Home Author
Author

Administrator

  • “ဒီကာလ အားလုံးကခက်ခဲကြတယ်ဆိုပေမယ့် ကျမတို့လို ဧည့်မျှော်ပြီး အလုပ်လုပ်ရတဲ့သူတွေကတော့ ပိုကျပ် တည်းတာပေါ့။ အရင်ကိုဗစ်ထက် စစ်တပ်ခေတ်မှာ ရှာဖွေရတာ ပိုခက်ခဲတယ်။ ခုဆို အလုပ်မရှိတာ ၂ နှစ်နီးပါး ရှိပြီ။ ရှိတာလေးတွေ ရောင်းစားရင်းနေရတာပေါ့”

  • Women with disability faced more difficulty

    by Administrator
    1044 views

    “Some people with disability and elder people are staying in a monastery or hiding in the safe places, but if something happens, some people will be ok to move away but some are not. Some people said they will die here.”

  • “ ပညာတွေရဖို့ကမနည်း ကြိုးစားသင်ခဲ့ရတာထမင်းမစားဘဲနဲ့လေ့ကျင့်ခဲ့ရတာ။ အမြဲတမ်းပြန်လုပ်နေချင်တယ်။ အသက် ကြီးလို့ မကနိုင်တော့ဘူးဆိုတဲ့အချိန်မှနားချင်တယ်။ ဒီပညာကလည်းလွယ်လွယ်နဲ့ရတာ မဟုတ်တော့ အခုလိုနားနေချိန်မှာ ပိုနှမြောမိတယ်”

  • “ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဖြစ်တဲ့ အချိန်တုန်းက အကန့်အသတ်တွေ လုပ်ထားပေမယ့် ပြည်တွင်းခရီးသွားဧည့်သည်တွေ လာသေးတော့ တစ်လမှာ နှစ်ခေါက်သုံးခေါက်ထွက်ရုံနဲ့ စားဝတ်နေရေးက ဖြေရှင်းလို့ ရသေးတယ်။ အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းကျတော့ လုံးဝမထွက်ရတော့ဘူး။ အာဏာသိမ်းတာရဲ့ ရိုက်ခတ်မှုက ကျွန်မတို့လို အောက်ခြေလူတန်းစားတွေကို တော်တော်ကြီးကြီးကို ထိတယ်။ မြင်းလှည်းတောင် ရောင်းလိုက်ရတဲ့ ဘဝရောက်သွားတယ်”

  • ” အပြင်ထွက်တဲ့အချိန် သူတို့ကို မြင်တာနဲ့ ဘာရယ်မဟုတ်ဘူး စိတ်ကလန့်နေတာ၊ နောက်ပြီး ပစ်ခတ်တာတွေ ဗုံးပေါက်ကွဲ ဘာညာလည်း ကြားနေရတော့ ကိုယ့်ထိမလားဆိုတဲ့အတွေးနဲ့ စိတ်ကမလုံခြုံတာအမှန်ပဲ “

  • ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အသွားအလာ ပိတ်ပင်ထားပြီး မလွတ်လပ်သည့်အပြင် နေရာတိုင်းမှာလည်း စစ်ဆေးရေးဂိတ်တွေလည်း အများပြားရှိလာပါတယ်။ ယခုဆိုရင်ကိုဗစ်-၁၉ ရောဂါ ပျံနှံ့နေမှုကြောင့် ဟိုပုံး တောင်ကြီးစစ်ဆေးရေးဂိတ်အနီး တောင်ကြီးမြို့သို့ သွားမည့် မည်သူမဆို ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးရမည် ဖြစ်ပြီး စစ်ဆေးခ ၁၀,၀၀၀ ကျပ်လည်း ပေးဆောင်ရမယ်လို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတွေက ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်မှုကြောင့် ဆန်၊ ဆီး၊ ဆားကုန်ရင် တောင်ကြီးကို တက်လာပြီးဈေးသုံးနိုင်ဖို့ အတွက် အခက်တွေ့ နေရပါတယ်။ ဘာလို့လည်းဆိုတော့ ငွေကျပ် ၁၀,၀၀၀ ဆိုတာဟာ တောင်သူတွေရဲ့ ၃ ရက်စာ လုပ်အားခလောက်ဖြစ်နေလို့ပါပဲ။

  • “ကိုယ်ထင်တာကတော့ ဒီနေ့မနက်ဖြန်သင်တန်းတက် ပြီးတော့တိုက်၊ ပြီးတော့ ပြန်ရမယ်ဆိုတဲ့ စိတ်နဲ့ တောထဲကို ရောက်ခဲ့တယ်။ တောထဲကိုရောက်တဲ့အချိန်ကျမှ ဖြတ်သန်းလာခဲ့ရတဲ့ ဒေသတွေမှာ စစ်တပ်ရဲ့ ရက်စက်ထားမှုတွေ၊ ဒေသခံ ပြည်သူရဲ့ခံစားချက်တွေကို ပိုပိုသိလာတဲ့အခါမှာ လုံးဝကို အောင်မြင်မှုမရမချင်း မပြန်တော့ဘူးဆိုတဲ့ စိတ်ဆုံးဖြတ်ခဲ့တယ်၊ အခက်အခဲတွေ အရမ်းတွေ့ရတယ်”

  • “အခုလက်ရှိ ပညာရေးကို မနှစ်သက်လို့ အခြေအနေအရ ကျောင်းမပို့ဘဲ Homeschooling လုပ်နေတဲ့ မိဘတွေ၊ ကျောင်းသားတွေအနေနဲ့ စာသင်ကြားခြင်းအပြင် Life Skills နဲ့ ပတ်သက်တာတွေကိုပါ သင်ယူလေ့လာစေချင်တယ်၊ စာကို တန်းရဖို့တစ်ခုတည်းအတွက် သင်တာမျိုးမဟုတ်ဘဲ အသိပညာတိုးတက်အောင် ဘဝအတွက်လိုအပ်တဲ့ ပညာတွေ ကို လေ့လာတဲ့ပုံစံမျိုး၊ ပုံမှန်လေ့လာမှုမျိုးကို လုပ်သွားစေချင်တယ်၊ ဒီလိုလေ့လာထားမယ်ဆိုရင် အချိန်ဘယ်လောက် ကြာကြာ ကျောင်းပြန်တက်ရသည်ဖြစ်စေ၊ မတက်ရသည်ဖြစ်စေ အရေးကြီးတော့ဘူး”

  • “လိုင်းခန်းက ဆင်းပေး ဆိုရအောင်ကလည်း ပြေးနေရသူဆိုတော့ ဆင်းတယ်လေ။ တရားစွဲမယ်ဆိုလည်း စွဲပေါ့။ သူတို့ခြိမ်းခြောက်တာမကြောက်လို့လည်း တော်လှန်နေတာ။ ငတ်ငတ်သေသေ ဆက်တိုက်မှာပဲ”

  • ” ဒီကာလက ဝင်ငွေနည်းပြီး ထွက်ငွေများတယ်။ ထွက်ငွေသာများသာ ကောင်းကောင်းမစားရပါဘူး။ အရင် (ကိုဗစ်ကာလ)နဲ့အခုဆို အခုက ပိုခက်ခဲတယ်။ ဈေးအရောင်းအဝယ်တွေကအစ အကုန်ပါးဆိုတော့ အဆင်မပြေဘူး။ တော်တန်ရုံလူတွေက စားဖို့လောက်ပဲ အာရုံထားတော့ အပိုဘာညာအထွက်မခံကြဘူး “