Home အမျိုးသမီးများအသံ
Category:

အမျိုးသမီးများအသံ

အမျိုးသမီးများအသံ

  • “ဒီ CDM လုပ်တဲ့ တစ်လျှောက်မှာ အမှန်တိုင်းပြောရရင် စိတ်လုံခြုံမှုမရှိဘူး။ မလွတ်လပ်ဘူး။ စားဝတ်နေရေးလည်း ကိုယ့် ဘာသာကို ဈေးရောင်းပြီး ရပ်တည်နေရတာ။ ခက်ခဲတယ်။ သူများတွေထက် ပိုကြိုးစားရတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာတွေက ဘာမှလုံခြုံမှုမရှိနေဘူး။ အစ်မတို့ရှေ့မှာပဲ ဖမ်းတာတွေရှိတော့ ပိုလို့တောင် စိတ်လုံခြုံမှု မရှိဘူး။ ကိုယ့်နိုင်ငံ လည်း သူများနိုင်ငံနဲ့ နည်းတူ ဖွံ့ဖြိုးရမယ်၊ တိုးတက်ရမယ်၊ ဒီမိုကရေစီဆိုတဲ့ အနှစ်သာရ အရသာကို အပြည့်အဝ ခံစားစေချင် တယ်။ စစ်အာဏာရှင်ကို တော်လှန်ရေးတာက အစ်မတို့ နောက်ဆုံးပေါ့ ဆိုတဲ့ စိတ်နဲ့‌တောင့်ခံပြီး နေနေရတယ်”

  • “ တရားရုံးကို တခါတလေ စိတ်ပျက်မိတယ်။ စစ်အာဏာရှင်ကြောင့် ပိုမိုကျန့်ကြကြာသွားတော့ စစ်အာဏာရှင်ကို ပိုမုန်းမိတယ်။ အမိန့် မချနိုင်သေးတော့ ဘာမှလုပ်မရဘူး။ စားဝတ်နေရေးတွက် နိုင်ငံခြားထွက် အလုပ်လုပ်ပြန်လည်း ခနနေ ရုံးချိန်းများ ရှိမှာလား။ အမိန့်များ ချတော့မှာလားလို့ တွေးမိပြီး ဘယ်မှ မသွားရဲဘူး။ အခုထိ ခြံအလုပ်လေး လုပ်လိုက် နေ့စားလိုက်လိုက်နဲ့ပဲ ဖြတ်သန်းနေတာ။
    ပြီးတော့ ဒီသိုင်းဝိုင်းထဲကနေ ရုန်းထွက်ချင်မိတယ်။ မိဘတွေ ကတော့ အားပေး နှစ်သိမ့်ပေမယ့် တချို့ ပတ်ဝန်းကျင်ကတော့ လှောင်တာမျိုးတွေတော့ ရှိတယ်။”

  • “ကျနော်တို့အမျိုးသမီးထုဟာ ခွန်အားအရာမှာတော့ အကြမ်းဖက်စစ်ကောင်စီထက် နည်းကောင်းနည်း လိမ့်မယ်။ သို့သော် ငြားလည်း တော်လှန်လိုစိတ်၊ သတ္တိတွေဟာ လုံးဝဘယ်သူမှ မယှဉ်နိုင်တာမျိုးရရှိတယ်။ ကျဆုံးသွားရတဲ့အမျိုးသမီးတွေ အတွက် သူတို့ထက်ပိုပြီးတော့ နှစ်ဆပိုတိုက်ပေးရလိမ့်မယ်။ သူတို့ရဲ့ဝိဉာဉ်တွေ ကျနော်တို့မှာ ပူးကပ်စွဲဝင်နေပြီးတော့ ဒီတော်လှန်ရေးကို အဆုံးစွန်အထိတိုက်သွားမယ်။”

  • “အမေတို့ကလည်း (၈၈)တုန်းက တက်တက်ကြွကြွနဲ့ပါဝင်ခဲ့ကြတဲ့ သူတွေဆိုတော့ ကိုယ်တွေ နိုင်ငံရေးလုပ်တာကိုနားလည်တယ်။အပစ်အခတ်တွေ ကြမ်းကြမ်းတမ်းတမ်းမရှိခင်တုန်းကဆိုရင် မနက်ဆန္ဒထွက်ပြမယ်ဆိုရင် အမေက အဝတ်အစားပြင်ဆင်ပေးတာက အစစီစဉ်ပေးတယ်။ ဆောင်ရရှောင်ရမှာတွေကို အမေကပြောပြပေးတယ်။ အမေနဲ့ပြန်တွေ့ရင် အလုပ်ချင်ဆုံးအရာကတော့ အမေနဲ့အတူတူ အေးအေးချမ်းချမ်းနဲ့ ခရီးသွားချင်တယ်။ ” (ကိုသွေးသစ် )

  • နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံ(၁)ညီမက အခုမှ ပထမဆုံးမဲပေးတာဆိုတော့ကြိုပြီးတော့ ပြင်ဆင်လာရတယ်။ စိတ်တွေ အရမ်းလှုပ်ရှားပြီး လက်တွေပါ တုန်နေတာ။ မဲပေးရတာတော့ အဆင်ပြေပါတယ်။ ကိုဗစ်ကလည်း…

  • “လက်နက်ကြီးပစ်ချတာက ကြောက်စရာအကောင်းဆုံးပဲ။ ရောဂါက လေထဲမှာလွင့်သွားတာတို့ဘာတို့ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ အစိုးရစစ်တပ်ကနေ လာပစ်ချတဲ့ လက်နက်ကြီးကတော့ ကျမတို့ဘိုးဘွားခေတ်ကတည်းက ရင်ဆိုင်ကြုံတွေ့ခံရပြီးပြီ။ သူတို့တွေက မပြန်ဘူးဆိုရင် ကျမတို့ခေတ် သားသမီး…

  • ῝ကရင်ပြည်သူလူထု၊ ကရင်အမျိုးသားတွေ အကြီးအကျယ် ဒုက္ခရောက်နေတာကို မကြည့်ရက်တော့ဘူး။ ပြေး လွှားရ၊ မုဒိန်းကျင့်ခံရ၊ သတ်ဖြတ်ခံရ၊ ကိုယ်ဝန်သည်တွေလည်း ကိုယ်ဝန်ပျက်ကျ၊ ပေါ်တာဆွဲရခံရနဲ့ အဲဒါတွေ ကြည့်ပြီး ကျမရင်ထဲမှာဆို့ပြီး ကွဲအက်မတတ် ခံစားခဲ့ရတယ်။

  • လက်နက်ကိုင်တွေကြားထဲမှာမြေစာပင်ဖြစ်ခဲ့ရတာတွေ အရင်က မသိခဲ့ဘူး။ တိုင်းရင်းသားဒေသက မိခင်၊ ကလေး၊ အထူးသဖြင့် အမျိုးသမီးတွေ တိုက်ပွဲကြောင့် ဆုံးရှုံးခဲ့တာတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ အကုန်လုံးကို ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ရှင်သန်စေချင်တယ်῎

  •   ကောကော်။         ။ (၁) ဒေါ်ခင်မိုးမိုး တရားလွှတ်တော်ရှေ့နေ တောင်ကြီးတရားမျှတမှုစင်တာအကြီးတန်းဥပဒေအကြံပေး မြန်မာနိုင်ငံလွှတ်လပ်သော ရှေ့နေများအတွင်းရေးမှူး ၂ ῝ နိုင်ငံတနိုင်ငံအတွက် အရမ်းအရေးကြီးတယ်ဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံဥပဒေကို…

Older Posts