“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်း” ထွက်ရှိလာသည့်အပေါ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB ၏ အထွေထွေအတွင်းရေးမှူးနော်ဆဲဆဲနှင့်တွေ့ဆုံမေးမြန်းခြင်း
ကျမတို့ ထည့်သွင်းစေချင်တဲ့အချက်တွေ မပါခဲ့ဘူးဆိုရင် အမျိုးသမီးထုအနေနဲ့ကလည်း တသွေးတည်း တသားတည်း ခိုင်ခိုင်မာမာရပ်တည်ဖို့ လိုအပ်ပါတယ်။ ကျမတို့ အမျိုးသမီး အဖွဲ့အစည်းတွေ အချင်းချင်းကြားထဲမှာ အငြင်းအခုံဖြစ်နေမယ့်အစား ဘယ်လိုအသံတစ်သံတည်းနဲ့ အမျိုးသမီးထုတွေကို ကိုယ်စားပြုနိုင်မလဲ၊ ရပ်တည်နိုင်မလဲဆိုတာ စဉ်းစားထားဖို့ လိုအပ်ပါတယ်။


