“ ပြီးခဲ့တဲ့ ဇူလိုင်လကဆိုရင် စခန်းမှာ စားသောက်ရေးအဆင်မပြေတာကို မီဒီယာသမားတစ်ချို့ကိုပြောမိလို့ နောက်တစ်ခါ ပြောရင် ရိက္ခာထပ်ဖြတ်ခံရမယ်လို့ စစ်ကောင်စီအစိုးရက အိုင်ဒီပီစခန်းတာဝန်ခံကနေတဆင့် ခြိမ်းခြောက်ပြောဆိုတာခံရ ဖူးတယ် ”
Administrator
-
-
” အခုချိန်အလိုအပ်ဆုံးက စားနပ်ရိက္ခာပေါ့၊ အလုပ်အကိုင်လည်းမရှိတော့ ပိုခက်ခဲကြတယ်။ အလုပ်အကိုင်လည်း ခေါ်တဲ့ဟာမရှိတော့ရေရှည်အတွက်တော့ ဘာမှအစီအစဉ်မရှိဘူးဖြစ်နေတယ်”
-
“ စစ်အာဏာသိမ်းပြီးနောက်ပိုင်းလူတိုင်းဘဝ မလုံခြုံတော့ပါဘူး။ အမျိုးသမီးတွေဆိုတာ ခန္ဓာဗေဒအရရယ်၊ လူ့အသိုင်း အဝိုင်း အမြင်အစွဲတွေအရ ပိုပြီး ထိခိုက်နိုင်တဲ့သူတွေဖြစ်တဲ့အခါ မလုံခြုံမှုအန္တရာယ်ပိုခံစားရတယ်”
-
ခမောက်တွေကို အော်ဒါမှာသူမရှိလဲ တောင်ယာထဲ ဆင်းလို့ မရတဲ့ အချိန်တွေဆို သူငယ်ချင်း အချင်းချင်းဖွဲ့ပြီး ပြုလုပ်ကြ လေ့ရှိပါတယ်။ ခမောက်တွေကို ရက်လုပ်လာတာဟာ နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့် ကမ်းပြီး လက်ရှိအချိန်ထိ တည်ရှိနေဆဲပါ။
-
“ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနဲ့ စစ်တပ်အာသိမ်းမှုကြောင့် ပြည်သူအများစုမှာ အဆင်မပြေဖြစ်နေကြသလို တိုင်းရင်းသား ဘာသာသင်တဲ့ ဆရာ၊ဆရာမတွေမှာလည်း စားဝတ်နေရေး အခက်အခဲတွေရှိနေတဲ့အတွက် ရသင့်ရထိုက် တဲ့ အခွင့်အရေးကို ပေးစေချင်တယ်”
-
“ဆန်က ထမင်းပဲချက်လို့ရတော့ တောထဲ ရှာလို့ဖွေလို့ရရင် ဟင်းနဲ့စားရတာပေါ့။ ရှာလို့မရရင်တော့ ဆန်ပြုတ်ပြုတ်သောက်တာများတယ်။ ဆန်လည်း ချွေတာရင်းပေါ့။ အိမ်လည်းမပြန်နိုင်သေးဘူးဆိုတော့ ဘယ်တော့များမှ ဒီလိုအခြေအနေဆိုးကနေ လွတ်မလဲမသိပါဘူး”
-
“There is no way of gender equality and human rights under the dictatorship. Democratic norms and gender equality can never stand with the Dictatorship.”
-
“တချို့စက်ရုံတွေဆိုလည်း သုံးလပိတ်မယ်။ နေ့စားခ (Dayကြေး) ပေးထားမယ်ဆိုတာတွေရှိတယ်။ တချို့ဆိုလည်း ပိတ်တယ် မပေးဘူးဆိုတာတွေလည်းရှိတယ်။ ဘာမှမပေးဘူး ပိတ်လိုက်တယ်ဆိုတာမျိုးတွေလည်းကြားရတယ်။ ပိတ်ရင်း ပိတ်ရင်းနဲ့အရှည်ဆွဲဆန့်ပြီးတော့ လျော်ကြေးလည်းမပေးဘဲ အပြီးပိတ်လိုက်တဲ့စက်ရုံတွေလည်းရှိတယ်”
-
” တိုက်ပွဲတွေက ဖြစ်လာမှာပဲဆိုပြီး စားစရာတွေ အရေးကြီး ပစ္စည်းပစ္စယတွေ ပြင်ဆင်ထားပေမယ့်၊ ဘယ်လိုနည်းလမ်းနဲ့ ရောက်လာမှာလဲ ကိုယ်တွေကရောဘယ်လို နေထိုင်ရမလဲ၊ ပြင်ဆင်ထားတဲ့ဟာတွေကရော တကယ်ကြုံလာရင် အသုံးဝင် မလားဆိုတာမသိဘူး”
-
မသီရိအဖို့ရွေးချယ်စရာအခြားမရှိပြီမို့ ခက်ခဲပင်ပန်းမယ်မှန်းသိလျက်နဲ့ ဆူးညောင့် လျှိုမြောင်တွေ တင်းကြပ်ပြည့်နေတဲ့ တောလမ်းခရီးကို အားတင်းပြီး ရှေ့ဆက်ရပါတယ်။ လမ်းခရီးကြမ်းတာကြောင့် စိတ်ဓာတ် ကျအားငယ်ကာ လက်လျှော့ လိုက်ရတော့မလားဆိုတဲ့အတွေးတွေ ခဏခဏဝင်ဝင်လာပေမယ့် သူအဖြစ်ချင်ဆုံး မျှော်လင့်ချက်လေး တစ်ခုကတော့ “သားလေးနဲ့ အမြန်ဆုံးပြန်တွေ့ခွင့်ရချင်တယ်” ဆိုတာပါပဲ။