Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မတ်လ ၁၈ ရက်မှ ၂၄ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အိမ် လေလံဆွဲသူမရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းဆုကြည်ရဲ့ နေအိမ်ကိုမတ်လ ၂၀ ရက်နေ့ကလေလံတင်ရောင်းချ ခဲ့ပေမယ့်လေလံဆွဲသူ မရှိတဲ့အတွက်လေလံပွဲ မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။

လေလံကြမ်းခင်းဈေးကို မြန်မာကျပ်ငွေ ၃၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၀ ဝန်းကျင်) နဲ့ လေလံပွဲကို စခဲ့ပေမဲ့ လေလံဆွဲမယ့်သူမရှိတဲ့အတွက် လေလံပွဲမအောင်မြင်ခဲ့ဘူးလို့သိရပါတယ်။

လေလံဆွဲဝယ်မယ့်သူမရှိတဲ့အတွက် အခုတကြိမ် ကျင်းပတဲ့ လေလံပွဲ ပြီးဆုံးခဲ့ပြီး နောက်ထပ်လေလံပွဲကို ထပ် လုပ်သွားမယ်လို့ ပြောပေမဲ့ ဘယ်နေ့မှာ ထပ်လုပ်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ခြံအမှတ် ၅၄ ခြံထဲမှာရှိတဲ့ အဆောက်အအုံတွေကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် မည်သူတဦးတယောက်မှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

Source – VOA

လူမှုအသိုင်းအဝန်းဆိုင်ရာကူညီပေးမှုထူးချွန်ဆုကို ကရင်သရုပ်ဆောင် လားစေးဖောရရှိ

ကရင်သရုပ်ဆောင် လားစေးဖောဟာ Asia Top Awardsပွဲမှာ Excellent in helping society  “လူမှုအသိုင်းအဝန်းဆိုင်ရာကူညီပေးမှု ထူးချွန်ဆု”ရရှိခဲ့ပါတယ်။

လားစေးဖောဟာ ထိုင်းနိုင်ငံရှိ မရှိဆင်းရဲသားတွေ၊ နယ်စပ်စစ်ဘေးရှောင်တွေ၊ သက်ကြီးရွယ်အိုတွေကို ကူညီပေး တဲ့ အတွက်ကြောင့် Excellent in helping society  “လူမှုအသိုင်းအဝန်းဆိုင်ရာကူညီပေးမှု ထူးချွန်ဆု” ပေးအပ်ခံ ခဲ့ရတာဖြစ်ပါတယ်။

လားစေးဖောဟာ ထိုင်းနိုင်ငံ၊ မယ့်အိုဆိုမှာ မွေးဖွားခဲ့ပြီး အသက် ၇ နှစ်ကနေ ၁၄ နှစ်အထိ ထိုင်းနိုင်ငံ၊ မယ်လဒုက္ခ သည်စခန်းမှာနေထိုင်ကြီးပြင်းခဲ့သူဖြစ်ပါတယ်။

Source – သံလွင်ခက်

မြန်မာအမျိုးသမီးတွေ လုံခြုံမှုမရှိကြောင်း အမျိုးသမီးအဖွဲ့တွေ ကုလကို တင်ပြ

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကအမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ လုံခြုံမှုမရှိတဲ့ အခြေ အနေ တွေကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ (၆၈)ကြိမ်မြောက် အမျိုးသမီးတွေရဲ့အခြေအနေဆိုင်ရာကုလသမဂ္ဂကော်မရှင်အစည်းအဝေးမှာမြန်မာအမျိုးသမီးအဖွဲ့တွေကတင် ပြဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ အမျိုးသမီးတွေရဲ့လုံခြုံရေးနဲ့ ဆင်းရဲမွဲတေမှုတွေအကြောင်းအပါအဝင် စစ်မှုထမ်း ဥပဒေ တွေအကြောင်းဆွေးနွေးတင်ပြခဲ့တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူ မမေစပယ်ဖြူကပြောပါတယ်။

မြန်မာအမျိုးသမီးအဖွဲ့အစည်းတွေ မြေပြင်မှာ ကောက်ယူထားတဲ့ အချက်အလက်တွေနဲ့ လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေတွေကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ သိရှိပြီး အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Source – RFA Burmese

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးသမီးတွေအတွက် လူ့အခွင့်အရေး၊ တန်းတူရေး၊ တရားမျှတရေးတွေအတွက် ဦးဆောင်ဦးရွက်နေသူတစ်ဦးဖြစ်တဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ် ၁၃ ရက်က ပြုလုပ်တဲ့ စစ်တွေ ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ဖြစ်မြောက် ရေးအတွက် အားပေးကူညီရာရောက်တယ်ဆိုပြီး ဒေါ်ညိုအေးကို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်ညိုအေးမှာ သွေးတိုးရောဂါအပြင် အသည်းအဆီဖုံးရောဂါ ဖြစ်ပွားနေပြီး ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံတက်ကာ ဆေးကုသခွင့်ရဖို့ မိသားစုတွေက လိုလားနေကြပါတယ်။

Source – Dvb

ရခိုင်စစ်ဘေးရှောင်အမျိုးသမီးများ လစဥ်သုံးပစ္စည်း ပြတ်လပ်မှုကြောင့် အခက်တွေ့

ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ကစစ်ဘေးရှောင်အမျိုးသမီးတွေဟာ လစဉ်သုံးပစ္စည်းပြတ်လပ်တာ၊ဈေးကွက်ထဲမှာဝယ်ယူလို့မရတာတွေကြောင့်ကျန်းမာရေး အဆင်မပြေတာတွေ အပြင် တခြားအခက်အခဲတွေနဲ့ပါကြုံနေရတယ်လို့စစ်ဘေးရှောင်အမျိုးသမီးတွေကပြောပါတယ်။

တိုက်ပွဲကာလ ငါးလနီးပါး ကြာမြင့်လာတာနဲ့အမျှ အရင်းအမြစ် နည်းပါးမှုတွေနဲ့ ကြုံတွေ့နေရပြီး စျေးကွက်ထဲမှာ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ လုံးဝ ဝယ်ယူလို့မရနိုင်တော့ဘူးလို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ် ကိုင်နေသူတဦးက ပြောပါတယ်။

လက်ရှိမှာ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ မလုံလောက်မှုတွေအပြင် စျေးကွက်ထဲမှာ ဝယ်ယူလို့ မရတာ တွေကြောင့်စစ်ဘေးရှောင်အမျိုးသမီးတွေဟာအဝတ်စကိုချုပ်ပြီးတော့လစဥ်သုံးပစ္စည်းအဖြစ်နဲ့သုံးနေ ရတယ် လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိ စစ်ပွဲတွေကြောင့် စုစုပေါင်း စစ်ဘေးရှောင်သူ ၄၀၀,၀၀၀ နီးပါး ရှိပြီးတော့ ဒီအထဲက ထက်ဝက်ကျော်လောက်ဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။

Source – Dvb

တွန်းဇံမြို့က CDM ကျောင်းဆရာမနဲ့ ဖခင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

ချင်းပြည်နယ်၊ တွန်းဇံမြို့ အာဏာဖီဆန်‌ရေးလှုပ်ရှားမှုမှာပါ၀င်နေတဲ့ CDM ကျောင်းဆရာမ တစ်ဦးကို စစ် ကောင် စီက မတ်လ ၁၃ ရက်နေ့မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သလို သူ့ရဲ့ ဖခင်ကိုလည်း ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့တယ်လို့ တွန်းဇံမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူဟာ အသက် ၂၃ နှစ်အရွယ် မူလတန်းပြဆရာမ မဝုန်ဟွဲကိမ် ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေအိမ်မှာ ဖခင်ဖြစ်သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါ  တယ်။

ထောင်ဒဏ်တစ်သက်ချမှတ်ခံရတဲ့ ဆရာမ မဝုန်ဟွဲကိမ်ဟာ စစ်တပ် အာဏာသိမ်းစအချိန်ကတည်းက အာဏာဖီ ဆန်‌ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေတာလို့ ဆိုပါတယ်။

Source – RFA

မကွေးမြို့ စစစ ဦးစီးမှူး၏ ဇနီးကို ဒေသခံကာကွယ်ရေးအဖွဲ့များ ဖမ်းဆီး

မကွေးမြို့ အထူးစုံစမ်းစစ်ဆေးရေး(စစစ)ဦးစီးမှူး ဦးရဲထွန်းရဲ့ဇနီးကို ဂန့်ဂေါမြို့နယ်ဒေသခံ ကာကွယ်ရေး အဖွဲ့ တွေဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

ဦးရဲထွန်းရဲ့ဇနီးဖြစ်သူကိုစစ်ကောင်စီနဲ့ပတ်သက်သူဖြစ်လို့ဖမ်းဆီးထားပြီးလုံခြုံတဲ့နေရာမှာထိန်းသိမ်း ထား တယ် လို့ ဂန့်ဂေါမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္စျိမအားပြောသည်။

ဦးရဲထွန်း၏ ဇနီးဖြစ်သူဟာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ခေတ္တနေထိုင်ရာ ဂန့်ဂေါမြို့မှ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိဇာတိရွာကို အလည်လာရောက်စဉ် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဂန့်ဂေါဒေသခံထံကသိရပါတယ်။

Source – Mizzima

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဒေသခံအမျိုးသမီးသေဆုံး

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ဝက်လူးအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၂၀ ရက်နေ့က လေ ကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဝက်လူးအိုင်ဒေသခံ အသက်(၇၂) အရွယ်အမျိုးသမီးဟာ ဦးခေါင်းကို လက်နက် ကြီးစထိမှန်ကာသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန် အချို့သေဆုံးခဲ့ တယ်လို့သိရပါတယ်။

Source – Mizzima

Author:

Related Articles