Home အမျိုးသမီးများအသံ နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံများ

နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံများ

နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံ(၁)
ညီမက အခုမှ ပထမဆုံးမဲပေးတာဆိုတော့ကြိုပြီးတော့ ပြင်ဆင်လာရတယ်။ စိတ်တွေ အရမ်းလှုပ်ရှားပြီး လက်တွေပါ တုန်နေတာ။ မဲပေးရတာတော့ အဆင်ပြေပါတယ်။ ကိုဗစ်ကလည်း ဖြစ်နေတော့ လူတွေ အရမ်းများတော့ စိုးရိမ်တယ်။ ကိုယ့်ဘက် ကလည်း ကြိုတင်ပြင်ဆင်လာတယ်။ နှာခေါင်းစည်း၊ လက်ဆေး ဆပ်ပြာ၊ ဘော့ပင် တစ်ခါထဲ ယူလာတယ်။ ဒီလိုမျိုး ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်မှု ရှိထား ရင်တော့ ဘာမှ ကြောက်စရာ မရှိပါဘူး။

မဲလာပေးတာတော့ ကိုယ်ရွေးချယ်ထားတဲ့ ပါတီ ကို ကိုယ်ထည့်တဲ့ မဲတပြားကလည်း ထိရောက်မှု ရှိစေဖို့ အတွက် မနက် ၅ နာရီထဲက ထပြီး တန်းစီပြီး လာပေးဖြစ်တာပါ။ ဟိုး မျိုးဆက်ပေါင်းများစွာထိ ပြည်သူ အပေါ်မှာ တာဝန်ကျေပြီး တကယ်စေတနာရှိတဲ့ အစိုးရမျိုးကို လိုချင်ပါတယ်။(ဇမ္ဗူသီရိ နယ်မြေ ၁၀၊ မအိကေသီနိုင်၊ အသက် ၁၉ နှစ်)

Ei Kay Thi Khaing ္from Nay Pyi Daw

နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံ(၂)
ဒီနေ့မဲပေးရတာ အဆင်ပြေတယ်။ ဘာမှ အခက်အခဲမရှိပါဘူး။ ကိုဗစ်ကာလ ဖြစ်ပေမယ့်လည်း မဲကို အရမ်းထည့် ချင် နေတော့ သိပ်တော့ မစိုးရိမ်ဘူး။ ဒီမှာလည်းနှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ အပူချိန်တိုင်း တာတွေလည်း လုပ်နေတော့ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး။ ကျန်းမရေး နဲ့အညီ စနစ်တကျ လုပ်ပေးတာ ဖြစ်တဲ့ အတွက် သိပ်ပြီး စိုးရိမ်တာမျိုးတော့ မဖြစ်ပါဘူး။

ကိုယ့်နိုင်ငံကို တိုးတက်စေချင်တယ်။ ဒါကြောင့် လုပ်ပေးနိုင်မယ့် အစိုးရကို မဲပေးဖြစ်တာပါ။ အခုဖြစ်နေတဲ့ စီးပွားရေး အကြပ်တည်းတွေကို ဖြေရှင်းပေးနိုင်မယ့် အစိုးရမျိုးကို လိုချင်ပါတယ်။ (အမှတ် ၉ ဇမ္ဗူသီရိ၊ ဒေါ်လှသီတာ)

Daw Hla Thida from Nay Pyi Daw

နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံ(၃)
မဲပေးရတာ အဆင်ပြေပါတယ်။ ဘာမှတော့ အခက်အခဲမရှိပါဘူး။ မဲရုံကိုလာတဲ့အခါမှာ လုံခြုံမှု ရှိအောင်တော့ ကိုယ့် ဘက် က အကွာအကာနဲ့လာတာပေါ့။ ဒီရောက်တော့ ၆ ပေကွာ ဆိုပေမယ့် ၆ ပေမကွာနေဘူးဆိုတော့ ဒါလေးတော့ နည်းနည်း စိုးရိမ်မိတယ်။

မဲရုံအတွင်းမှာ Mask တွေ မဖြစ်မနေတပ်ထားတာ ဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် စိုးရိမ်မှု သိပ်မရှိပေမယ့် အခုလို လူတွေက ၆ ပေ မကွာဘဲ တန်းစီနေကျတော့ ဒီအပေါ်မှာတော့ စိုးရိမ်စိတ် ဖြစ်မိတယ်။

မဲပေးရတာတော့ ရင်တွေ အရမ်းခုန်နေတယ်။ ဘာပဲ ဖြစ်ဖြစ် မဲကိုတော့ ပယ်မဲ မဖြစ်အောင်သေချာ ထည့်ခဲ့တယ်။ ဒါနဲ့ဆို မဲပေးတာ နှစ်ကြိမ်ရှိပြီ။ ဒီနေ့ မဲပေးဖြစ်တာကလည်း ကောင်မွန်တဲ့ အစိုးရဖြစ်ဖို့ အတွက် လာပေးဖြစ်တာပါ။ ပြည်သူချစ်တဲ့ အစိုးရအနာဂတ်အတွက် ကောင်းမွန်အောင် ဖော်ဆောင်ပေးနိုင်တဲ့ အစိုးရ တစ်ရပ်မျိုးကို လိုချင်ပါတယ်။(မချယ်ရီစန်း၊ နယ်မြေ ၁၀ ဇမ္ဗူသီရိ)

Ma Cherry San from Nay Pyi Daw

နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံ(၄)
ဒီနေ့ မဲပေးရတာ အားလုံး အဆင်ပြေတယ်။ ဘာမှ အခက်အခဲ မရှိပါဘူး။ ကိုဗစ်ဖြစ်နေတယ်ဆိုပေမယ့်လည်း လာတဲ့ သူတွေ အကုန်လုံးက စည်းကမ်းတကျနဲ့ လာကြတဲ့ အတွက် စိုးရိမ်စိတ် သိပ်မရှိပါဘူး။ အဝင်ပေါက်ထဲက ကိုဗစ်အတွက် အပူချိန်တိုင်းတယ်။

ဒီက စပြီးဝင်လိုက်ထဲက ကျန်းမာရေး စစ်ဆေးချက်ကတွေ လုပ်တယ်။ Mask ဆိုလည်း တကယ့်ကို Safe ဖြစ်တယ် ဆိုတာကို ဝေတယ်။

နိုင်ငံသားတစ်ယောက်ရဲ့ တာဝန် ကျေချင်တာရယ်၊ အန်တီ ဒီနေ့ မဲပေးလိုက်ခြင်းသည် ကိုယ့်နိုင်ငံ အတွက် အကောင်း ဆုံးနိုင်ငံသား တစ်ယောက် လုပ်ရပ် အကောင်းဆုံး လုပ်ခဲ့တာ ဖြစ်တယ်။ လိုချင်တဲ့ အစိုးရက ပြည်သူကို သက်ညှာ၊ ထောက်ထားပြီး မေတ္တာ အစစ်အမှန်ပေးနိုင်တဲ့ အစိုးရမျိုးကို လိုချင်တာ။ (ဒေါ်ဥမ္မာ၊ ဇမ္ဗူသီရိ ၊ အောင်ဇမ္ဗူရပ်ကွက်)

Daw Ohmar from Nay Pyi Daw

နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံ(၅)
ဒီနေ့ မဲပေးရတာ အခက်အခဲတော့ သိပ်မရှိဘူး။ အဆင်ပြေပါတယ်။ စိုးရိမ်မှု အနေနဲ့က ဒီနေ့မှ လူတွေက အကုန်လုံး အပြင်ထွက်လာတော့ စိတ်ထဲမှာ ရောဂါတွေ ကူးစက်ခံရမှာ ကြောက်နေတာလေ။

လူတွေကလည်း အရမ်းများတော့ ၆ ပေလည်းမကွာကြတော့ဘူး။ အဲ့ဒီအပေါ်မှာ စိုးရိမ်မှု ရှိတယ်။ ဒါပေမယ့်လည်း ပုံမှန် တပ်နေတဲ့ Mask တွေထပ် Safe ဖြစ်တာ မဲရုံကဝေးတော့ ပိုပြီးတော့ လုံခြုံတယ်လို့တော့ ခံစားရပါတယ်။

အားနည်းချက်က လက်ဆေး ဗူးတွေ တန်းစီနေတဲ့ နေရာမှာ ချထားပေးစေချင်တယ်။ ကိုယ့်အိမ်က ယူလာဖို့ အဆင်မပြေတဲ့ သူတွေကျတော့ အလွယ် သုံးလို့ ရတာပေါ့။ ညီမက အခုမှ ပထဆုံး အကြိမ် မဲပေးတာ ဆိုတော့ စိတ်တွေ အရမ်းလှုပ်ရှားတယ်။ မဲပေးရင် အခက်အခဲ ဖြစ်ပြီး မှားမှာ စိုးလို ဆိုပြီး ညက အွန်လိုင်းကနေ ရှာကြည့်တယ်။ ကြိုဖတ်ထားတယ်။ အခုပေးခဲ့ရတာလည်း အဆင်ပြေခဲ့ပါတယ်။

ပြည်သူတွေဘက်ကို ကြည့်တဲ့ အစိုးရကို လိုချင်တယ်။ အောက်ခြေ လူတန်းစားတွေကို ကြည့်ပေးတဲ့ အစိုးရမျိုးကို လိုချင် ပါတယ်။ (နေပြည်တော်ကောင်စီဝင်း နေထိုင်သူ၊ မထက်အိလင်း)

Ma Htet Ei Lynn from Nay Pyi Daw

နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံ(၆)
ဒီနေ့မဲပေးရတာနဲ့ ပတ်သက်ပြီး ဘာအခက်အခဲမှ မရှိဘူး။ ကိုယ်ကိုတိုင်လည်း စည်းကမ်းတကျနဲ့ စနစ်တကျ မဲပေးခဲ့ပါတယ်။ ကိုဗစ်ကာလဖြစ်နေတာကြောင့် ကျန်းမာရေးအတွက် ဂရုစိုက်ဖို့လိုတယ်ဆိုတာ သိတယ်။ ဒါပေမယ့် မဲရုံရောက်တော့ ပျော်နေတာနဲ့ ကိုဗစ်တောင် မေ့သွားတယ်။

ဒါပေမယ့်လည်း သူတို့က ကျန်းမာရေး စောင့်ရှောက်မှု မဲရုံမှာ စနစ်တကျ လုပ်ပေးတယ်။ ပိုးသတ်ဆေး ဖျန်းမယ့်သူက အဆင်သင့်စောင့်နေတယ်။ အပူချိန်တိုင်းတယ် ဒါတွေလည်း အကုန်လုံး လုပ်ပေးပါတယ်။ ဘာပဲပြော ပြော ဒီနေ့ နိုင်ငံသား တစ်ယောက် တာဝန်ကျေလို့ ဒီနေ့ အရမ်းပျော်နေပါတယ်။ ကိုယ်ပေးလိုက်တဲ့ အစိုးရသည် ပြည်သူလူထုကို အကျိုးပြုမယ့် အစိုးရမျိုးကို ရချင်လို့ ဒီနေ့ မဲသွားထည့်ခဲ့တာပါ။ (မမေဇွန်၊ ပျဉ်းမနားမြို့ မြောက်လွတ်ကုန်းကျေးရွာ)

Ma May Zune form Nay Pyi Daw

Related Articles