မေးမြန်းခန်း
937 views
မေးမြန်းခန်း
ကျမတို့ ထည့်သွင်းစေချင်တဲ့အချက်တွေ မပါခဲ့ဘူးဆိုရင် အမျိုးသမီးထုအနေနဲ့ကလည်း တသွေးတည်း တသားတည်း ခိုင်ခိုင်မာမာရပ်တည်ဖို့ လိုအပ်ပါတယ်။ ကျမတို့ အမျိုးသမီး အဖွဲ့အစည်းတွေ အချင်းချင်းကြားထဲမှာ အငြင်းအခုံဖြစ်နေမယ့်အစား ဘယ်လိုအသံတစ်သံတည်းနဲ့ အမျိုးသမီးထုတွေကို ကိုယ်စားပြုနိုင်မလဲ၊ ရပ်တည်နိုင်မလဲဆိုတာ စဉ်းစားထားဖို့ လိုအပ်ပါတယ်။
အမှန်အတိုင်း ပြော မယ်ဆိုရင် ချင်းမှာက အမျိုးသမီးတော်တော်များများက သူတို့ကို ဓလေ့အရ ဖိနှိပ်ထားတယ်ဆိုတာကို မသိတဲ့ သူတွေ အများကြီးရှိတယ်။ ဒါကို မှန်တယ်ဆိုပြီး သွားနေကြတာ။ အဲဒါကြောင့် ကျွန်တော့်အမေလည်း သူ့ကို ဓလေ့အရ ဖိနှိပ်ထားတယ်ဆိုတာကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ကျွန်တော့်အမေက အမျိုး သမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်လို့တော့ သိပ်မရင်းနှီးသေးပါဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ အမျိုးသမီး တွေအနေနဲ့ ကိုယ့်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိတယ်ဆိုတာ ပြောပြဖို့ ကျွန်တော့်မှာ တာဝန်ရှိသလိုဖြစ်လာ တယ်။
ကျမတို့ဒေသမှာက နိုင်ငံရေးပါတီတွေလည်း ရှိတယ်။ တခြား လက်နက်ကိုင်အဖွဲ့တွေလည်းရှိတယ်။ ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာပဲလုပ်လုပ် အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေကြတယ်။ ကျမတို့သွားနေတဲ့ ပညာပေးမှုတွေလုပ်ရင် ကျမတို့ကို ဘယ်အဖွဲ့အစည်းကလဲ။ လားဟူပါတီက အမျိုးသမီးတွေလား။ ကြံ့ခိုင်ရေးထဲက အမျိုးသမီးတွေလားဆိုပြီး လိုက်စုံစမ်းတာလည်းရှိတယ်။ ကျမတို့က ဘယ်ပါတီမှ အခြေမခံဘူး၊ လားဟူအမျိုးသမီး တွေကိုပဲ အခြေခံတယ်ဆိုတာ ရှင်းပြရတယ်။
ကျမတို့ နာဂလူမျိုးတွေကျတော့ မိန်းကလေးတွေဆိုရင် ဘာမှ မလုပ်နိုင်ကြဘူးလို့ ထင်တယ်။ အဲဒါကြောင့် နာဂအမျိုးသမီးတွေလည်း ဘယ်လောက် လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ကျမအနေနဲ့ ချပြချင်တာကြောင့် ဒီလိုဖြစ်အောင်လည်း ကြိုးစားခဲ့တာပါ။
မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က အမျိုးသမီးတွေအတွက် ပြည့်စုံလုံလောက်ပြီး အာမခံချက်ရှိတဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ကျူးလွန်နေ တဲ့အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးမယ့် ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ထွက်လာဖို့ လိုအပ်သလို ဥပဒေ တရပ်ထွက်ပေါ်လာပြီဆိုရင်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများအနေနဲ့လည်း တကယ်လိုက်နာ ကျင့်သုံးမှုရှိလာအောင် အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို အမှန်တကယ်အကာအကွယ်ပေးနိုင်တဲ့ စိတ်ချ ယုံကြည်ရတဲ့ တရားရေးစနစ်တခုဖြစ်ပေါ်လာဖို့ကိုလည်း စောင့်ကြည့်ပေးတာမျိုး၊ တွန်းအားပေးတာမျိုး ပြုပြင် ပြောင်းလဲရေးအတွက် ဝိုင်းဝန်းပံ့ပိုးကြတာမျိုး လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။
သူတို့တွေဟာ သေနတ်သံတွေကြားထဲမှာ ရှင်သန်ကြီးပြင်းလာခဲ့ရတယ်။ ယမ်းငွေ့တွေ တဒိုင်းဒိုင်းနဲ့။ အဲဒီကနေပဲ သူတို့တွေဟာ အကြောက်တရားလွမ်းမိုးမှုတွေကို စရလာတာ။ တချို့နေရာတွေမှာ ဆိုရင် ဟိုအရင် ဓလေ့ထုံးတမ်းကတပိုင်း၊ အမျိုးသမီးဆိုရင် သေစာရှင်စာ ဖတ်တတ်ရင် တော်ပြီဆိုပြီး ကျောင်းပို့မလို့ကို သေနတ်သံကြားတာနဲ့ မပို့တော့ဘူး။
လက်ရှိနိုင်ငံရေး အခင်းအကျင်း ကြောင့် ဘာမှမလုပ်နိုင်ဘူးဆိုရင်တောင်၊ အစိုးရတစ်ရပ်အနေနဲ့ နှုတ်ဆိတ်နေခြင်းထက်ပိုတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးရှိရပါမယ်။
လက်နက်ကိုင်တွေကြားထဲမှာမြေစာပင်ဖြစ်ခဲ့ရတာတွေ အရင်က မသိခဲ့ဘူး။ တိုင်းရင်းသားဒေသက မိခင်၊ ကလေး၊ အထူးသဖြင့် အမျိုးသမီးတွေ တိုက်ပွဲကြောင့် ဆုံးရှုံးခဲ့တာတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ အကုန်လုံးကို ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ရှင်သန်စေချင်တယ်῎
နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍမှာ ဖက်ဒရယ်ပုံဖော်မယ့် မည်သည့်ဆွေးနွေး ချက်မျှ ဆွေးနွေးခွင့်မရရှိသေးတာကို ကြည့်ခြင်းအားဖြင့်လည်း ဒီသဘောတူညီချက်များဟာ အားရကျေ နပ်စရာ အနေအထားတခုသို့ မရောက်ရှိသေးတာကို မြင်တွေ့ရပါမယ်။