ရှင်ငြိမ်း “ပင်ပန်းလို့ စိတ်ဓါတ်တွေကျလာတိုင်း ဒီတော်လှန်ရေးကို အမေအတွက်ဆိုပြီး တိုက်နေရတာပဲ ” လို့ ဖွင့်ဟလာသူ ကတော့ မကွေးပြည်သူ့ကာကွယ်ရေးတပ်ရင်းတစ်ခုမှာ တာဝန်ထမ်းနေတဲ့ အိုင်း(အမည်လွှဲ)ပါ။ အသက် ၂၂ နှစ်သာရှိသေးတဲ့ အိုင်းရဲ့မိခင်ဟာ စစ်တပ်လာရောက်ဖမ်းဆီးချိန်မှာ သမီးဖြစ်သူ အိုင်းကို မတွေ့တဲ့ အတွက် ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက်မှာ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ သူတို့ကို ဆန့်ကျင်နေတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ မတရားဖမ်းဆီးထောင်ချခဲ့ကြတာပါ။ အဆိုးဆုံးကတော့ စစ်တပ်က သူတို့အလိုရှိသူကိုမတွေ့ခဲ့ရင် နေအိမ်မှာရှိနေတဲ့ ညီအစ်ကိုမောင်နှမ၊ မိဘတွေ အပြင် သက်ကြီးရွယ်ဘိုးဘွားနဲ့ ကလေးသူငယ်တွေပါမကျန် ဓားစာခံအဖြစ် ဖမ်းဆီးထောင်ချနေတာဖြစ်ပါတယ်။ အခုလည်း အညာမြေကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ဥပဒေကျောင်းသူလည်းဖြစ်တဲ့ အိုင်းကို သူတို့ကို ဆန့်ကျင်နေတဲ့ ဒေသကာကွယ်ရေးတပ်ထဲဝင်သွားလို့ဆိုပြီး ပုဒ်မ ၅၀၅ – ကနဲ့ […]