Home အမျိုးသမီးများအသံ တရားမျှတမှုရရှိဖို့အတွက် မျှော်လင့်နေတဲ့အမျိုးသမီး

တရားမျှတမှုရရှိဖို့အတွက် မျှော်လင့်နေတဲ့အမျိုးသမီး

“ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အဖက်မှုတွေ ရပ်တန့်ရေးဆိုတာ အမျိုးသမီးများကို လေးစားရမယ် အနိုင်မကျင့်ရဘူး လို့ မြင်တယ်။ ဒါပေမယ့် ကျမတို့ အသိုင်းဝိုင်းက အမျိုးသမီးတွေကို မလေးစားကြဘူး အထင်သေးတယ်။ ကျမဆို ဒီလိုကျူးလွန်ခံရတာ ပတ်ဝန်းကျင်က ဖေးမကူညီပေးဖို့ မပြောနဲ့ “နင်မှ အနေထိုင် မတတ်တာ” ဆိုပြီး ဝိုင်းပြော အပြစ်တင်ကြတာ။ အာဏာသိမ်းပြီးကတည်းက တရားရုံးမှာ ရုံးချိန်းလည်း မရှိ ခေါ်တာလည်း မရှိတော့ အမှု ဒီတိုင်းပြီးသွားမှာ ကြောက်တယ်။ ဘာလုပ်ရမှန်းလဲ မသိဘူး မြန်မြန်ပြီးစေချင်ပြီလေ။”(နန်းခမ်းအေး ၊တရားမျှတမှုရရှိဖို့အတွက် မျှော်လင့်နေတဲ့အမျိုးသမီး)

“ကျမက ဒီလို အကြမ်းဖက်ခံရပေမယ့် နောက်နောင် အမျိုးသမီးတွေ ကျမလို မခံစားစေချင်ဘူး။ အမျိုးသမီးတွေကို လေးစားပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကျမလို အဖြစ်မျိုးကို နောက်နောင် အမျိုးသမီးတွေကို မကြုံစေချင်ဘူး။ ကြုံလာပြီဆိုလည်း ငြိမ်ခံ၊ နှုတ်ဆိတ် မနေပဲ ဆိုင်ရာကို အကြောင်းကြားစေချင်တယ်။ ပတ်ဝန်းကျင်က နှိမ်ချတာ လှောင်ပြောင်တာတွေလည်း မလုပ်ရင် ပိုကောင်းတာပေါ့။ ကျမ အကြမ်းဖက်ခံရတယ်။ တရားမျှတမှု ရချင်လို့ ၂၀၁၉ ခုနှစ်က တရားရင်ဆိုင်လာခဲ့တယ်။ ဒါပေမယ့် တရားမျှတမှုကိုမရခဲ့ဘူး။”(နန်းခင်၊ တရားမျှတမှုရရှိဖို့အတွက် မျှော်လင့်နေတဲ့ အမျိုးသမီး)

“ တရားရုံးကို တခါတလေ စိတ်ပျက်မိတယ်။ စစ်အာဏာရှင်ကြောင့် ပိုမိုကျန့်ကြကြာသွားတော့ စစ်အာဏာရှင်ကို ပိုမုန်းမိတယ်။ အမိန့် မချနိုင်သေးတော့ ဘာမှလုပ်မရဘူး။ စားဝတ်နေရေးတွက် နိုင်ငံခြားထွက် အလုပ်လုပ်ပြန်လည်း ခနနေ ရုံးချိန်းများ ရှိမှာလား။ အမိန့်များ ချတော့မှာလားလို့ တွေးမိပြီး ဘယ်မှ မသွားရဲဘူး။ အခုထိ ခြံအလုပ်လေး လုပ်လိုက် နေ့စားလိုက်လိုက်နဲ့ပဲ ဖြတ်သန်းနေတာ။
ပြီးတော့ ဒီသိုင်းဝိုင်းထဲကနေ ရုန်းထွက်ချင်မိတယ်။ မိဘတွေ ကတော့ အားပေး နှစ်သိမ့်ပေမယ့် တချို့ ပတ်ဝန်းကျင်ကတော့ လှောင်တာမျိုးတွေတော့ ရှိတယ်။” (နန်းအေးမြ၊ တရားမျှတမှုရရှိဖို့အတွက် မျှော်လင့်နေတဲ့အမျိုးသမီး)

“အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ဆိုတာ အမျိုးသမီးတွေကို လေးစား၊ ကာကွယ်ပေးရမယ်လို့ မြင်တယ် အဲလို သိထားတယ်။ အမျိုးသမီးများနေ့ရောက်ရင် ဖဲကြိုးဖြူကို ရင်ဘတ်မှာ တပ်ပြီး ဆွေးနွေးပွဲတွေ ပြုလုပ်ကြတာ တစ်ခါပါဝင်ဖူးတယ်။ ရွာမှာကျတော့ အဲလိုလုပ်ပေးတာ မရှိဘူး။ အမြင်တွေ ဖလှယ်ကြတယ် ဆွေးနွေးကြတယ်။ ရွာမှာကတော့ ဒီလို အသိပညာတွေ လိုအပ်တယ် ရွာထိပေးနိုင်ရင် ‌ကောင်းတယ်။ ပေးစေချင်တယ်။ ရွာမှာဆို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတယ်။ ပစ်ပယ်ခြင်းကြတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး တစ်ယောက်ဆို လက်ဆွဲ ဖော်ဆောင်ဖို့ နေနေသာသာ လက်မတွဲကြဘူး ဖယ်ကျဥ်တယ်။ သူနဲ့ သူငယ်ချင်း ပေါင်းသင်းလုပ်ရင် သူလို့ ခံရလိမ်မယ် သူများ အထင်သေးမယ်ဆိုပြီး မခေါ် မပြောကြဘူး။ “ (မလှအေး)

Author:

Related Articles