Home ဆောင်းပါး “လူတွေမရှိရင် သတင်းဆိုတာမရှိ” ဆိုသည့် သတင်းပန်းချီအနုပညာ ဖန်တီးသူ မစန္ဒာခိုင်

“လူတွေမရှိရင် သတင်းဆိုတာမရှိ” ဆိုသည့် သတင်းပန်းချီအနုပညာ ဖန်တီးသူ မစန္ဒာခိုင်

ဓါတ်ပုံ – ကောကော် (HI)

 

ကောကော်။          ။

အဝတ်အစားမဲ့နေသည့်လူများ သတင်းစာကို ဖတ်နေကြသည့် ပန်းချီများကို ပြခန်းပတ်လည်တွင် ချိတ်ဆွဲ ထားသည်။ အခန်းထဲသို့ ဝင်ဝင်ချင်း ပန်းချီကားများကို ရုတ်တရက်ကြည့်လိုက်လျှင် သတင်းစာကို သည်း သည်းမည်းမည်းဖတ်နေကြသည်ကိုသာမြင်ရပြီး ဘယ်လိုအဓိပ္ပါယ်ဖော်ရမည်ကို မသိပါ။ အခန်း၏ ထောင့် နားတွင် အမျိုးသမီးတဦးက ဧည့်သည်တယောက်၊ နှစ်ယောက်နှင့် မတ်တပ်ရပ်လျက် စကားစမြည်ပြောဆို နေသည်ကို တွေ့ရသည်။

သူမကတော့ သတင်းပန်းချီရေးဆွဲသူ “မစန္ဒာခိုင်” ဖြစ်ပါသည်။ သူမပန်းချီရေးဆွဲလာသည့် သက်တမ်းမှာ နှစ်(၂၀)ပြည့်ခဲ့ပြီဖြစ်သည်။ သူမပန်းချီလောကထဲ စဝင်လာသည့်အချိန်တွင် အမျိုးသမီးပန်းချီဆွဲသူ မရှိ သလောက် ရှားပါးခဲ့သော်လည်း ယခုအချိန်တွင် အနုပညာကျောင်းများ ရှိလာသဖြင့် ပန်းချီဆွဲသော အမျိုး သမီးများ များပြားလာပြီဖြစ်သည်။

သူမစတင်ခဲ့သော ပန်းချီစိတ်ကူးသည် ရန်ကုန်မြို့လယ်၊ ဆူးလေ၏ တိုက်ခေါင်မိုးနှင့် တိမ်တိုက်များဖြစ်ပြီး ထိုမှတဆင့် သတင်းပန်းချီကို ဆက်တိုက်ရေးဆွဲလာခဲ့ခြင်းဖြစ်သည်။ သတင်းပန်းချီကားရေးဆွဲလာသော သက်တမ်းမှာ(၆)နှစ်ရှိပြီဖြစ်သည်။

ထို့အပြင် မစန္ဒာခိုင်သည် ယခုရေးဆွဲပြသလျက်ရှိသော သတင်းပန်းချီ၏ ရသနှင့် ခံစားမှုကိုလည်း ရှင်းပြပါ သည်။

῝အနုပညာ(ပန်းချီ)လုပ်တယ်ဆိုတာ လူတိုင်းထူးထူးခြားခြား ခံစားနိုင်ဖို့ဖြစ်တယ်၊ အခုပြသတဲ့ပွဲက ပန်းချီ ကားထဲမှာပါပြီးသား၊ လူနဲ့သတင်းဆိုတာ အမြဲဆက်စပ်နေတယ်၊ ဆက်စပ်မှုကို တွေ့တဲ့အချိန်မှာ ရိုးရိုး ကိုယ်ဆွဲနေကျသတင်းတွေနဲ့ လူတွေနဲ့ ပေါင်းပေးလိုက်တာပါ῎

လောကတွင် လူတွေရှိနေမှ သတင်းဆိုတာရှိပြီး လူတွေမရှိတော့လျှင် သတင်းဆိုသည်မှာလည်း မရှိနိုင်ဆို သည့်သဘောတရားကို လူတွေသိစေချင်သောကြောင့် သတင်းပန်းချီကားများကို ရေးဆွဲပြသရခြင်းဖြစ်သည် ဟု သူမက ပြောပါသည်။

ပန်းချီသည် လူတဦးတယောက်ကို အကြောင်းအရာတခုပေးသည်ဆိုသော်လည်း ကြည့်ရှုသူများ၏ ခံစားမှု မှာ တဦးနှင့်တဦး ကွဲပြားကြကြောင်း ပြောပြပါသည်။

῝ကိုယ်က ဒီအကြောင်းအရာပေးပေမယ့် လူတွေက တခြားရှုထောင့်ကနေကြည့်ပြီး ခံစားရင် ခံစားမယ်၊ အမျိုးမျိုးသော ရှုထောင့်တွေကနေ ခံစားကြတာပေါ့῎

မြန်မာ့လူ့အဖွဲ့အစည်းသည် သတင်းနှင့် ထိစပ်မှု နည်းပါးနေပြီး အဝတ်အစားမဲ့ ပန်းချီများကို အနုပညာတခု အနေနှင့် မမြင်ကြပဲ ညစ်ညမ်းသောပန်းချီကားများအဖြစ် မြင်နေကြခြင်းမှာ အနုပညာနှင့် အလှမ်းဝေးနေ ခြင်းဖြစ်ပြီး ပန်းချီဆရာများထဲမှာပင် ရှားပါးနေသေးသော သတင်းပန်းချီလောက အခြေအနေကို ရှင်းပြ ပါသည်။

ဓါတ်ပုံ – ကောကော် (HI)

ထို့အပြင် ပြည်သူများသည် အနုပညာနှင့် ထိစပ်မှု များစွာလိုအပ်နေသေးပြီး အထူးသဖြင့် သတင်းပန်းချီနှင့် နီးစပ်မှုမှာ မရှိသလောက်ဖြစ်နေသည်ဟု  သူမက ပြောပါသည်။ ထို့အပြင် ပန်းချီပြခန်းသို့ လာရောက်အား ပေးကြည့်ရှုသူများသည် ပန်းချီအနုပညာအသိုင်းအဝန်းမှဖြစ်ပြီး ပြင်ပမှ လာရောက်ကြည့်ရှုသူ နည်းနေသေး သည်ကို ကြည့်ခြင်းအားဖြင့် အနုပညာတခုအနေဖြင့် လူတွေ ခံစားမှုမရှိဟု သူမက သုံးသပ်သည်။

῝ကျမအိမ်မှာဆိုရင် အဲဒီလိုပုံတွေကို အဝတ်နဲ့ဖုံးထားရတယ်၊ ဧည့်သည်လာပြီဆိုရင် မှောက်ပစ်ရတယ်၊ အိမ် မှာ ချိတ်ခွင့်မရှိဘူး၊ ဝှက်(ဖွက်)ထားရသေးတယ်၊ အနုပညာနဲ့ ဝေးနေတဲ့သူတွေဆို ပိုဆိုးသေး၊ ပုံမြင်ရင် “အား”ကနဲအော်ပြီး ထွက်ပြေးကြတယ်῎

မစန္ဒာခိုင် ရေးဆွဲခဲ့သော သတင်းပန်းချီကားများသည် ပြည်တွင်းတွင် ပြသခွင့်မရသဖြင့် ပြည်ပ(ချင်းမိုင်) တွင် ပထမဆုံးသွားရောက်ပြသခဲ့ပြီး နောက်ပိုင်းတွင်လည်း ပြည်ပမှာပင် ဆက်လက် ပြသခဲ့ပါသည်။ တချို့ သော ပန်းချီကားများသည် ပြသခွင့်မရပဲ တောက်လျှောက်အပိတ်ခံထားရပြီး အဆိုးရွားဆုံးမှာ ပြခန်း အပိတ်ခံထားရသည့်အထိ ဖြစ်ခဲ့ကြောင်း သူမဖြတ်ကျော်လာခဲ့ရသည့်အခြေအနေများကို ပြောပြသည်။

ပန်းချီဆွဲမည့်အခန်းသည် နေရာကောင်းရှိဖို့ အဓိကလိုအပ်သည်ဟုပြောပြီး ၎င်းမှာ သတင်းပန်းချီရေးဆွဲသူ အတွက် အခက်အခဲဆုံးဟု ဆိုပါသည်။

ဓါတ်ပုံ – ကောကော် (HI)

῝ရိုးရိုးသာမန်ပန်းချီဆွဲတဲ့သူထက် သတင်းပန်းချီဆွဲတဲ့သူက နေရာအခက်အခဲအတွက် အဆိုးဆုံးပဲ၊ ပန်းချီ ဆွဲတဲ့အခန်း သီးသန့်ရှိရမယ်၊ မိသားစုနဲ့ ရှိလို့မရဘူး၊ မိသားစုနဲ့ မော်ဒယ်ခေါ်ဆွဲရင် သားသမီးရှိတယ်၊ အမျိုး သားပန်းချီဆရာတယောက်အတွက်ဆိုရင်လည်း မိန်းမရှိတယ်၊ ဒါကြောင့် ကျမတို့လို သတင်းပန်းချီဆွဲတဲ့ သူတွေအတွက် ခက်ခဲတယ်῎

ထို့အပြင် အချို့သော ငွေကြေးပံ့ပိုးသူများ၊ နေရာခင်းကျင်းပြသပေးမည့်သူများကလည်း သတင်းပန်းချီကား များကို အားမပေးကြကြောင်း ပြောပါသည်။ ယခုအချိန်တွင် ပြသခွင့်ရသော်လည်း ရှောင်ရှားကြသူများ လည်း ရှိနေသေးသည်ဟု ဆိုသည်။

῝ပန်းချီကားခင်းကျင်းပြသဖို့ လက်ခံတယ်၊ ဒါပေမဲ့ လူအများ မမြင်နိုင်လောက်တဲ့ နောက်ကွယ်မှာပဲ ချိတ် ပေးထားတယ်῎

သူမသည် ပန်းချီကို မော်ဒယ်သရုပ်ဆောင်နှင့်သာ တောက်လျှောက်ဆွဲလာသူဖြစ်ပြီး စိတ်ကူးနှင့် ပုံဖော် ဆွဲတတ်သူ မဟုတ်ကြောင်း သူမ၏ ပန်းချီဆွဲသည့်အာရုံခံစားမှုကို ပြောပြပါသည်။

မြန်မာပြည်ထဲတွင် ကိုယ်ပိုင်ပန်းချီဆွဲသည့်အခန်း ပိုင်သောသူ ပန်းချီဆရာ (၁၀)ဦးခန့်သာရှိပြီး မစန္ဒာခိုင် ကတော့ ကိုယ်ပိုင်ပန်းချီဆွဲသည့်အခန်း မရှိသေးပါဟု ပြောပါသည်။ သူမအတွက် အခက်ခဲဆုံးမှာ မော်ဒယ် နှင့် နေရာ ရှာဖွေရခြင်းဖြစ်သည်။

အထူးသဖြင့် ပန်းချီလောကတွင် အမျိုးသမီးပန်းချီဆရာများအတွက် အကန့်အသတ်တွေ ရှိသည်ဟုလည်း သူမက ပြောပါသည်။

ဓါတ်ပုံ – ကောကော် (HI)

῝ဘာလုပ်ရင်မသင့်တော်ဘူး၊ ဒီနေရာတွေသွားရင် မိန်းကလေးပါလို့ အဆင်မပြေဘူးဆိုတဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတယ်” ဟု သူမက ပြောပါသည်῎

သူမအတွက် အားပေးသူပရိတ်သတ် ရှိရှိမရှိရှိ၊ မော်ဒယ်နှင့် နေရာရှိရင် ပန်းချီကို ရှေ့ဆက်ဆွဲသွားမည် ဟုလည်း ဆက်ပြောသေးသည်။

သူမသည် ပြည်ပမှာ ပန်းချီပြပွဲ(၆)ပွဲပြသခဲ့ပြီး ပြည်တွင်းတွင် (၃)ပွဲသာ ပြသခွင့် ရှိသေးသည်ဟု ဆိုသည်။ သူမ၏ပန်းချီကားများကို ကြိုက်နှစ်သက်သူများက စုဆောင်းဝယ်ယူလာသည့်အတွက် အသုံးစရိတ်များ ရခဲ့ သည်ကိုလည်း ပြောပြပါသည်။

῝ထမင်းစားဖို့ လောက်ပေမယ့် ငတ်တလှည့် ပြတ်တလှည့်ပါပဲ၊ ပန်းချီဆွဲတယ်ဆိုတာက ပုံမှန်ဝင်ငွေမရှိဘူး၊ လခစားမဟုတ်တဲ့အတွက်ကြောင့်ပါ။ ရောင်းလို့ရတဲ့ငွေတွေက ပန်းချီပစ္စည်းတွေ ပြန်ဝယ်ဖို့ပဲ ဖြစ်သွားတယ်῎

Related Articles