Home ဓါတ်ပုံများ မုန်းဒေသက အခြေခံအမျိုးသမီးတွေနဲ့ ကွမ်းသီးခြစ်လုပ်ငန်း

မုန်းဒေသက အခြေခံအမျိုးသမီးတွေနဲ့ ကွမ်းသီးခြစ်လုပ်ငန်း

ကွမ်းသီးဥယျာဉ်ခြံ ကြားထဲက ရွာလမ်းတနေရာ
ကြွေကျသည့် ကွမ်းသီးများလိုက်ကောက်နေသည့် ရွာခံအမျိုးသမီးတဦး
ခြံပိုင်ရှင်တွေက အပင်ပေါ်ကအသီးတွေကိုပဲ အဓိကယူပြီး ကြွေကျတဲ့ ကွမ်းသီးတွေကိုတော့ ရွာခံတွေကို အခမဲ့ ကောက်ခွင့်ပေးထားပါတယ်။
အချို့အမျိုးသမီးတွေကတော့ တလကို (၂)သောင်းကျပ်နဲ့ ဥယျာဉ်ခြံစောင့်အလုပ်ကို လုပ်ကြပါတယ်။
ဇွန်လလောက်ကနေ ဒီဇင်ဘာလအထိက ကွမ်းသီးထွက်တဲ့ရာသီဖြစ်ပါတယ်။
ဒီလို အကြမ်းခွာထားတဲ့ ကွမ်းသီးကို တလုံး တကျပ်နှုန်းနဲ့ အချောသတ် ခြစ်ရပါတယ်။
ကွမ်းသီးရာသီမှာတော့ ရွာခံအမျိုးသမီးအားလုံးရဲ့ ပင်မ ၀င်ငွေရတဲ့အလုပ်က ကွမ်းသီးကောက် ကွမ်းသီးခြစ်လုပ်ငန်းဆိုရင် မမှားပါဘူး။
တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ခြေပြတ်ခဲ့ရသူ အမျိုးသမီးတွေအတွက်လည်း ကွမ်းသီးခြစ်တာက အဆင်ပြေဆုံး အလုပ်တခုဖြစ်ပါတယ်။
မီးဖိုချောင်သုံး လိုအပ်တာတွေအတွက် ခြစ်ပြီးသား (သို့) ကောက်ထားတဲ့ကွမ်းသီးတွေနဲ့ အခုချိန်ထိ လဲလှယ်ဝယ်ယူနေဆဲဖြစ်ပါတယ်။
ခြစ်ပြီးသားကွမ်းသီးတွေကို ရေစိမ်ပြီး ကွမ်းသီးအရောင်လှအောင် ထောင်းပြီးမှ နေလှန်းကြပါတယ်။
နေလှန်းထားသည့် ကွမ်းသီးများ
ဥယျာဉ်ပိုင်ရှင်တွေရဲ့ ကွမ်းသီးလှန်းစင်

မယ်လွန်း။      ။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ (မုန်းဒေသ) ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ မြန်မာ အစိုးရစစ်တပ်တို့ရဲ့ ထိန်းချုပ်မှုနယ်မြေထဲမှာရှိပြီး သေနတ်သံတွေ၊ မိုင်းသံတွေ၊ ရပ်စဲခဲ့တာ နှစ်အနည်းငယ် (နှစ်နှစ်ပတ်ဝန်း) ကျင်ပဲ ရှိပါသေးတယ်။

မုန်းဒေသမှာရှိတဲ့ ကျေးရွာတွေထဲကိုရောက်ရင် မျက်စိတဆုံး ဧကပေါင်းများစွာ ကျယ်ပြောလှတဲ့ ကွမ်းသီးခြံ (ဒေသအခေါ်ဥယျာဉ်ခြံ)တွေနဲ့ ကြည်နှူးစရာကောင်းလှပါတယ်။ ဥယျာဉ်ခြံပိုင်ရှင်အများစုကတော့ အခြားဒေသကလူတွေဖြစ်ကြပြီး လူနည်းစုသာ ရွာခံပိုင်ရှင်တွေဖြစ်ပါတယ်။ ဒေသခံအများစုဟာ အခြေခံလူတန်းစားတွေဖြစ်ကြပြီး ကွမ်းသီးခြံစောင့်အလုပ်၊ ကွမ်းသီးချိတ်တဲ့အလုပ်၊ ကွမ်းသီးကောက် အလုပ်၊ ကွမ်းသီးခြစ်တဲ့အလုပ်၊ ကွမ်းသီးထောင်းပြီးနေလှန်းတဲ့အလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုကြ ပါတယ်။ ကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအဆုံး အမျိုးသမီးတွေကတော့ ကွမ်းသီးကောက်၊ ဥယျာဉ် ခြံစောင့်အလုပ်၊ ကွမ်းသီးခြစ်တဲ့ အလုပ်တွေကိုလုပ်ပြီး နေ့တဓူ၀ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အတွက် ဖြေရှင်းကြပါတယ်။ ကွမ်းသီးခြစ်ရင်တော့ တလုံးကို တစ်ကျပ်ကနေ နှစ်ကျပ်နှုန်းအထိသာရှိပြီး ကျွမ်းကျင်သူတွေက အများဆုံး တရက်ကို ကျပ်(၃၀၀၀)အထိ လုပ်နိုင်ကြပြီး အများစုကတော့ (၁၀၀၀) ကျပ်ကနေ (၁၅၀၀)ကျပ်ကြားထဲမှာသာ ဝင်ငွေရကြပါတယ်။ ဒါကြောင့် ဒေသခံအမျိုးသမီးတွေရဲ့ စားဝတ် နေရေးက ခက်ခဲနေကြဆဲပြီး အရွယ်ရောက်သူအများစုမှာတော့ အခြားမြို့နယ်တွေနဲ့အိမ်နီးချင်းနိုင်ငံတွေမှာ သွား ရောက်အလုပ်လုပ်ကိုင်ကြရပါတယ်။

 

Related Articles