Home မေးမြန်းခန်း မြေပြန့်ဒေသမှ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနေ့ စကားသံများ

မြေပြန့်ဒေသမှ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနေ့ စကားသံများ

မခိုင်စန်းမော်

မခိုင်စန်းမော်- ဟင်္သာတ(မြစ်ဝကျွန်းပေါ်ဒေသ)

῝ငြိမ်းချမ်းရေးနေ့ကို ပြည်နယ်၊ မြေပြန့်က အကုန်လာကြတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသက တဦးချင်းစီရဲ့ မငြိမ်းချမ်းတဲ့ ဒုက္ခတွေ၊ ခံစားရတာတွေ သူတို့ပြောပြတော့ သိရတယ်။ ကျမက မြစ်ဝ ကျွန်းပေါ်ကဆိုတော့ မငြိမ်းချမ်းတာတွေ မသိဘူး။ လက်နက်ကိုင်တွေကြားထဲမှာမြေစာပင်ဖြစ်ခဲ့ရတာတွေ အရင်က မသိခဲ့ဘူး။ တိုင်းရင်းသားဒေသက မိခင်၊ ကလေး၊ အထူးသဖြင့် အမျိုးသမီးတွေ တိုက်ပွဲကြောင့် ဆုံးရှုံးခဲ့တာတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ အကုန်လုံးကို ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ရှင်သန်စေချင်တယ်῎

မအိစန္ဒာစိုးရန်ကုန်တိုင်း၊

မအိစန္ဒာစိုး

῝တိုင်းပြည်တပြည်မှာ ငြိမ်းချမ်းမှ ပြည်သူတွေက အေးအေးချမ်းချမ်းနေနိုင်မှာ။ ကျမက ရန်ကုန်မှာနေတော့ သေချာမသိပေမယ့် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကို မကြားချင်တော့ဘူး။ ဖြစ်လည်း မဖြစ်စေချင်တော့ဘူး။ ဒီနေ့ “ငြိမ်းချမ်းရေးနေ့”မှာ ပြောချင်တဲ့စကားက တနိုင်ငံလုံးငြိမ်းချမ်းဖို့ စစ်ပွဲတွေ ရပ်ကြပါလို့။ တိုင်းရင်းသားတွေ စည်းစည်းလုံးလုံးနေပြီး အေးချမ်းစွာ နေထိုင်ချင်ပါတယ်῎

မနုနုအေးမတ္တရာမြို့နယ်၊ မန္တလေးတိုင်း

မနုနုအေး

῝အကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တယ်။ ခုတော့ တိုင်းရင်းသားဒေသမှာ မငြိမ်းချမ်းဘူး။ ဒီလို စစ်ပွဲတွေဖြစ်တော့ ပြည်သူတွေက ကြားထဲက တန်ဆာခံဖြစ်ရတယ်။ ဘာမှမဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေ သေရတယ်။ တိုင်းရင်းသားတွေအားလုံး စည်းစည်းလုံးလုံး ငြိမ်းချမ်းစွာ အတူနေထိုင်စေချင်တယ်῎

နန်းမိုခမ်းရန်ကုန်မြို့

နန်းမိုခမ်း

῝တကမ္ဘာလုံးငြိမ်းချမ်းသွားမယ့်နေ့လို့ သတ်မှတ်ထားတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဒီနေ့မှာ ပူလောင် သောကတွေကို ခဏလေးမေ့ထားပြီး  ငြိမ်းချမ်းစွာပဲ ဖြတ်သန်းချင်တယ်။ သို့မဟုတ်ရင် အမျိုးသမီး၊ ကလေး ငယ်၊ သက်ကြီးရွယ်အိုတွေ၊ စစ်ပွဲဒဏ်ကို ခံစားနေရတဲ့ အခြေအနေမှာ သူတို့အတွက် ဝမ်းနည်းမိတယ်။ သူ တို့တွေ ငြိမ်းငြိမ်းချမ်းချမ်း  နေရပ်တွေကိုပြန်လာနိုင်ဖို့အတွက်နဲ့ ဒီထက်လုံလုံခြုံခြုံနေထိုင်နိုင်ဖို့အတွက် ကျမ ဆုတောင်းပေးပါတယ်῎

မချိုချိုမာ- မကွေးတိုင်းဒေသကြီး

မချိုချိုမာ

῝ငြိမ်းချမ်းရေးဆိုတာကို အရင်တုန်းက မသိမကြားခဲ့ဘူး။ ခုမှ အနယ်နယ်အရပ်ရပ်က အမျိုးသမီးတွေနဲ့ သိပြီး ငြိမ်းချမ်းရေးနေ့ ရှိတယ်ဆိုတာ သိလာရတာ။ ငြိမ်းချမ်းရေးနေ့ပွဲကို တက်ရောက်ရတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရတယ်။ ပြောချင်တာကတော့ စစ်ပွဲတွေမဖြစ်ပဲနဲ့ အားလုံးငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်း တယ်ဆိုတာကလည်း စစ်ပွဲမဖြစ်မှ ငြိမ်းချမ်းတာ မဟုတ်ဘူး။ စီးပွားရေး၊ လူမှုရေးတွေ အဆင်ပြေမှ ငြိမ်း ချမ်းမှာပါ῎

Author:

Related Articles