Home ဆောင်းပါး စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ချင်းပြည်နယ်က CDM ကျောင်းဆရာမတွေ

စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ချင်းပြည်နယ်က CDM ကျောင်းဆရာမတွေ


Honest Information (HI)
ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မတရားစစ်အာဏာသိမ်းယူမှုကို နည်းမျိုးစုံ၊ ပုံစံမျိုးစံနဲ့ တွန်းလှန်တော်လှန်နေကြတဲ့ တစ် နိုင်ငံလုံးက ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေလိုပဲ ချင်းပြည်နယ်က အခြေခံပညာရေးကျောင်းတွေက ဆရာ၊ဆရာမတွေ လည်း ပါဝင်နေကြတာဖြစ်ပါတယ်။

သူတို့တွေက Civil Disobedience Movement လို့ ခေါ်တဲ့ အကြမ်းမဖက်ဘဲ အာဏာဖီဆန်တဲ့နည်းနဲ့ စစ်အာဏာသိမ်းယူ မှုကို တော်လှန်နေကြသလို တချို့ဆရာ၊ဆရာမတွေဆိုရင်လည်း လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်ကို တော်လှန်ကြောင်း ဆန္ဒပြမှုတွေမှာ ကိုယ်တိုင်ပါဝင်နေကြတာပါ။

အထူးသဖြင့် CDM ဝန်ထမ်းတွေကြောင့် စစ်အာဏာရှင်တွေရဲ့ အစိုးရယန္တရား ရပ်ဆိုင်းသွားရခဲ့ရပေမယ့်လည်း တဖက်မှာ တော့ CDM မှာ ပါဝင်တဲ့ဆရာ၊ဆရာမတွေအပြင် တခြားသော CDM အစိုးရ ဝန်ထမ်းတွေအနေနဲ့ သုံးလနီး ပါးကြာလာချိန် မှာတော့ ငွေကြေးဆိုင်ရာအခက်အခဲတွေကို ရင်ဆိုင်လာနေရပြီး နေထိုင်စားသောက်ဖို့အတွက် အခက်အခဲနဲ့ စိန်ခေါ်မှု တွေ ကြုံလာနေရပါတယ်။ ဒီအထဲမှာ ချင်းပြည်နယ်က CDM လုပ်တဲ့ဆရာ ဆရာမတွေက ပိုပြီးခက်ခဲမှုတွေနဲ့ရင်ဆိုင် နေရတာဖြစ်ပါတယ်။

ချင်းပြည်နယ်ဟာ တောင်ပေါ်ဒေသတစ်ခုဖြစ်သလို နိုင်ငံတွင်းမှာလည်း အစိုးရအဆက်ဆက် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်း တွေလုပ်ကိုင်နိုင်မှုအားနည်းခဲ့ပြီး မေ့လျော့ခံပြည်နယ်တစ်ခုလိုဖြစ်နေတာကြောင့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ၊ လျှပ်စစ်မီး မရရှိတာတွေ၊ အင်တာနက်နဲ့ဖုန်းလိုင်းတွေအားနည်းတာတွေစတဲ့ အခက်အခဲမျိုးစုံရင်ဆိုင်နေ ရတဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနောက်ကျဆုံး ပြည်နယ်တစ်ခုပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုဘိုင်းအင်တာနက်လိုင်းတွေ မရတော့တဲ့အခါ ရန်ကုန်နဲ့မန္တလေးအပါအဝင် တချို့ မြို့တွေ ကတော့ Fiber Internet တွေ ရနိုင်နေသေးပေမယ့်လည်း နယ်စပ်ဒေသမြို့တွေနဲ့ တချို့ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသ တွေမှာတော့ အင်တာနက်မရရှိတာ နှစ်လနီးပါးရှိလာတဲ့အပေါ်မှာ အင်တာနက်အသုံးပြုပြီး သတင်းအချက်အလက်ရယူ တာတွေ၊ ငွေလွှဲငွေထုတ်တာတွေစတဲ့လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ခက်ခဲလာပါတယ်။

ချင်းပြည်နယ်မှာတာဝန်ထမ်းဆောင်နေတဲ့ မူလတန်းဆရာမဒေါ်အေးချမ်းက ” ကျွန်မတို့က ဖေဖော်ဝါရီဒုတိယပတ်က တည်းက CDM ဝင်လိုက်ကြတာပေါ့နော်။ ဒီတော့ ၂လပိုင်းနဲ့၃လပိုင်း လစာတော့ရလိုက်တယ်၊ အခု ၄ လပိုင်းကတော့ လစာမရတော့ဘူး။ ဒီမှာက တချို့စားသောက်ကုန်တွေလည်း ပစ္စည်းပြတ်နေပြီ၊ CDM Support လည်း မရသေးဘူး။ အခုနောက်ပိုင်းက အင်တာနက်ပါမရှိတော့ ရန်ကုန်မိဘတွေက ငွေလွှဲပေးဖို့တောင် မရနေတော့ တော်တော်ခက်ခဲတယ်ပဲ ပြောရမှာပေါ့နော်” လို့ ပြောပါတယ်။

ချင်းပြည်နယ်ဟာ အခုချိန်မှာ အင်တာနက်ရရှိဖို့ခက်ခဲနေသလို လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုပြတ်တောက်နေတာကို ကြုံတွေ့နေရပါတယ်။ ဒါတွေကြောင့် ချင်းပြည်နယ်က CDM ဝန်ထမ်းတွေကို အထောက်အပံ့တွေပေးပို့ ကူညီနိုင်ဖို့အတွက် မလွယ်ကူသလို ငွေလွှဲကူညီတာတွေလည်း မလုပ်ဆောင်နိုင်တော့ တာ ကြောင့် CDM ဆရာမတွေအနေနဲ့ ငွေကြေးကြပ်တည်းတဲ့အခက်အခဲကို ရင်ဆိုင်နေရတာပါ။

အင်တာနက်မရတာနဲ့အတူ ငွေလွှဲငွေထုတ်တာတွေ မလုပ်နိုင်တာကလည်း ဒေသတွင်းကုန်စည်စီးဆင်းမှုအပေါ် သွယ်ဝိုက် တဲ့နည်းနဲ့သက်ရောက်မှုတွေလည်း ရှိနေပါတယ်။ အခြေခံစားသောက်ကုန်စည်တွေအတွက် ကျသင့်ငွေကို ဘဏ်တွေက နေ ငွေလွှဲလို့ အရင်လိုမလွယ်ကူတော့ပါဘူး။

အထူးသဖြင့် ဖုန်းကြိုတင်ငွေဖြည့်ကဒ်တွေ ဝယ်ယူဖို့တောင် ကဒ်လက်ကျန် မလုံလောက်တာတွေကြောင့် ရန်ကုန်က လူတွေဆီကနေ ဖုန်းဘေလ်အကူအညီရယူနေရတာလည်း ရှိနေကြပါတယ်။

” ကျွန်မတို့က အင်တာနက်မရတော့ သတင်းတွေသိချင်ရင် ရန်ကုန်ဦးလေးတွေဆီ ဖုန်းဆက်လှမ်းမေးရတာ။ အခုက ဘေလ်ကဒ်တောင်ဝယ်မရတော့ ရန်ကုန်က ဦးလေးနဲ့အဒေါ်ဆီက တစ်လကို ဖုန်းဘေလ်တစ်သောင်းလောက်တော့ အကူ အညီယူရတာပေါ့” လို့ CDM ဝင်နေတဲ့ ချင်းပြည်နယ်က မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးက ပြောပါတယ်။

အင်တာနက်မရတဲ့အတွက် တိကျသေချာတဲ့ သတင်းတွေရနိုင်ဖို့လည်း ခက်နေသလို စစ်ကောင်စီရဲ့ဝါဒဖြန့်လိုင်းတွေပဲ ကြည့်ရှုနေရတာမို့ မြဝတီနဲ့မြန်မာ့အသံရဲ့ သတင်းအမှားတွေကလည်း CDM ဝန်ထမ်းတွေအပေါ် စိတ်ဖိစီးမှု ပိုမိုများပြား လာစေပါတယ်။

အဲ့ဒီရုပ်သံလိုင်းတွေက ဝါဒဖြန့်ထုတ်လွှင့်သလို တကယ်ပဲအရေးတော်ပုံကို လူတွေကလက်လျော့လိုက်တာလား၊ တကယ်ပဲ သင်္ကြန်တွေဆော့နေတာလားဆိုတာမျိုးတွေကလည်း သတင်းမှန်ကန်စွာမရရှိတဲ့ CDM ဝန်ထမ်းတွေအတွက် စိတ်ရှုပ်စရာ တစ်ခုဖြစ်နေတာပါ။

” လောလောဆယ်တော့ မတတ်နိုင်ပေမယ့် တစ်ရက်တစ်ခါ မဟုတ်ရင် နှစ်ရက်တစ်ခါတော့ ရန်ကုန်ကိုဖုန်းဆက်ပြီး သတင်း မှန်တာတွေ၊ အခြေနေတွေသိလို့ ရနိုင်သလောက်တော့ မေးရတာပေါ့နော်။” လို့လည်း ဆရာမဒေါ်အေးချမ်းက ပြောပြပါ တယ်။

နောက်ထပ်ဆရာမတွေကြုံနေရတဲ့ အခက်အခဲတစ်ခုလည်း ရှိပါသေးတယ်။ စစ်ကောင်စီဘက်က ကျောင်းတွေကို ရှိတဲ့ ကျောင်းသား၊ ရှိတဲ့ဆရာမနဲ့ တစ်မြို့နယ်ကို အနည်းဆုံးတစ်ကျောင်းပဲ ဖွင့်နိုင်ရင်တောင် ရအောင်ဖွင့်မယ်လို့ ကျောင်းအုပ် ကြီးတွေကို ပြောထားကြတာပါ။

ကျောင်းပြန်ဖွင့်နိုင်အောင် လုပ်ပေးမယ့် ဆရာ၊ဆရာမတွေကိုတော့ သက်ညှာစဉ်းစားပေးမယ်ဆိုပြီး ချိန်းခြောက်တာတွေရှိ နေတယ်လို့လည်း ဆရာ၊ဆရာမ အသိုင်းအဝိုင်းတွေဆီကနေ ကြားသိရတာတွေရှိနေပါတယ်။

” ဟုတ်တယ်၊ အဲ့လိုကျောင်းတွေကို ရတဲ့နည်းနဲ့ ပြန်ဖွင့်မယ်လို့လည်း ကြားတယ်။ ကျွန်မတို့ကျတော့ အခုချိန်မှ ရန်ကုန် ပြန်မယ်ဆိုလည်း ဒီမြို့လေးမှာက အကုန်လုံးက တစ်ယောက်နဲ့တစ်ယောက်သိနေကြတာဆိုတော့ ပြန်ထွက်ဖို့လည်း မလွယ်ပါဘူး။ ဒလန်တွေကရော ကျွန်မတို့ပြန်မှာကို သတင်းမပေးပဲနေမလား။ ပေးကိုပေးမှာပဲလေ။ ပြီးတော့ ၃ လ လောက်နိုင်မယ်လို့ယုံလို့ကို မပြန်ခဲ့တာလေ။ အခုချိန်မှ ဖမ်းခံရမယ့်အနေအထားမှ ရန်ကုန်ပြန်တာမျိုးတော့ မလုပ်တော့ ဘူး” လို့ ဆရာမဒေါ်အေးချမ်းက ပြောပါတယ်။

နယ်စပ်ဒေသမြို့အများစုမှာ ၅ လပိုင်း ၁၅ ရက်နေ့ကို အခြေခံပညာကျောင်းတွေကို ဆရာမတွေအနေနဲ့ သင်ကြားရေး ပြန်ဝင်ပြီး တစ်နှစ်ကို နှစ်တန်းနှုန်း သင်ကြားရမယ်လို့ စစ်ကောင်စီဘက်ကနေ ဖိအားပေးတာတွေရှိနေပါတယ်။

ဒါတွေက သင်ကြားရေး ဆရာ၊ဆရာမတွေကို စစ်ကောင်စီက စွမ်းရည်မြင့်သင်တန်းတွေပေးဖို့ဆိုပြီး သင်တန်းတက်ခိုင်းရာ မှာ သင်တန်းမတက်တဲ့ ဆရာ၊ဆရာမေတွကို CDM အဖြစ် အလွယ်တကူသိရှိနိုင်တဲ့ပုံစံနဲ့အတူ ဖိအားပေးသတင်းရယူ တာတွေရှိတာကြောင့် CDM ဆရာမတွေအတွက် မလုံခြုံတဲ့အခြေနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဆရာမတွေအနေနဲ့ လက်ရှိမှာ CDM စာရင်းအတိအကျနီးပါးက စစ်ကောင်စီရဲ့ လက်ထဲရောက်ရှိနေတာကြောင့် ကျောင်း တွေပြန်မဖွင့်နိုင်ခင်မှာပဲ ချိန်းခြောက်မယ့်ပုံစံနဲ့ လာရောက်ဖမ်းဆီးမှာလား၊ ဒါမှမဟုတ် ကျောင်းဖွင့်ပြီးနောက်ပိုင်း စာလာ မသင်တဲ့ ဆရာမတွေကို ဖမ်းဆီးသွားမှာလားဆိုတာတွေကလည်း စိုးရိမ်ပူပန်နေရတဲ့ အနေအထားတစ်ခုဖြစ်နေတာပါ။

” လောလောဆယ်တော့ ဒီလကုန် ဆန်တစ်အိတ်လောက်ရရင်တောင် ဆက်ပြီး CDM ဝင်နိုင်အောင်တောင့်ခံသွားမှာပါ။ ကျွန်မကမိဘဆိုတော့ ကိုယ်တော့အငတ်ခံနိုင်ပေမယ့် ကလေးတွေကိုတော့သနားတယ်”လို့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မူလတန်းကျောင်းအုပ်ဆရာမက ဆက်ပြောပြပါတယ်။

လက်ရှိမှာ ဒီလိုစိန်ခေါ်မှုအသစ်တွေဖြစ်တဲ့ စားဝတ်နေရေးခက်ခဲတာတွေ၊ သတင်းအချက်လက်မှန်ကန်စွာရဖို့ ခက်ခဲနေ တာတွေ၊ ကျောင်းပြန်ဖွင့်နိုင်ဖို့ စစ်ကောင်စီရဲ့ဖိအားပေးနေတာတွေရှိနေပေမယ့်လည်း ဆရာ၊ဆရာမတွေကတော့ CDM ကို အရှုံးမပေးဘဲ ရင်ဆိုင်သွားမယ်လို့ ပြောဆိုနေကြသလို ပြည်သူတွေနဲ့အလှူရှင်တွေဆီကလည်း စားသောက်ရေး အတွက် အကူညီတွေတကယ်ကိုလိုအပ်နေတာမို့ အလှူရှင်တွေနဲ့ချိတ်ဆက်နိုင်ဖို့ကိုလည်း ကူညီပေးရေးအဖွဲ့တွေက ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

Related Articles