခု ထဲကို တော်လှန်တာမဟုတ်ဘူး။ စစ်တပ်တစ်ခုထဲကိုပဲတိုက်ရေးခိုက်ရေးနဲ့ တော်လှန်တာမဟုတ်ဘူး။ အလွှာပေါင်းစုံ ကဏ္ဍ ပေါင်းစုံအသီးသီးကနေ မတရားတဲ့အာဏာရှင်စနစ်ကို တွန်းလှန်နေကြတဲ့အပြင် အရေးပေါင်းအများကြီးပေါ့နော်။ တရား မမျှတဘူးလို့ထင်တဲ့အရာတွေ အကုန်လုံးကို တော်လှန်ရေးအင်အားစုအသီးသီးက ဆိုင်ရာဆိုင်ရာနယ်ပယ်အသီးသီးကနေ ပါဝင်ပတ်သက်ပြီးတော့ တော်လှန်နေကြရတာဖြစ်တဲ့အတွက် ဒီလိုအရေးကိစ္စတွေကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တော်လှန် ရေးကိုနှောင့်နှေးကြန့်ကြာစေတယ်ဆိုတာမျိုးကတော့ အဲ့လိုသတ်မှတ်တာကဘယ်လိုမှအဆင်မပြေဘူး။

ကျွန်မတို့တော်လှန်ရေးရဲ့အနှစ်သာရ တော်လှန်ရေးဆိုတာပြန်သိဖို့လိုတာပေါ့။တော်လှန်ရေးမှာ အဓိကက လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့အညီ အဲ့ဒါတွေရရှိဖို့ အခွင့်အရေးတွေရရှိဖို့ တော်လှန်တာသည်လည်းတော်လှန်ရေးပဲ ဒီကာလမှာ အမျိုးသမီး တွေရဲ့အခွင့်အရေးကို ကာကွယ်ပေးဖို့လူတိုင်းမှာ တာဝန်ရှိတယ်။ အမျိုးသမီးအခွင့်အရေးကို အမျိုးသမီးပဲ လုပ်ရမယ်ဆိုတာ ကျန်ခဲ့ပါပြီ။ ကဏ္ဍပေါင်းစုံကနေ လှုပ်ရှားတော်လှန်တဲ့အခါမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့လည်း မေ့မထားဖို့ ဥပေက္ခာ မပြုဖို့ မေ့မထားဖို့ပိုပြီးအရေးကြီးတယ်။

နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည်မငြိမ်မသတ်ဖြစ်တဲ့အချိန်မှာ အထူးသဖြင့် ပြည်တွင်းစစ်အချိန်ကြာဖြစ်သွားတဲ့အချိန်မှာ အမျိုးသမီးတွေနဲ့ကလေးတွေပိုပြီး ပြစ်မှတ်ထားခံရတာသိတယ်ဆိုရင် ပြည်သူလူထုအနေနဲ့ဒီထက်ပိုပြီးရုန်းပေးဖို့ ဒီထက်ပိုပြီး ရပ်တည်ပေးဖို့လိုတယ်။ အဓိကက တစ်ခုဆိုးတာက victim blaming  ကျူးလွန်ခံရတဲ့သူကို အပြစ်တင်ကြတာ ကျွန်မတို့ နိုင်ငံမှာအဲ့လိုအတွေးအခေါ်ရှိတဲ့ သူတွေအရမ်းများတယ်။ ဒီဟာတွေ အပေါ် မှာ အရမ်းကြီးအပြစ်မတင်ဘဲနဲ့ ကျူးလွန် ခံရတဲ့ သူတွေကို အပြစ်မတင်ဘဲနဲ့ကျူးလွန်တဲ့သူတွေကို လူမဆန်တဲ့သူတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတရားစီရင်မလဲဆိုတာကို ရှေးရှုပြီးတော့ ဒီထက်ပို လက်တွဲညီညီတိုက်ထုတ်သွားဖို့လိုပါတယ်။

ကလေးသူငယ်နဲ့အမျိုးသမီးအခွင့်အရေးတွေအတွက်ပိုပြီးတော့ ဦးစားပေးပြီး လုပ်ဆောင်ပေးစေချင်ပါတယ်။ ကလေးသူငယ် တွေဆိုရင်လည်း အဓိကတော့အသိပညာပေးတဲ့အပိုင်းတွေအမျိုးသမီးတွေအတွက် ဆိုရင်လည်း အမျိုးသမီးတွေနဲ့ ပတ်သက် ပြီးတော့မှ သူတို့ရဲ့ကျန်းမာရေး သူတို့ရဲ့ဘဝ စိတ်ပိုင်းရုပ်ပိုင်း လိင်ပိုင်းဆိုင်ရာထိခိုက်စော်ကားမခံရအောင်ဘယ်လို ကာကွယ် မလဲ အဓိကတော့ မြန်မာပြည်လိုမျိုး အထူးသဖြင့် အာဆီယံဒေသတွေမှာက အရှက်အကြောက်ကြီးကြတယ်လေ။ ဆိုတော့ ဒီလိုမျိုးမရှက်သင့်တဲ့နေရာမှာရှက်နေတာမျိုးတွေက ဒီလိုမျိုးကျူးလွန်ခံရဖို့ကဖြစ်နိုင်ချေပိုများတယ်။ မြန်မာပြည်သူ အမျိုး သမီး ထုအနေနဲ့ ကလည်းဒီကိစ္စတွေအပေါ်မှာမရှက်မကြောက်ဘဲနဲ့ ထုတ်ဖော်ပြောဆိုသင့်တယ်။ ဒီထက်ပိုပြီး တစ်ယောက်စ နှစ်ယောက် စထုတ်ဖော်ပြောဆိုတာထက် အမျိုးသမီးအင်အားစု အမျိုးသမီးထုကြီးကရဲရဲရင့်ရင့်ရပ်တည်ပြီး လက်တွဲညီညီ ရင်ဆိုင်တွန်းလှန်တယ်ဆို လိုချင်တဲ့အဖြေတစ်ခုရလာမယ်ဆိုတာ ပြောချင်ပါတယ်။

Author:

Related Articles