ရခိုင်ရိုးရာမြေထည်လုပ်ငန်းကို ထိန်းသိမ်းနေသော အမျိုးသမီးများ
“ဟိုအရင်တုန်းကဆိုရင်တော့ ကျွန်မတို့ ထုတ်လုပ်လိုက်သမျှ မြေထည်ပစ္စည်းတွေကို မိုးမကျခင် ကုန် အောင် ရောင်းချနိုင်ခဲ့တာပေါ့။ အခု ဒီဖက်နှစ်တွေမှာတော့ ကျွန်မတို့ထုတ်လုပ်လိုက်တဲ့ မြေထည်ပစ္စည်းတွေကို ခါတိုင်းလို ရခိုင်ပြည်နယ်အနှံ့ကို လှည့်လည်ရောင်းချဖို့ အခြေအနေမပေးခဲ့ဘူး။ ဒီတော့ ပစ္စည်းတွေ တင်ကျန် နေတာ တွေရှိပါတယ်။ ကျွန်မတို့လို တပိုင်တနိုင်လုပ်နေကြတဲ့ မြေထည်အိုးဖုတ်လုပ်ငန်းလုပ်ကိုင်သူတွေအ တွက်ကတော့ တစ်နှစ်ထက်တစ်နှစ် စိန်ခေါ်မှု ကြီးမားလာပါတယ်။”


