“တော်လှန်ရေးပြီးရင် စာသင်ခန်းပြန်မယ် ”
” မြေဖြူကိုင်တဲ့လက်က သေနတ်ကိုင်ရမယ်လို့ မတွေးခဲ့ဖူးဘူး အိပ်မက်တောင်မမက်ခဲ့ဖူးဘူး”
This author has not written his bio yet.
But we are proud to say that Administrator contributed 770 entries already.
” မြေဖြူကိုင်တဲ့လက်က သေနတ်ကိုင်ရမယ်လို့ မတွေးခဲ့ဖူးဘူး အိပ်မက်တောင်မမက်ခဲ့ဖူးဘူး”
“ကိုယ်ဝန်ဆောင်တွေ လသားကလေးငယ်တွေ ပြင်ဆင်မှုမရှိဘူး။ နဂိုတည်းက ကိုဗစ်ကြောင့်ရော ကုန်ဈေးနှုန်းမြင့်တက် နေမှုကြောင့်ရော ကလေးငယ်ရဲ့နို့မှုန် အာဟာရမှုန့်တွေ ဝယ်မရတာတွေရှိတယ်။ တောထဲရောက်လာတဲ့အချိန် မိခင် ကိုယ်တိုင် ကအာဟာရမရှိတော့ ကလေးကိုနို့မတိုက်နိုင်ဘူး။ နို့မှုန့်လည်းမတိုက်နိုင်ဘူး။ အဲ့ဒီတော့ ကလေးတွေက အစာ အဟာရတွေမမျှတတော့ အမြဲဆာလောင်နေရတယ်။”
“ နိုင်ငံရေးအရအမျိုးသမီးတွေကို ဦးတည်ပြီး ကာယအိန္ဒြေ၊ လိင်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာ ထိပါးနှောက်ယှက် ပုတ်ခတ်တာ ဟာ အမျိုးသမီးတွေကို မလေးစားတာပါပဲ”
သန့်ရှင်းထွန်း။ ။ လွန်ခဲ့သည့် (၁၈) လခန့်ကတည်းက သတင်းအစအနပျောက်သွားခဲ့သည့် ရခိုင်ပြည်နယ် ကျောက် တော်မြို့နယ်မှ ရွာသား (၁၈) ဦး အိမ်ပြန်လာမည့်ရက်ကို မိသားစုဝင်များက မျှော် လင့်ကြီးစွာစောင့်နေကြသည်။ ကျောက်တော်မြို့နယ် တင်းမနှင့် တင်းမသစ်ကျေးရွာမှ ပျောက်ဆုံးသွားသည့် အမျိုးသား (၁၈) ဦးကို ၂၀၂၀ မတ်လအတွင်း တပ်မတော်ဘက်ကဖမ်းဆီးသွားခဲ့ပြီး၊ ထိုကတည်းက သတင်းအစအနပျောက်ခဲ့ရသည်ဟု မိသားစုဝင်များကဆိုသည်။ ရွာသားများအဖမ်းမခံရခင် ရက်ပိုင်းအလိုတွင် ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ် တော်(AA)တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်ဟုရွာခံများကဆိုသည်။ ထို့နောက်စစ်ကြောင်းများ ရွာထဲရောက်လာခဲ့ပြီးနောက် ရွာသားတချို့ အဖမ်းခံခဲ့ကြရသည်ဟု ဒေသခံများကဆိုသည်။ အိမ်ခြေ ၇၀၀ ကျော်ရှိပြီး လူဦးရေ(၄၀၀၀)ကျော်နေထိုင်သည့် တင်းမနှင့် တင်းမသစ် ကျေးရွာသည် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရပြီး အဖမ်းမခံရသည့် ရွာသားများသည်လည်း လက်ရှိတွင် စစ်ဘေးရှောင်စခန်းများတွင် […]
အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ သာမန်လူတွေအတွက်တောင် အခက်အခဲပေါင်းသောင်းခြောက်ထောင် ရင်ဆိုင်ကြုံ တွေ့ရပြီး မသန်စွမ်းတွေအတွက်ကတော့ ပိုဆိုးရွားနိုင်မှာပါ။ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အဖွဲ့အစည်းအတွေက ထုတ်ပြန်တာတွေရှိပေမယ့် မသန်စွမ်းတွေအတွက် ထည့်သွင်းစဉ်းစားတာ နည်းပါးတော့ မသန်စွမ်း အားလုံးကိုခြုံငုံပြီး အဆင်ပြေနိုင်မယ့် အစီစဉ်တွေ လုပ်ဆောင်ပေးသင့်တယ်လို့ မသန်စွမ်းအရေး ဆောင်ရွက် နေသူတွေက ပြောပါတယ်။
(အတွေးအခေါ်အယူအဆတရပ်က ပုံသွင်းပေးခဲ့တာကြောင့် တရုတ်အမျိုးသမီးပေါင်းများစွာဟာ လွဲမှားတဲ့ကျင့် သုံးမှုကို နှစ်ပေါင်းတထောင်ကျော် လိုက်နာကျင့်သုံးခဲ့ကြရတယ်ဆိုတာ သင်ခန်းစာယူစရာပါ။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုတာ လူမျိုးတမျိုးရဲ့ဂုဏ်အင်္ဂါတရပ်ဖြစ်တယ်ဆိုပေမယ့် ဒီဓလေ့ထုံးစံက လူ့အဖွဲ့အစည်း အတွင်းက အစိတ်အပိုင်းတခုကို ထိခိုက်နစ်နာစေမယ်ဆိုရင် ဒါကို မျက်စေ့စုံမှိတ်ပြီး လိုက်နာကျင့်သုံးကြမယ့် အစား ပြုပြင်ပြောင်းလဲကျင့်သုံးရမှာဖြစ်ပါတယ်)
“အိမ်မှာနေရင်း သားကြီးအတွက် အမြဲဆုတောင်းနေရတယ်။ ကျန်းမာရေးကောင်းဖို့ ဘေးဒုက္ခဆိုးတွေနဲ့ မကြုံဖို့ သူတို့ လိုချင်တဲ့ အမှန်တရားအတွက် အဆုံးထိတိုက်ပွဲဝင်သွားနိုင်ဖို့အကုန်လုံးပဲ”
“ကပ်ဘေးဒုက္ခကြားမှာ ရှင်သန်အောင် ကြိုးစားနေကြရတဲ့ မြန်မာပြည်အနှံ့အပြားက သားသည်မိခင်တွေဟာ စစ်အာဏာ ရှင်တွေကြောင့် ဝန်ထုပ်ဝန်ပိုးတွေ ပိုမိုလေးလံလာနေပါတယ်။ မိခင်တွေ၊ အိမ်ရှင်မတွေရင်ဆိုင်တိုက်ခိုက်နေရတဲ့ မီးဖိုချောင်စရိတ်တိုက်ပွဲဟာ ဘယ်လောက်ကြာရှည်ဦးမယ်၊ ဘယ်လောက်ထိ တောင့်ခံနိုင်မယ်ဆိုတာ အားလုံးမသိကြ သလို၊ ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အဖြေကလည်း သူတို့မှာ ရှိမနေကြပါဘူး။ ”
“ကလေးတွေ ငယ်ငယ်ကဆို ဓားတစ်ချောင်းလာအပ်ပြီဆိုရင် ကျွန်မက ဖိုထိုးတာတွေဘာတွေက အစ အမျိုးသားကို ဝိုင်းကူ လုပ်ရတာ။ ဒီလုပ်ငန်းနဲ့ပဲ စားဖို့၊ ဝတ်ဖို့၊ ကလေးတွေ ကျောင်းထားဖို့ ရှာခဲ့တာ။ ကိုယ်က ရိုးရိုးသားသား မိဘလုပ်ငန်းကို အမွေဆက်ခံပေးချင်ပေမယ့် အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့အခါ ဒီပညာတွေကို ပေးဖို့ တော်တော်စဉ်းစားရတယ်”
“ သမီးလေးကို လက်နက်ကြီးကျပြီး ဒဏ်ရာရသွားတဲ့နေ့ဟာ ဖေဖော်ဝါရီ-၁၃ ရက်နေ့၊ အဲဒီနေ့ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၅) နှစ်မြောက်မွေးနေ့၊ မြန်မာနိုင်ငံရဲ့ကလေးများနေ့လို့ လူတွေက ပြောကြပါတယ်။ ကျွန်မတို့သမီးကလေးက ကျောင်းတက်နေရင်း လက်နက်ကြီးဒဏ်ရာရပြီး သေလုမျောပါးဖြစ်သွားခဲ့ရတယ်။ သမိုင်းဝင် သွေးစွန်းသွားခဲ့ရတဲ့ ကလေးများနေ့တစ်နေ့ပါပဲ”

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။