Home ဆောင်းပါး တိုက်တန်းနစ်ပုစ္ဆာ

တိုက်တန်းနစ်ပုစ္ဆာ

စိုးရိမ်။ ။

(ချိုးလင်းပြာစာစောင်၊ အမှတ် ၆/၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ။ Volume (45) September 2007 မှပြန်လည် ဖော်ပြသည်။ )

တိုက်တန်းနစ် (၂) သင်္ဘောကြီးပေါ်တွင် သင်ရှိနေသည်ဆိုပါတော့။ တိုက်တန်းနစ် (၁) အတိုင်းပင်။ ယခု သင်စီးလာသော (၂) သည်လည်း ရေခဲတုံးကြီးကို တိုက်မိကာ နစ်လျက်ရှိနေပြီ။ ယခင်အတိုင်းပင် ယခုအကြိမ် တွင်လည်း အသက်ကယ်လှေက လုံလောက်အောင် မပါပါ။ ကပ္ပတိန်က အသံအောင်အောင်ဖြင့် အော်လိုက် သည်။ ‘အမျိုးသမီးတွေနဲ့ ကလေးတွေကို ဦးစားပေးကြပါ’။ ဤတွင် ကန့်ကွက်သံတချက် လျှံကျလာသည်။ ‘ဘာ ကြောင့် အမျိုးသမီးတွေကို ဦးစားပေးရမှာလဲ’။

သိကြသည့်အတိုင်း တိုက်တန်းနစ်ရုပ်ရှင်မှာ ကြီးကျယ်ခမ်းနားသည်နှင့်အမျှ အောင်မြင်လှပါသည်။ စင်စစ် ဤရုပ်ရှင်ကားကြီး၏ ဆွဲဆောင်မှုမှာ သူ့ခေတ်၏ဝတ်စုံများကို ပြန်လည်ဖော်ထုတ်နိုင်သောကြောင့် ဖြစ် နိုင်သည်။ သူ့ခေတ်၏အသုံးအဖြုန်းကြီးပုံကို ထင်ဟပ်နိုင်သောကြောင့်လည်း ဖြစ်နိုင်သည်။ သူ့ခေတ်၏ အတန်း အစားခွဲခြားကျင့်သုံးပုံကို ပေါ်လွင်စေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုမျှမက ခေတ်တိုင်းအတွက် မရိုးနိုင် သော၊ အစဉ်…ဆင့်ကဲဖြစ်စဉ်ကို သက်ဝင်ယုံကြည်သော စိတ်တ္တဗေဒပညာရှင်များကမူ အမျိုးသမီးများကို အသက်ကယ်လှေပေးတင်လိုက်ဖို့ ထောက်ခံကြပါလိမ့်မယ်။ သူတို့၏အလိုအရ ဤကိစ္စမှာ လူသားမျိုးအဓွန့်ရှည် ပွားစီးနိုင်ရေးအတွက် မလွှဲမသွေဆောင်ရွက်ရမည့် သဘာဝပေးတာဝန်ဖြစ်သည်။ အမျိုးသမီးများမရှိဘဲ လူသား အသစ်ဖြစ်လာနိုင်စရာမရှိပါ။

‘အလာ’ စကားတခွန်းကိုလည်း ခေတ်ပရိသတ်က လက်ခံကြဟန်တူပါသည်။ ‘အမျိုးသမီးတွေနဲ့ ကလေး တွေကို ဦးစားပေးကြပါ’ ဆိုသောစကား။

ဤနေရာတွင် စဉ်းစားစရာတခု ပေါ်လာပါသည်။ အမျိုးသမီးများနှင့် ကလေးများကို တသရောတည်း သုံးလိုက်ခြင်းမှာ ခေတ်နှင့် အံဝင်ခွင်ကျဖြစ်မှဖြစ်ပါမည်လော။ ကိုယ့်လိပ်ပြာကိုယ်သန့်သော မည်သူမဆို အမျိုး သမီးများအပေါ် ဦးစားမပေးနိုင်စရာမရှိပါ။ ဤစကားမှာ ခြွင်းချက်မရှိဟူ၍တော့ ဆိုနိုင်လိမ့်မည်မဟုတ်။ ဣတ္ထယဝါဒီများမှာ ခြွင်းချက်ဖြစ်နိုင်သည်။ လက်တွေ့တွင် ၁၉၁၂ ခုနှစ်က အသုံးအနှုန်းများမှာ ယခုထိ ဘာမှ မပြောင်းသေးဟု ဆိုရပါလိမ့်မည်။ နီးရာသတင်းစာထဲမှ ကြုံသလိုဆွဲထုတ်လိုက်သော ဥပမာ အချို့ကို ဖတ်ကြည့် လိုက်လျှင် ဤအချက်ကို အလွယ်နှင့် သဘောတူစရာရှိပါသည်။ ဖတ်ကြည့်….။

မက္ကစီကို – လက်နက်ကိုင်များက အင်ဒီးယန်းများကို ပစ်ခတ်သွားရာ၊ အများစုမှာ အမျိုးသမီးနှင့် ကလေးများဟု သတင်းရရှိကြောင်း….။

ဘရန်ဒီ – အရပ်သား ၂၀၀ မျှသေဆုံးသွားသည်ဆိုကြောင်း၊ အများစုမှာ အမျိုးသမီးနှင့် ကလေးများဟု သိရကြောင်း…။

ခရုတ်တီးယား – ‘အာမစ်စီ’ သတ်ဖြတ်မှုကြီးတွင် မွတ်ဆလင် ၁၀၃ ဦး သေဆုံးသွားကြောင်း။ အဆိုပါ သေဆုံးသူများထဲတွင် အမျိုးသမီး ၃၃ ဦး နှင့် ကလေးများပါဝင်သည်ဟု ဆိုကြောင်း….။

အမျိုးသမီးများကိုယ်တိုင် တိုက်လေယာဉ်မောင်းနေကြသော ယခုခေတ်ကြီးမျိုးတွင်၊ အမျိုးသမီးများနှင့် ကလေးများကို တအုပ်စုတည်းထားခြင်းမှာ အပြင်းအထန် မငြင်းသော်မှ ပြုံးချင်စရာတော့ ဖြစ်နေပါလိမ့်မည်။ သွေးချောင်းစီးချိန်လို သေရေးရှင်ရေးအခါမျိုးတွင် အမျိုးသမီးများမှာ ကလေးတွေနှင့် ဘာမှမခြားတော့ဟု တွေး ရမလို ရှိနေပါသည်။

ကလေးများနှင့်ပတ်သက်လျှင်မူ အထူးအခွင့်အရေးပေးရမည့် လူမှုအုပ်စုအဖြစ် ခြွင်းချက်မရှိ သဘော ညီကြပြီးဖြစ်ပါသည်။ သူတို့လေးတွေမှာ အကူအညီ ကင်းမဲ့သူများဖြစ်သလို။ အပြစ်ကင်းစင်သူများလည်း ဖြစ် ကြပါသည်။ သူတို့တွင် ဆင်ခြင်နိုင်စွမ်းရော၊ အတွေ့အကြုံပါ မပြည့်စုံကြသေးပါ။ သူ့အတွက် မိမိကိုယ်ကို ကာ ကွယ်နိုင်စွမ်းမရှိနိုင်ပါ။ သူတို့၏ အသက်ရှင်သန်နိုင်စွမ်းမှာ လူကြီးများ၏အကူအညီနှင့် ကင်းနိုင်သေးသည် မဟုတ်ပါ။ သူတို့ကို ဦးစားပေး ကာကွယ်စောင့်ရှောက်ရန်မှာ လူကြီးများး၏တာဝန်ဝတ္တရားဟု အပြည့်အဝဆို နိုင်စရာရှိပါသည်။

သို့နှင့်တိုင် အမျိုးသမီးသများနှင့် ပတ်သက်လျှင်မူ အသက် ၅ နှစ်မျှမပြည့်သေးသော ကလေးများနှင့် တန်းတူသဘောထားဖို့ အတော်ခက်ပါလိမ့်မည်။ အမျိုးသမီးထုကိုယ်တိုင်ကပင် ‘တို့ခမျာ သနားစရာ’ ဟုကိုယ့် ကိုယ်ကို ယူဆချင်ကြမည်မဟုတ်ပါ။ ယောက်ျားများသာလျှင် မဲပေးခွင့်ရှိသော ခေတ်ကဆိုလျှင်တော့ တမျိုးဖြစ် ချင်ဖြစ်ပါလိမ့်မည်။ ဥပမာ- ၁၉၁၂ ခုနှစ်လောက်ကဆိုလျှင် အမျိုးသမီးများကို ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် တသဘောတည်းထားခဲ့ဖူးသည်။ ဤကဲ့သို့သော ကာလမျိုးတွင် ဘတ်စ်ကားစီးသည့်အခါတိုင်း အမျိုးသမီးများ ကို နေရာဖယ်ပေးရသည့်ဓလေ့ရှိသည်။ စင်စစ်ဤသည်မှာလည်း အမျိုးသမီးများအပေါ် ဥပဒေအရ ကန့်သတ် ချက်ချုပ်ချယ်ထားသည့်အတွက် ဖြည့်ဆည်းနှစ်သိမ့်ပေးသည့် သဘောမျိုး ဖြစ်နိုင်စရာ ရှိပါသည်။

ယခုခေတ်မှာ ပညာရေး၊ အလုပ်အကိုင်ရရှိရေး အစိုးရအဖွဲ့နှင့် အားကစားတွေပါ အမျိုးသမီးများ အတွက် နိုင်ငံရေးအခွင့်အရေး အပြည့်အဝရနေပြီးဖြစ်သော ခေတ်မျိုးဖြစ်သည်။ ဤကဲ့သို့သော ခေတ်ကြီးမျိုး တွင် အမျိုးသမီးများကို ကလေးငယ်များနှင့်အတူတူစဉ်းစားဖို့ သင့်မသင့်၊ အခွင့်ထူးခံဖြစ်သင့်၊ မဖြစ်သင့် မေးခွန်းထုတ်စရာများ ရှိနိုင်ပါသည်။

အထူးသဖြင့် ယောက်ျား၊ မိန်းမ တန်းတူညီမျှရေးကို အမျိုးသမီးထုကိုယ်တိုင်က ယုံယုံကြည်ကြည် ကြွေးကြော်နေချိန်မျိုးတွင် ပို၍ပင် စောဒကတက်စချင့်ဖွယ် ဖြစ်လိမ့်မည်ထင်သည်။ ဆင့်ကဲဖြစ်စဉ်ကို သက်ဝင် ယုံကြည်သော စိတ္တဗေဒပညာရှင်များကမူ အမျိုးသမီးများကို အသက်ကယ်လှေပေါ်တင်လိုက်ဖို့ ထောက်ခံကြ ပါလိမ့်မယ်။ သူတို့၏အလိုအရ ဤကိစ္စမှာ လူသားမျိုးအဓွန့်ရှည်ပွားစီးနိုင်ရေးအတွက် မလွှဲမသွေဆောင်ရွက်ရ မည့် သဘာဝပေးတာဝန်ဖြစ်သည်။ အမျိုးသမီးများမရှိဘဲ လူသားအသစ် ဖြစ်လာနိုင်စရာမရှိပါ။ ရွာတရွာတွင် မိန်းမများအသက်ရှင်ကျန်ရစ်လျှင် ယော်ကျားတဦးတလေမျှ ရှိရုံနှင့် လူဦးရေတိုးပွားနိုင်ပါသည်။ ယောက်ျားများ သာရှိပြီး မိန်းမတယောက်၊ နှစ်ယောက်မျှသာရှိလျှင်တော့ ဤအတိုင်းဖြစ်ဖို့မလွယ်လှပါ။ ဇီဝဗေဒဘာသာစကား နှင့် ပြောကြစတမ်းဆိုလျှင် မိန်းမက ယောက်ျားထက် အဖိုးတန်ပါသည်။ ဇီဝနှင့် ရုက္ခအသွင်ကွဲစနစ်ကို ထိန်း သိမ်းနိုင်ရန်အတွက် ရှားပါးမျိုးစေ့များကို အထူးမွေးမြူထားရသလို အမျိုးသမီးများကိုလည်း ကာကွယ်စောင့် ရှောက်သင့်ပါသည်။

ဤသည်တွင် ဆင့်ကဲဖြစ်စဉ်၏ အလိုကျဟု ဆိုနိုင်ပါသည်။

ခက်နေသည်က ဤစဉ်းစားနည်းကို အမျိုးသမီးများကိုယ်တိုင်ကျွဲမြီးတိုချစ်စရာကောင်းနိုင်သည့် ကိစ္စဖြစ်ပါသည်။ ကြက်မရှိမှ ကြက်ဥရမယ်ဆိုသော ပြက်လုံးဟောင်းကြီးလို ဖြစ်နေရာ လူ (အထူးသဖြင့်မိန်းမ) နှင့် တိရစ္ဆာန်ကို မျဉ်းပြိုင်ဆွဲသလို ဖြစ်နေပါလိမ့်မည်။ လူသည် တိရိစ္ဆာန်မဟုတ်ပါ။ ပြောရလျှင် အလယ်ခေတ် မဟာဖိုဝါဒမှာလည်း မျက်နှာဖုံးစွပ်ထားသည့်တိုင် သိပ်မထူးလှပါ။ မိန်းမကို ကလေးထုတ်လုပ်သည့် ကိရိယာ အဖြစ်သာ သဘောထားတတ်ကြပါသည်။ ဤအယူအဆမျိုးကို ဣတ္ထိယဝါဒနှင့် ယဉ်ပါးပြီး အမျိုးသမီးတိုင်းက ဆတ်ဆတ်ခါ နာကြပါလိမ့်မည်။

ဆင့်ကဲဖြစ်စဉ် အလိုအတိုင်းဆိုလျှင် ဘာ့ကြောင့် ‘အမျိုးသမီးများနှင့် ကလေးတွေ’ ဟု ပြောနေမည် နည်း။ ‘ကလေးများအတွက် အမျိုးသမီး’ဟု ဗြောင်ပြောလိုက်ဖို့ ကောင်းပါသည်။ ‘မာတာပီတု’ ဆိုသော်လည်း မာတာက ပီတုထက် အရေးကြီးသည်မဟုတ်လော။ ကလေးမွေးရုံမျှမက နို့ချိုတိုက်ဖို့၊ ပုခက်လွှဲဖို့၊ ရင်အုပ်မကွာ စောင့်ရှောက်ဖို့ မိခင်များ အမှန်ပင်လိုပါသည်။ ကလေးများမှာ ပထမဦးစားပေး သင်ဘာလုပ်မည်နည်း။ သတ္တိ ရှိသော ယောက်ျားတိုင်းက အမျိုးသမီးတွေကို လှေပေါ်တက်ဖို့ တိုက်တွန်းကြပါလိမ့်မည်။ ကိုယ့်ကိုယ်ကို လေး စားသော အမျိုးသမီးတိုင်းကလည်း ငြင်းကြပါလိမ့်မည်။ သို့ဖြင့်လှေပေါ် ဘယ်သူမှ မတက်ဘဲ ရှိနေမည်။

စစ်တုရင်ကစားနှင့် ဆိုလျှင် ‘အပ်ကွက်’ ဆိုပါစို့။ ဒီဇာတ်လမ်းဘယ်လို အဆုံးသတ်ကြမည်နည်း။ သင်္ဘောနစ်နေပြီး။ မြန်မြန်ဆုံးဖြတ်ပါ။

ပေးဖြစ်လျှင် အမျိုးသမီးများမှာ ဒုတိယ ဦးစားပေးဖြစ်သင့်ပါသည်။ ကလေးများအတွက် မိခင်များ လို အပ်၍ဖြစ်ပါသည်။

ယခုသင်သည် တိုက်တန်းနစ် (၃) နှင့် ခရီးသွားနေသည် ဆိုပါစို့။ (၁) နှင့် (၂) အတိုင်း တသဝေမတိမ်း ဖြစ်နေပြီးဟုလည်း ယူဆလိုက်ပါစို့။ ရေခဲတုံးဝင်တိုက်။ သင်္ဘောနစ်၊ အသက်ကယ်လှေမလောက်။ တခုတော့ ကွာသည်။ ကလေးတယောက်မှ မပါ။ ကလေးအမေလည်း တယောက်မှမပါ။ ကလေးအဖေလည်း တယောက် မှမပါ… သင်ဘာလုပ်မည်နည်း။ သတ္တိရှိသော ယောက်ျားတိုင်းက အမျိုးသမီးတွေကို လှေပေးတက်ဖို့ တိုက်တွန်း ကြပါလိမ့်မည်။ ကိုယ့်ကိုယ်ကို လေးစားသော အမျိုးသမီးတိုင်းကလည်း ငြင်းကြပါလိမ့်မည်။ သို့ဖြင့်လှေပေါ် ဘယ်သူမှမတက်ဘဲရှိနေမည်။ စစ်တုရင်စကားနှင့်ဆိုလျှင် ‘အပ်ကွက်’ ဆိုပါစို့။

ဒီဇာတ်လမ်းဘယ်လိုအဆုံးသတ်ကြမည်နည်း။ သင်္ဘောနစ်နေပြီ။ မြန်မြန်ဆုံးဖြတ်ပါ။

စာညွန်း- The Titanic Riddle (Charles Krauthammer) (စံပယ်ဖြူ မဂ္ဂဇင်းအမှတ် (၂) ဧပြီ၊ ၂၀၀၇ ခုနှစ်ထုတ်မှ ပြန်လည် ဖော်ပြထားပါသည်။ )

Author:

Related Articles