Entries by Shwe Yee

ကိုဗစ်ကာလအတွင်း Hotline ကတဆင့် အိမ်တွင်းအကြမ်းဖက်မှုအတွက် အကူညီတောင်းခံမှု ပိုမိုများပြားလာ

” ကျမတို့ဆီမှာ မုဒိမ်းမှု တခုဖြစ်သွားတယ်။ ကလေးကို အပြင်မထွက်နဲ့ ဆိုပြီးတော့ အိမ်ထဲမှာပဲ ထားခဲ့တယ်။ ဒီကာလမှာတော့ ရောဂါတွေဘာတွေကူးမှာဆိုလို့လေ။ ဒါပေမယ့် မိဘတွေကျတော့ ရှာဖွေ စားသောက်ရတဲ့ အခါမျိုးရှိတယ်ဆိုတော့ အပြင်သွားနေချိန်မှာ ဘေးအိမ်ကနေပြီးတော့ မုဒိမ်းကျင့်လိုက်တာမျိုးတွေ ရှိတယ်။ နောက်တခုက စီးပွားရေး ကြပ်တည်းတယ်။ အရောင်းအဝယ်မကောင်းတော့တဲ့ အခါကျတော့ အိမ်မှာ ဟင်းကောင်းကောင်း မချက်နိုင်တော့ဘူး။ အဲဒီအခါမှာ ယောကျာ်းက သူ့ကို ကန်ချလိုက်ပြီးတော့ သောင်းကျန်းတာပေါ့။ အဲဒီအမျိုးသမီးက ၃ ညလောက်တောင် မအိပ်ရဘူး။ ယောကျာ်းသောင်းကျန်းမှုကြောင့်ပေါ့နော်။ “

ကိုဗစ် နဲ့ အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေး

အမျိုးသမီးတွေက အိမ်ထဲမှာနေပြီး အလုပ်လုပ်ရပါက အိမ်တွင်းတာဝန်တွေအပြင် သားသမီးတွေကို ပါ စောင့်ရှောက်ရတဲ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်း ၊ မိသားစုအတွင်း စိုးရိမ်မှုများကြောင့် လှုမှုဆက်ဆံရေး အဆင်မပြေခြင်း ၊စိတ်တိုလွယ်ခြင်း ၊အာရုံမစူးစိုက်နိုင်ခြင်း ၊ အထီးကျန်ဆန်ခြင်း၊ စိုးရိမ်စိတ်လွန်ခြင်း စိတ်ပင်ပန်းခြင်း burn out တွေ ရနိုင်ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ မူကြမ်း စကားဝိုင်း

တကယ် ဖက်ဒရယ်ဒီမိုကရေစီကို ဦး တည်တယ်ဆိုရင် ဥပဒေမြန်မြန်ပြဌာန်းနိုင်ဖို့ ဆောင်ရွက်တာထက် ပြီးပြည့်စုံတဲ့ဥပဒေဖြစ်ဖို့ ကြိုးပမ်းသင့်တယ်။ အားလုံးလက်ခံတဲ့ ဥပဒေ၊ တရားမျှတမှုရှိတဲ့ ဥပဒေ Impunity ကို အဆုံး သတ်နိုင်တဲ့ ဥပဒေဖြစ်ဖို့ ကြိုးပမ်းရမယ်။

သူလိုအမျိုးသမီးတစ်ယောက် ရှိခဲ့တယ်လို့ မှတ်မိစေချင်တဲ့ ကယန်းသူ ဖိုက်တာ

သန်မာတဲ့ မိန်းမ ဖြစ်အောင် နေရမယ်။ တိုတို တို့ရဲ့ စိတ်၊ဦးနှောက်တွေကို strong ဖြစ်အောင်နေရမယ်။ ဒါမှ ကြုံလာတဲ့ အခက်ခဲတွေကို အနိုင်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်မှာပါ……….

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်ကြမလဲ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဒေါက်တာဒေါ်စီလေးခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

များဆုံးယူဆချက်ကတော့ မိခင်ဆီက မွေးဖွားနေတဲ့ အချိန် (သို့) မွေး ဖွားပြီးပြီးချင်း ကူးစက်တယ်လို့ ကောက်ချက်ချကြပါတယ်။ မိခင်စီကနေ ကူးစက်ခြင်းခံရတဲ့ မွေးကင်းစကလေးငယ် (၁၀)ဦးကို လေ့လာတွေ့ရှိတာ ကတော့ အသက်ရှူခက်ခဲတာ၊ သွေးတိတ်စေတဲ့ သွေးဥမွှားလေးတွေ နည်းစေတာနဲ့ အသည်းရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ မူမမှန်စေတာတွေ တွေ့ရှိနေရတယ်လို့ သိရပါတယ်။

ကင်းဘတ်စပေါ်က အမျိုးသမီးတွေရဲ့ ဘဝကောက်ကြောင်း

ရွှေရည်။ ။ “နေ့စဉ်ရုန်းကန်လှုပ်ရှားရတဲ့ ဘဝတွေမှာ အမျိုးသားတွေထက် ပိုပြီးခက်ခဲတဲ့ အမျိုးသမီး တွေရဲ့ဘဝကို မြင်ပြီး ဆွဲဖြစ်တယ်။ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းတွေမှာမှ ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေက အမျိုးသမီးတွေမှာ ပိုပြီးများတယ်။ ပိုပြီးတင်းကြပ်တယ်။ ဒီလိုအခက်ခဲတွေကို ဆွဲဖြစ်တယ်။ ဆွဲရင်းနဲ့မှ ပန်းချီကား တစ်ကားနဲ့တစ်ကား ပိုပြီးသိလာရတာက အခက်အခဲက တမျိုးထဲမဟုတ်ဘူး။ အဲဒီမှာတင် ပန်းချီကားတွေက ပြောင်းလဲလာတာ” သူ့နာမည်က ခြူးဝေငြိမ်းပါ။ ရှမ်းပြည်နယ် တောင်ပိုင်းက ရပ်စောက်မြို့သူ ဖြစ်ပါတယ်။ ငယ်စဉ်က ကလေးတစ်ယောက်ရဲ့ စူးစမ်းချင်တဲ့ အမြင်မျိုးနဲ့ ရောင်စုံခဲတံကိုင်ပြီး ပန်းချီဆွဲခဲ့ ပါတယ်။ သိနားလည်လာတဲ့ အချိန်မှာတော့ ပန်းချီဆွဲတာက တခြားအနုပညာတွေထက် မိမိ ပြောချင်ပြချင်တဲ့ အကြောင်းအရာတွေကို သိမ်သိမ်မွေ့မွေ့ ပြလို့ရတာကြောင့် ပန်းချီဆရာမ တစ်ယောက် ဖြစ်လာခဲ့သူပါ။ သူက အင်ဂျင်နီယာဘွဲ့ကို […]

COVID – 19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ စက်မှုဇုံက အမျိုးသမီးတွေအတွက် လုံခြုံတဲ့ နေရာတခု စီစဉ်ပေးဖို့ လိုအပ်နေ

သူတို့ အဆောင်ခ ပေးစရာမရှိဘူးဆိုရင် သူတို့ဘယ်သွားနေ မလဲနော်။ သူများစီမှာလည်း ရေရှည်နေလို့မရဘူး။ သိပ်အန္တရာယ်များတယ်။ တချိန်တုန်းက ကျမတို့နိုင်ငံမှာ ကြုံခဲ့ရသလိုပဲ လူကုန်ကူးမှု အမြင့်ဆုံးဖြစ်လာနိုင်တယ်။ နောက်ပီးတော့ ဥပဒေ နဲ့မညီညွတ်တဲ့ informal sector (တရားမဝင်လမ်းကြောင်း) တွေကို ရောက်ရှိသွားမှာကို ကျမတို့အနေနဲ့ စိုးရိမ်တယ်။