Home အယ်ဒီတာ့အာဘော်
Category:

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

  • စစ်ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်သည့် ယန္တရားများ တည်ဆောက်ရန် လိုအပ်နေပြီး နိုင်ငံရေး ဦးဆောင်အဖွဲ့များအနေဖြင့် တာဝန်ယူတာဝန်ခံမှုရှိပြီး တရားမျှတမှုရရှိစေမည့် လမ်းကြောင်းများကို မဖြစ်မနေ ဖော်ဆောင်ရန် လမ်းညွန်ရမည်ဖြစ်သည်။

  • ဒါကြောင့် မြန်မာနိုင်ငံမှာ အကြီးဆုံးပွဲတော်တစ်ခုဖြစ်တဲ့ အထင်ကရ သ​င်္ကြန်ပွဲတော်ကြီးကို လွမ်းဆွတ်နေသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ အချိန်အခါဖြစ်တဲ့အတွက် သင်္ကြန်ပွဲတော်ကို ထပ်မံလွမ်းရပါဦးမယ်။

  • ယနေ့မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်တွေကြောင့် ငြိမ်းချမ်းမှုပျက်စီးလာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်း ရေးဆိုတဲ့ အလင်းရောင်ကိုမြင်တွေ့ရဖို့ အာဏာရှင်တွေ၊ စစ်ပွဲတွေမရှိဖို့ အရေးကြီးလှပါတယ်။ စစ်အာဏာရှင်စနစ်အောက် မှာတော့ ဘယ်ငြိမ်းချမ်းရေးပန်း ရှင်သန်ပွင့်လန်းမှာ မဟုတ်ပါဘူး။

    ဒါကြောင့် နိုင်ငံတစ်ဝန်းမှာ စစ်အာဏာရှင်ကို ပြည်သူတွေက ဆန့်ကျင်တိုက်ထုတ်နေကြပါတယ်။ ထိုအထဲ အမျိုးသမီး သူရဲကောင်းများစွာလည်း ပါဝင်ခဲ့၊ ပါဝင်တိုက်ထုတ်နေကြဆဲပါ။ အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးအတွက်လည်း အစဉ် အဆက်ရှေ့တန်းမှာ ပါဝင်ခဲ့ကြသလို အာဏာရှင်တိုက်ပွဲမှာလည်း ကျရာကဏ္ဍကနေ ပါဝင်နေကြပါတယ်။

  • စစ်တပ်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်သူများတွင် မတရားမှုကိုလက်မခံနိုင်သည့် မျိုးဆက်သစ်လူငယ်များ ပါဝင်သလို၊ စစ်တပ်၏ ဆိုးမွေများကို မျက်မြင်ကိုယ်တွေ့ခံစားခဲ့ဖူးကြသည့် (၈၈) မျိုးဆက်များလည်း ပါဝင်ခဲ့ကြပါသည်။ အမျိုးသမီးများသည် ၈၈၈၈ တိုက်ပွဲတုန်းကလည်း စွမ်းစွမ်းတမာန်ပါဝင်ခဲ့ကြသလို ယခု ၂၀၂၁ တကျော့ပြန် တိုက်ပွဲတွင် လည်း အားမာန်မလျော့ဘဲပြန်လည်ပါဝင်လျှက်ရှိသည်။ တိုက်ပွဲဝင်အမျိုးသမီးများသည် နှစ် ၃၀ အပြီး တကျော့ပြန် တိုက်ပွဲ ဝင်နေကြသော်လည်း မမောနိုင်မပန်းနိုင်ကြရှာသေး၊ အာဏာရှင်ကို လုံးဝအမြစ်ဖြုတ် တော်လှန်ရမည်ဆိုသော စိတ်ဓါတ် များလည်း ပိုမိုခိုင်မာခဲ့ကြပြန်သည်။ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အားလုံးကဆန္ဒပြင်းပြနေဆဲပင်။

  • မိခင်တွေဟာ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ သူတို့ရဲ့သားသမီးတွေ ရဲဝံ့စွာပါဝင် လျှောက်လှမ်းနေတဲ့အပေါ် မှန်ကန် သင့်လျော်တာမို့ တစ်စက်မှမတားမြစ်ခဲ့ကြပါဘူး။ တိုက်ပွဲဝင်မယ့် သားသမီးတွေအတွက် တတ်နိုင်သမျှ ကူညီပေးရင်း နေအိမ်မှာကျန်ခဲ့တဲ့ မိခင်တွေဟာ သူတို့သားသမီးတွေ ဘေးမသီရန်မခဖို့ ဆုတောင်းရင်း အိမ်ပြန်လာမယ့် သားသမီးတွေ ကို ရင်ထဲက အပူမီးတွေနဲ့ စောင့်မျှော်နေခဲ့ကြတယ်။

  • တစ်နည်းပြောရလျှင် ၂၀၂၁ အစိုးရသစ်လက်ထက်တွင် အတည်ပြုနိုင်ဖွယ်ရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည့် အမျိုးသမီး များနှင့်သက်ဆိုင်သော ဥပဒေပြုရေးဆိုင်ရာကိစ္စနှင့် တရားမျှတရေးဆိုင်ရာကိစ္စရပ်များအားလုံး အိပ်မက်သဖွယ် ကွယ် ပျောက်ခဲ့ရခြင်းဖြစ်သည်။ နိုင်ငံရေးစင်မြင့်တွင်ပါဝင်မှုရရှိရေးအတွက် အားသွန်ခွန်စိုက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့ရသည့် အမျိုးသမီးများအနေဖြင့် လက်စွမ်းမပြရသေးမီ အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ရသည်။ ထိုမျှမကသေး အမျိုးသမီး လွတ်တော်ကိုယ်စားလှယ်များကို အချိန်မတော်ဝင်ရောက်ဖမ်းဆီးခဲ့ကြမှုများက အရုပ်ဆိုးအကျည်းတန် လွန်းလှသည့် အပြင် နောင်အနာဂတ်တွင် အမျိုးသမီးများ၏ နိုင်ငံရေးတွင်ပါဝင်ပတ်ခွင့် အခွင့်အလမ်းများနှင့် ပိုမိုဝေးကွာသွားစေသည် ဟုလည်း အမျိုးသမီးကိုယ်စားလှယ်အချို့က ထောက်ပြကြသည်။

  • ၂၀၂၀ ရွေးကောက်ပွဲကျင်းပမည့်ရက်လည်း တဖြည်းဖြည်းနဲ့နီးကပ်လာပြီဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ထူးခြားမှုအနေနဲ့ ဝင်ပြိုင်ကြမယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေထဲမှာ အောက်ခြေလူထုနဲ့ နီးနီး ကပ်ကပ် လှုပ်ရှားဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူ တိုင်းရင်းသူအမျိုးသမီး လူငယ်လူသစ်တွေ…

  • လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် နိုင်ငံတကာဥပဒေအရ သတ်မှတ်နိုင်သည်ဖြစ်စေ၊ မသတ်မှတ်နိုင်သည်ဖြစ်စေ၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့ သော အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့မှုများနှင့်အတူ ရိုဟင်ဂျာဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ၊ စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ဓများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူအမျိုးသမီးများ၏ တရားမျှတမှု ရရှိရေး၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဖော်ထုတ်နိုင်ရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

  • အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေး လိုအပ်ချက် များကြားတွင် နှစ်ဖက်စစ်ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်နေရုံဖြင့် ပြည်သူလူထုမှ လိုအပ်နေသော တရား မျှတမှုများ အလိုအလျောက်ရရှိလာမည် မဟုတ်ပေ။

  • အခုလို ဝန်ကြီးချုပ် တစ်ယောက်က ပြောလိုက်တဲ့အချိန်မှာ “အကြမ်းဖက်မှုကို အားပေးတယ်” ဆိုတာထက် ကျော်လွန်ပြီး စဉ်းစားစရာတွေ အများကြီးထွက်ပေါ်လာပါ တယ်။
    ဒီစကားရဲ့ နောက်ခံအယူအဆကို သေချာဆန်းစစ်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို အမျိုးသားတွေက ပိုင် ဆိုင်တယ်၊ မိန်းမတစ်ယောက်ဟာ ယောက်ျားရသွားမှ အဆင်ပြေမယ်၊ လုံခြုံမယ်ဆိုတဲ့ “ မိန်းမတွေကို အိမ်၊ ခြံ၊ ကားစတဲ့ ရုပ်ဝတ္ထုပစ္စည်းများကဲ့သို့” ပိုင်ဆိုင်မှု သတ်မှတ်ချက်ကို ထင်းထင်းကြီးတွေ့ရပါမယ်။

Newer Posts