
ငြိမ်းချမ်းရေးအမြန်လိုချင်နေကြတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တွေ
"အခုဆိုရင် အမေတို့တွေပြောနေကြတာ စစ်ပြန်ဖြစ်မယ်ပေါ့။ အားလုံးကလည်း စစ်ပြန်ဖြစ်မှာကြောက်နေကြတယ်။ ဒီစစ် ကြီးကို မုန်းနေပြီ။ ငြိမ်းချမ်းရေးဆိုတာသိနေတဲ့လူတွေက ဘာကြောင့်စစ်တိုက်နေကြတာလဲဆိုတာ ကျမသိချင်တယ်။ " မဥမ္မာ (အသက် ၁၅ နှစ် ၊မြတန်ဆောင်စစ်ရှောင်ဒုက္ခသည်စခန်း၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်။)

တကျော့ပြန် ထဘီတော်လှန်ရေးအပေါ် အမြင်များ
"ပြည်သူလူထုဟာ နွေဦးတော်လှန်ရေးမှာဆိုရင် ထဘီကမ်ပိန်းကိုပြုလုပ်ခဲ့တဲ့ တကယ့်အနှစ်သာရထဘီဆိုတဲ့အရာက နှိမ့်ကျမှုတွေ ဘုန်းကံနိမ့်မှုတွေကို လုပ်ဆောင်တာမဟုတ်ဘဲနဲ့ ထဘီဝတ်ထားတဲ့ အမျိုးသမီးတွေရဲရင့်မှု၊ ဒီအမျိုးသမီးတွေ ရဲ့ စွန့်လွှတ်မှုကို လေးစားဂုဏ်ပြုတယ်ဆိုတဲ့ပုံစံမျိုးနဲ့အတူ လူသတ်နေတဲ့သူတွေကို ဒီဟာတွေနဲ့တိုက်ထုတ်သွား ရမယ်၊ တော်လှန်သွားရမယ်ဆိုတဲ့ ပုံစံနဲ့လုပ်ခဲ့တာဖြစ်တယ်။ နိမ့်ကျတယ်ဆိုတဲ့အတွေးအခေါ်တွေ ဘုန်းကံနိမ့်စေတယ် ဆိုတဲ့ အတွေးအခေါ်တွေနဲ့ တော်လှန်ရေးမှာသုံးခဲ့တာမဟုတ်တဲ့အတွက် ဒါကိုလူအများက နားလည်ဖို့လိုအပ်တယ်။ အပြု သဘောဆောင်ဖို့လိုအပ်တယ်။" မေကညာပျို (LGBTအရေးတက်ကြွလှုပ်ရှားသူ)

အမျိုးသမီး ဓမ္မအမှုတော်ဆောင် သင်းအုပ်အရာ သိက္ခတင်ခွင့်အပေါ်အမျိုးသားများ၏အမြင်များ
“ အမျိုးသမီးတစ်ယောက် Ordination (သင်းအုပ်အရာ သိက္ခာတင်ခွင့်)ရဖို့ တောင်းနေရတာကိုက သဘာဝမကျတာပါ။ Ordinationက အမျိုးသမီးအတွက်ဆို တောင်းမှရမယ်ဆိုတဲ့ အနေအထားက ဖြစ်ကိုမဖြစ်သင့်တော့တာပါ”
ကိုသိန်ထွဋ်ပန် (ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် - Karen Baptist Convention အသင်းသား)

“ထဘီအလံသပိတ်အပေါ် အမျိုးသားတွေအမြင် (၂)”
“အမျိုးသမီးတွေ ထဘီကမ်ပိန်းလုပ်တာက အာဏာရှင်ဟာ သူတို့ဝတ်တဲ့ထဘီတစ်ထည်လောက်တောင် သူတို့ကို ကာကွယ် မပေးနိုင်ဘူးဆိုတဲ့သူတို့ရဲ့ရည်ရွယ်ချက်က သိပ်ကိုထူးခြားတယ်။ နောက်သူတို့အဲ့လိုလုပ်လိုက်တော့ အာဏာရှင် တွေ တုန်လှုပ်သွားတာကို ကျွန်တော်တို့ပထမဆုံးမြင်ရတယ်။ ဒါဟာနွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုအစပါပဲ။ ”

“ထဘီအလံသပိတ်အပေါ် အမျိုးသားတွေအမြင် “
“ ထဘီကမ်ပိန်းဆိုတာ အမျိုးသမီးတွေရဲ့အခွင့်အရေးဖြစ်တယ်။ သူတို့ရဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး သူတို့မှာ တောင်း ဆိုပိုင်ခွင့်အပြည့်အဝရှိတယ်။ အမျိုးသမီးတွေမှာ အခက်အခဲတွေအများကြီးရှိတယ်။ လက်ရှိအနေအထားမှာဆိုရင် စစ် အကြမ်းဖက်တွေရဲ့မုဒိမ်းကျင့်တာ၊ လူမသိ သူမသိ အကြမ်းဖက်ခံနေရသူတွေက အမျိုးသမီးပဲဖြစ်နေတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အခုလို ထဘီကမ်ပိန်းမျိုးတွေက လုပ်ကိုလုပ်သင့်တဲ့အရာဖြစ်တယ်။”

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် အမျိုးသမီးများရဲ့အသံ
"ကျနော်တို့အမျိုးသမီးထုဟာ ခွန်အားအရာမှာတော့ အကြမ်းဖက်စစ်ကောင်စီထက် နည်းကောင်းနည်း လိမ့်မယ်။ သို့သော် ငြားလည်း တော်လှန်လိုစိတ်၊ သတ္တိတွေဟာ လုံးဝဘယ်သူမှ မယှဉ်နိုင်တာမျိုးရရှိတယ်။ ကျဆုံးသွားရတဲ့အမျိုးသမီးတွေ အတွက် သူတို့ထက်ပိုပြီးတော့ နှစ်ဆပိုတိုက်ပေးရလိမ့်မယ်။ သူတို့ရဲ့ဝိဉာဉ်တွေ ကျနော်တို့မှာ ပူးကပ်စွဲဝင်နေပြီးတော့ ဒီတော်လှန်ရေးကို အဆုံးစွန်အထိတိုက်သွားမယ်။"

စစ်ပွဲပြန်လည်ဦးမော့လာမည်ကို စိုးရိမ်နေသည့် ရခိုင်စစ်ဘေးရှောင်များ၏ ခံစားချက်များ
“ စစ်ပွဲက အခုက အစိုးရနဲ့ AA က သဘောတူရပ်ဆိုင်းထားတာမဟုတ်တဲ့အတွက် ရုတ်တရက်ပြန်ဖြစ်လာနိုင်တယ်။ အဲအချိန်မှာ ကျမတို့က ပြန်သွားလို့ရှိရင် ပြန်ပြီးတော့ဒီကိုပြန်လာရမှာ။ မောင်တောမှာဖြစ်ခဲ့တုန်းကလည်း အဲလိုပဲပေါ့ အဲလိုမျိုး ရုတ်တရက် ဖြစ်မှာစိုးတယ်။”
ဒေါ်ဦးနွဲ့ရီ(ဘူးသီးတောင် မြတောင် စစ်ဘေးရှောင်စခန်း)

ငြိမ်းချမ်းရေး ၁၀နှစ်တာခရီးနှင့် အမျိုးသမီးများ၏ ပါဝင်နိုင်မှုအခန်းကဏ္ဍအပေါ် အင်တာဗျူး
“ နိုင်ငံရေးအပြောင်းအလဲမှာ အမျိုးသမီးတွေ နိုင်ငံရဲ့အရေးကြီးတဲ့နေရာတွေမှာ တာဝန်တွေမထမ်းဆောင်ရဘူးလို့ ဘယ် သူမှမပြောနိုင်ဘူး။ တောင်လည်း ချောင်းဖြစ်တတ်တယ်။ ပင်လယ်သမုဒ္ဒရာကလည်း တောင်ဖြစ်လာတတ်တာပဲလေ။ အဓိက က ဇွဲမလျော့ဘဲနဲ့ကြိုးစားကြဖို့ လိုအပ်ပါတယ်။ ဘာလို့ဆိုဒီနိုင်ငံမှာ အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှုကို တော်တော် ကို လက်ခံလာတဲ့အနေအထားမှာရောက်နေပါပြီ။”
ဒေါ်စောမြရာဇာလင်း (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ - UPDJC အဖွဲ့ဝင်)

ဘာသာရေးမှ အမျိုးသမီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးအပေါ်အမြင်များ
“ စိတ်ဓာတ်မကျဘဲ စည်းစည်းလုံးလုံးနဲ့ ပန်းတိုင်ရောက်သည်အထိ အတူတူူလက်တွဲပြီး ကြိုးစားကြမယ်။ ကြိုးစားရင် မ အောင်မြင်ဘူးဆိုတာ မရှိပါဘူး။ တန်ဖိုးရှိတဲ့အောင်မြင်မှုဟာ အခက်အခဲတွေရှိတယ်။ ဒုက္ခတွေတွေ့နိုင်တယ်။ ဒါကို သတ္တိရှိရှိ ကျော်ဖြတ်ရမယ်။ ဒါမှပဲ ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အမြန်ဆုံးရမှာ ဖြစ် ပါတယ်။ မြန်မာပြည်သူအားလုံးမှာတာဝန်ရှိတယ်။ လူတိုင်းမှာတာဝန်ရှိတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ လက်တွဲညီညီနဲ့ ကျိုးစားပြီး ပူးပေါင်းဆောင်ရွက်မှပဲ အမှန်တကယ်အောင်မြင်မှုဆိုတာ ရရှိမှာပါ။ အားလုံးပါဝင်ကြပါ။ အသက်ဆုံးရှုံးရတာ တွေ၊ အခက်အခဲတွေ ၊ စိတ်မကောင်းစရာတွေ အများကြီးရှိခဲ့တယ်။ နောက်ထပ်လည်းရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ် မကျဘဲ ၊ ဇွဲမလျော့ဘဲ လက်တွဲပြီး ကြိုးစားရအောင်ပါလို့ အားပေးချင်ပါတယ်။”
စစ်စတာ အန်းရိုဇားနူးတောင် (ခရစ်ယာန်)

“အပြည်အပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် စစ်ရှောင်အမျိုးသမီးများ၏ ရင်တွင်းစကားသံများ”
“ ကျမတို့ ကိုယ်ရွာကိုပြန်ဖို့ အိမ်တွေလည်း ပြန်ဆောက်ထားပြီးပြီ။ ခြံအခင်းတွေလည်း လုပ်ထားတယ်၊ ပြန်ရမှာပေါ့ ထင်ထားတာ၊ ဒီနှစ်ထဲမှာ ပြန်ရမယ်လို့ထင်ထားတာ။ အခုအခြေအနေနဲ့ ငြိမ်းချမ်းရဖို့က ဝေးသေးတယ် ထင်တယ်။ အခြေအနေ မကောင်းတော့ စစ်ရှောင်ကိုပဲ ပြန်လာနေရတယ်။ စစ်ပွဲတွေကလည်း ငြိမ်မလိုလိုနဲ့ ထပ်ပြန်ဖြစ် တယ်ဆိုတော့ ဘယ်လို လုပ်ရမှန်းမသိဘူး။ မြန်မြန်ငြိမ်းချမ်းအောင်လုပ်ပေးပါ။ စစ်ရှောင်တွေ ကိုယ့်ရပ်ရွာတွေပြန်ပြီးတော့ စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေလုပ်ပြီး ပျော်ရွင်စွာ ကျမတို့နေထိုင်ချင်ပါတယ်။ စစ်ရှောင်မှာလည်း ကြာကြာ မနေချင်တော့ ဘူး။ အိမ်ပြန်ချင်ပါပြီ”
ဒေါ်ရွယ် (ကချင်ပြည်နယ်မှ စစ်ရှောင်တစ်ဦး)


