Home အမျိုးသမီးများအသံ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ သူတို့အတွေး သူတို့အမြင်

လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ သူတို့အတွေး သူတို့အမြင်

 

ကောကော်။         ။

ဒေါ်ခင်မိုးမိုး (ဓါတ်ပုံ – ကောကော် )

() ဒေါ်ခင်မိုးမိုး

တရားလွှတ်တော်ရှေ့နေ

တောင်ကြီးတရားမျှတမှုစင်တာအကြီးတန်းဥပဒေအကြံပေး

မြန်မာနိုင်ငံလွှတ်လပ်သော ရှေ့နေများအတွင်းရေးမှူး

῝ နိုင်ငံတနိုင်ငံအတွက် အရမ်းအရေးကြီးတယ်ဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံဥပဒေကို ပြင်ရအောင်ဆိုပြီးတော့ နိုင်ငံရေးသမားတွေ၊ လူမှုအဖွဲ့အစည်းတွေက ပြောနေကြတယ်။ တကယ်တမ်းကျတော့ ဖွဲ့စည်းပုံဥပဒေနဲ့ စည်းနှောင်ထားတဲ့ လုံခြုံရေးအရ စည်းနှောင်မှု ပျက်ပြားရင် ပိုပြီးခက်ခဲတယ်၊ ပိုပြီးအန္တရာယ်ဖြစ်တယ်ဆို တာတွေကို သိလာရတယ်။ လုံခြုံရေးမရှိရင် ငြိမ်းချမ်းရေးလည်း အောင်မြင်မှာ မဟုတ်ဘူး။ အမျိုးသမီး တဦးဟာ မွေးလာတဲ့အချိန်ကစပြီး သေဆုံးတဲ့အချိန်အထိ လုံခြုံမှု မရှိဘူး၊ ပြည်တွင်းရော ပြည်ပပါ အမျိုး သမီးဖြစ်မှုအပေါ်မှာ အမျိုးသမီးတယောက်ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် အမျိုးသားတွေထက် ပိုပြီး လုံခြုံမှု လျော့နည်းနေတယ်။ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို မိမိတယောက်တည်း တာဝန်ယူလို့မရဘူး။ မိမိပတ် ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးများ၊ မိသားစုများ၊ အမျိုးသားများပါဝင်တဲ့ အရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရ စသဖြင့် အသီးသီးများက လုပ်ဆောင်ပေးဖို့လိုတယ်῎

ဒေါ်ခင်သန်းထွေး (ဓါတ်ပုံ – ကောကော် )

(၂) ဒေါ်ခင်သန်းထွေး

မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အဖွဲ့ – ပြည်နယ်ဥက္ကဌ/ တည်ထောင်သူ

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖွဲ့-အမှုဆောင်အရာရှိ

မွန်ပြည်နယ် အမျိုးသမီးကော်မတီ

῝လုံခြုံရေးရဲ့ အဓိပ္ပါယ်က နက်ရှိုင်းကျယ်ပြန့်တယ်။ ကျမတို့ဆီမှာ ကျန်းမာရေးနဲ့ပါတ်သက်တာပဲ ဖြစ်ဖြစ်၊ အပြည့်အဝအခွင့်အရေး မရတာကပဲဖြစ်ဖြစ် လုံခြုံရေးနဲ့ ဆိုင်တာပဲ။ လူ့အခွင့်အရေးနဲ့ ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးတွေအတွက်လည်း လုံခြုံမှုရေးဆိုတာရှိမနေဘူး၊ ဒါကြောင့် အရေးတကြီး လိုအပ်နေတာဖြစ် တယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေ၊ ဖွဲ့စည်းပုံအားလုံးမှာ အားလုံးရဲ့ကဏ္ဍအနေနဲ့ လုံခြုံရေးအပိုင်းက အများကြီးအရေးကြီးပါတယ်။ လုံခြုံရေးအတွက်ဆို အကုန်လုံးပြုပြင်ပြောင်းလဲရေးက ပြန်လုပ်ရမယ်။ ပြုပြင် ပြောင်းလဲရေးဆိုတာက change တခုထဲကို ပြောတာမဟုတ်ဘူး၊ တခုကနေ နောက်တခုကို လုံးဝပြောင်းလဲ သွားတဲ့ change ကိုပြောတာ။ အခုဆိုလိုတာက ရှိနေတဲ့ယန္တရားတွေကို ပြုပြင်ပြောင်းလဲပြီးတော့ ခုခေတ်ခု အခါနဲ့ အမျိုးသမီးတွေရဲ့ကဏ္ဍနဲ့ရော လိုက်လျောညီထွေဖြစ်မယ့် လုံခြုံမှုဖြစ်မယ့် အချက်အလက်တွေကို သေချာစုဆောင်းပြီး ဒါကိုပြုပြင်ပြောင်းလဲဖို့ဆိုလိုတာပါ῎

နန်းမြဦး (ဓါတ်ပုံ – ကောကော် )

 ()နန်းမြဦး

တောင်ကြီးမြို့နယ် ဒုဥက္ကဌ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကျားခေါင်းပါတီ(SNLD)

῝လုံခြုံရေးကဏ္ဍဆိုတာ အားလုံးရဲ့ မရှိမဖြစ် ခေါင်းတခုပေါ့၊ လုံခြုံရေးဆိုတာ လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ပဲဆိုင်တယ်လို့ ရုတ်တရက်ကြည့်ရင် ထင်ရပေမယ့် တကယ်တမ်းနက်နက်နဲနဲလေ့လာကြည့်ရင် ပြည် သူတွေဘဝ၊ နိုင်ငံတခုလုံးရဲ့ ဘဝအတွက် အဓိကကျတယ်။ လက်ရှိအာဏာရအစိုးရ ခေါ် အရပ်သား အစိုးရက လုံခြုံရေးကဏ္ဍအတွက် သူတို့မှာ တာဝန်ရှိသလို လက်နက်ကိုင်၊ အစိုးရဌာနဆိုင်ရာအသီးသီးနဲ့ ပြည်သူတိုင်းမှာတာဝန်ရှိတယ်။ လုံခြုံရေးလို့ပြောရင် ငြိမ်းချမ်းရေးနဲ့လည်း ဆက်စပ်နေပါတယ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကဏ္ဍတွေမှာလည်း လုံခြုံရေးကဏ္ဍဆိုတာ ပါနေတယ်ဆိုတော့ ငြိမ်းချမ်းဖြစ်စဉ်ထဲမှာ ထဲထဲဝင်ဝင်ပါ ဝင်နေသူတွေရဲ့ ပခုံးပေါ်မှာ ဒီတာဝန်ကျရောက်နေပါတယ်῎

ဒေါ်စန္ဒာဝင်း (ဓါတ်ပုံ – ကောကော် )

(၄) ဒေါ်စန္ဒာဝင်း

အတွင်းရေးမှူး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးမြို့နယ်၊ မကွေးတိုင်း

῝တပ်နဲ့ပါတ်သက်ပြီး တခုတည်းသောတပ်မတော်ရှိရေးဟာ ဖြစ်လဲဖြစ်နိုင်တယ်၊ ဒါပေမဲ့လည်း အကြိမ်ကြိမ် ဆွေးနွေးပြီးတော့မှ တိုင်းရင်းသားတွေဘက်ကလည်း သဘောတူလက်ခံပြီး ကျေကျေလည်လည်ဆွေးနွေး ပြီးတော့မှ ဖြစ်မယ့်ကိစ္စဆိုတော့ တော်တော်လေးကို လုပ်ယူရမယ့်ကိစ္စဖြစ်တယ်။ ဒါပေမဲ့ စိတ်တော့ မလျှော့ဘူး၊ အိန္ဒိယနိုင်ငံမှာလိုမျိုး တပ်တွေပြန်ပေါင်းစည်းပြီး စစ်တပ်တတပ်ထဲထားတဲ့ နမူနာလိုမျိုး ဖြစ်နိုင် တယ်။ ငြိမ်းချမ်းရေးအတွက် အများကြီးလုပ်ရဦးမယ်။ တော်တော်တော့ မလွယ်တဲ့ ကိစ္စဖြစ်တယ်၊ မဖြစ် နိုင်ဘူးလို့တော့ မဆိုလိုပါဘူး။ လုံခြုံရေးပြုပြင်ပြောင်းလဲရေးအတွက်က တာဝန်ယူတဲ့ပါတီနဲ့ အစိုးရပေါ့၊ ပါတီ တခုထဲမနိုင်ဘူးဆိုရင်လဲ ညွန့်ပေါင်းအစိုးရပေါ့။ အစိုးရနှစ်ရပ်ရှိနေသယောင်ယောင်က ခက်နေတာပါ῎

နော်မေးဒရက် (ဓါတ်ပုံ – ကောကော် )

(၅) နော်မေးဒရက်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဖွဲ့ဝင် (JMC)

တနင်္သာရီတိုင်းဒေသကြီး

῝လုံခြုံရေးနဲ့ ပြုပြင်ပြောင်းလဲရေးက အတော်ကို လိုအပ်ပါတယ်။ ကျမတို့ဖက်မှာဆို လုံခြုံမှုတော်တော်ကို အားနည်းတယ်၊ အမျိုးသမီး၊ ကလေးနဲ့ လူတွေအားလုံးမှာ တော်တော်လေးဒုက္ခရောက်တယ်။ ပြီးခဲ့တဲ့ နှစ် စတိတ်ရှိုးပွဲတခုထဲမှာ ကရင်အမျိုးသမီးတဦးကို အုပ်စုလိုက် အချက်ပေါင်းများစွား ဓါးနဲ့ ထိုးသတ်လိုက်ကြ တယ်။ အဲဒီအချိန်မှာဆို ရဲလည်းမရှိ၊ မီးသတ်လဲမရှိဘူး၊ ရဲတွေသာရှိခဲ့မယ်ဆိုရင် သူမအဲဒီလောက်အဖြစ်ဆိုး လိမ့်မယ်မထင်ဘူး။ လုံခြုံမှုမရှိတဲ့ ကျေးရွာမှာ နေရတဲ့ကလေးတွေဆိုရင် သက်ငယ်မုဒိန်းမှုနဲ့ ကြုံတွေ့နေရ တယ်။ ပြုပြင်ပြောင်းလဲဖို့အတွက် တော်တော်လိုအပ်နေသေးတယ်။ ကိစ္စတွေပြီးဆုံးမှသာ လုံခြုံမှုတွေ ပေး တဲ့သူတွေက ရောက်လာတော့ အချိန်တွေ လွန်သွားတာပေါ့῎

ဒေါ်သန္တာဖုန်ဝင်း (ဓါတ်ပုံ – ကောကော် )

(၆) ဒေါ်သန္တာဖုန်းဝင်း

အတွင်းရေးမှူး

အမျိုးသမီးရေးရာ(မန္တလေးတိုင်းဒေသကြီး)

῝လုံခြုံမှုဆိုတာဘဝရဲ့အစိတ်အပိုင်းတခုမဟုတ်ဘူး၊ အရေးကြီးတဲ့အပိုင်းမှာပါနေတယ်။ အမျိုးသမီးမှ မဟုတ် ပါဘူး၊ အားလုံးအတွက်လိုအပ်တယ်။ မိမိကိုယ်ပိုင်လုံခြုံရေး၊ အိမ်တွင်းလုံခြုံရေး၊ နိုင်ငံလုံခြုံရေးစတဲ့ အခြေခံ ကစပြီး နိုင်ငံတော်အဆင့် လုံခြုံရေးအထိဖြစ်တယ်။ ဒီထဲမှာ နေနေတဲ့ အမျိုးသမီးတွေအတွက် လုံခြုံရေး ဆိုတာကလဲ အမျိုးသမီးတွေရဲ့ ကာယိန္ဒြေ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလုံခြုံရေး အကုန်လုံးနဲ့ သက် ဆိုင်တယ်။ ဒါတွေ လုံခြုံမှု အပြည့်အဝရှိမှသာလျှင် မိမိကိုယ်ကို ယုံကြည်မှုတွေရှိလာမယ်။ ကိုယ်လုပ်တဲ့ လုပ်ငန်းခွင်မှာ လုံခြုံမှုအပြည့်အဝရှိမယ်ဆိုရင် နောက်ကြောင်းရှင်းရှင်းနဲ့၊ သံသယရှင်းရှင်းနဲ့ ဘယ်လုပ်ငန်း ကိုမဆို စိတ်ဝင်တစားနဲ့ တိုးတက်အောင်လုပ်နိုင်မယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် အကုန်လုံး ကျရှုံးကြမှာပဲ။ နောက်တခုက မိမိနဲ့ မိမိအိမ်ထောင်ဖက်၊ မိမိသားသမီး၊ မိမိပတ်ဝန်းကျင်မှာ ယုံကြည်မှု တည်ဆောက်ရ မယ်။ ကိုယ့်တိုင်းပြည်မှာလည်း လုံခြုံမှုမရှိရင် အပြင်က ဝင်ရောက်ဖျက်ဆီးမဲ့ရန်ကို စိုးရိမ်ရတယ်၊ ကြားရတာ နဲ့တင် စိတ်ညစ်မယ်၊ နောက်ပြီး ကိုယ့်တိုင်းရင်းသားအချင်းချင်းတွေ တယောက်နဲ့တယောက်နဲ့ ယုံကြည်မှု မရှိတဲ့အတွက် လုံခြုံမှုတွေက ထိခိုက်နေတယ်လို့ ကျမထင်တယ်῎

ဒေါ်နီလာလွင် (ဓါတ်ပုံ – ကောကော် )

(၇) ဒေါ်နီလာလွင်

ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

အမှတ် (၂) မဲဆန္ဒနယ်မြေ၊ မြင်းမူမြို့

῝ကျမတို့အစိုးရ တာဝန်ယူရတဲ့ကာလက (၃)နှစ်လောက်ရှိသွားပြီ။ လိုအပ်ချက်တွေက အများကြီးရှိနေတော့ (၅)နှစ်တာကာလအတွက် ပြုပြင်ပြောင်းလဲမှုတွေက တော်တော်လေးကို ကြိုးစားရမဲ့ အပိုင်းလေးတွေရှိနေ တယ်။ ကျမတို့စစ်ကိုင်းတိုင်းမှာတော့ လုံခြုံရေးနဲ့ ပါတ်သက်ပြီး အခက်အခဲတွေ မရှိဘူး။ မြေပြန့်ဒေသ လည်းဖြစ်တော့ နယ်မြေက အေးချမ်းတယ်၊ နယ်စပ်ဒေသတွေမှာသာ အဓိကလိုအပ်တာပေါ့။ ကိုယ်စား လှယ်လုပ်ရတာကအစပေါ့၊ ပြည်နယ်တွေမှာဆို လွှတ်တော်ကိုယ်စားလှယ်တွေက လွတ်လွတ်လပ်လပ် သွားလာလို့မရဘူး။῎

ဒေါ်ခင်မျိုးမြင့် (ဓါတ်ပုံ – ကောကော် )

(၈) ဒေါ်ခင်မျိုးမြင့်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

အမှတ် (၁) မဲဆန္ဒနယ်မြေ၊ ကျိုက်မရောမြို့နယ် ၊ မွန်ပြည်နယ်

῝သားသမီးတွေ အိမ်ကနေကျောင်းကို သွားတဲ့အချိန်ပဲမှာဖြစ်စေ၊ ခရီးသွားတဲ့ အချိန်မှာဖြစ်စေ သူတို့တွေ အိမ်ကို ပြန်မရောက်မချင်း စိတ်မချရဘူး။ ခေတ်ကာလကိုက မူးယစ်ဆေးဝါး၊ စည်းကမ်းမရှိတဲ့ ယဉ်မောင်း နှင်တာပဲဖြစ်ဖြစ်၊ ကိုယ့်သားသမီးတွေ မူးယစ်သားကောင်ရဲ့ လက်ချက်နဲ့မိမလား၊ ယဉ်မတော်တဆဖြစ် မလားဆိုပြီး အမြဲစိုးရိမ်မှုတွေရှိနေတယ်။ ဒါကြောင့် လုံခြုံရေးဟာ အမြဲတမ်း၊ အချိန်တိုင်းလိုအပ်နေတာပါ῎

မခိုင်လဲ့လဲ့မြင့် (ဓါတ်ပုံ – ကောကော် )

(၉) မခိုင်ခိုင်လဲ့မြင့်

တွဲဖက်ခေါင်းဆောင် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းစီမံခန့်ခွဲမှုကော်မတီ

မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ

῝ကျမက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေပေမယ့် လုံခြုံရေးကဏ္ဍနဲ့ တော်တော်လေးအလှမ်းဝေးနေတယ်။ ပါဝင်ဆွေးနွေးခွင့်မရှိဘူး၊ ကျမတို့ကို ကန့်သတ်ထားတဲ့ ခေါင်းစဉ်မှာကိုက သုံးခုရှိတယ်။ လုံခြုံရေးဆိုတာကို မပေးထားဘူး၊ ဒါပေမဲ့ ကျမက အမျိုးသမီးအနေနဲ့ရော၊ ပြည်သူတယောက်အနေနဲ့ရော ပြောရမယ်ဆိုရင် ကျမတို့ကို မူဝါဒပဲဖြစ်ဖြစ်၊ တပ်ဖွဲ့နှစ်ဖွဲ့က ဆွေးနွေးတဲ့အပိုင်းမှာ ကျမတို့က ဝင်ရောက်ဆွေးနွေးခွင့် မရှိဘူးဆိုပေမဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ပါတ်သက်တဲ့ပြဿနာကို အများစု ခံစားနေရတာက ပြည်သူတွေပါ။ အထူးသဖြင့် အမျိုးသမီးတွေက တိုက်ရိုက်ရော သွယ်ဝိုက်ရောခံစားရတယ်။ ဒါကြောင့် အခြေခံသဘော တရားအရ ဆွေးနွေးတဲ့အခါမှာ ကျမတို့အသံတွေ ပါဝင်ဖို့လိုတယ်။ တကယ်ခံစားနေရတဲ့ ပြည်သူနဲ့ အမျိုး သမီးအသံတွေ ပါဝင်ဖို့လဲလိုတယ်။ ဒါမှ နောင်လာမဲ့အနာဂတ်မှာ ကောင်းတဲ့နိုင်ငံတည်ဆောက်တဲ့အခါ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရော လုံခြုံရေးပြဿနာပါ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်῎

မဇာခြည်လင်း (ဓါတ်ပုံ – ကောကော် )

(၁၀) မဇာခြည်လင်း

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့

῝ဒီနိုင်ငံမှာ လုံခြုံရေးအပိုင်းတွေ နည်းတယ်၊ ရှေ့ဆက်ပြီး လုံခြုံရေးနဲ့ ပါတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့အများကြီး လိုသေးတယ်။ အမျိုးသမီးတွေအတွက် လုံခြုံရေးအရ အကာအကွယ်ပေးထားတဲ့ ဥပဒေ တွေ လိုတယ်။အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရလျှင်လည်း တိုင်ကြားတဲ့အခါမှာ အမှုှကိုချက်ချင်း မဖွင့်ပေး တာတွေလည်းရှိတယ်။ ဌာနဆိုင်ရာနဲ့ ရဲတွေကို တင်းကြပ်ရမယ့် အပိုင်းတွေလည်းလိုတယ်῎

Related Articles