Entries by webmaster

ကမ္ဘာလုံးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လျှော့ချခံရတာကြောင့် မြန်မာအမျိုးသမီးနဲ့ ကလေးတွေ ဘာရင်ဆိုင်ရနိုင်သလဲ

“ရန်ပုံငွေဟာ အကူအညီပစ္စည်းပေးဖို့အတွက်သာမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ အသက်၊ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါတယ်”

တောက်တီး တောက်တဲ့” သီချင်းကို ဂျဲန်ဒါရှုထောင့်က သုံးသပ်ချက်

အမျိုးသမီးတွေပဲ အတင်းအဖျင်းပြောတတ်တယ်ဆိုတာ သေချာရဲ့လား? ဒီလိုပုံဖော်မှုတွေက “အမျိုးသမီးဆိုရင် စကားများတယ်၊ အတင်းပြောတတ်တယ်” ဆိုတဲ့ ရှေးရိုးစွဲ ဂျဲန်ဒါပုံစံ ခွက်ကို ပိုမိုခိုင်မာအောင် တွန်းပို့နေပါတယ်။ အဲဒီအယူအဆကြောင့်ဘဲ အမျိုးသမီးတွေ ပြောဆို ဆွေးနွေးတဲ့အခါ “အာကျယ်တယ်”၊ “စကားများတယ်” လို့ အလွယ်သတ်မှတ်ပြီး သူတို့ရဲ့ အသံနဲ့ အမြင်တွေ ကို မလေးစားတာ၊ အလေးအနက်မထားတာတွေ ဖြစ်လာပါတယ်။ ဒီတပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ အဆိုတော် ချမ်းမြေ့အောင်နဲ့ ဇင်မာအေးတို့ သီဆိုထားတဲ့ “တောက်တီး တောက်တဲ့” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။

 “မိန်းကလေးတွေက အထင်သေး အမြင်သေး ပိုခံရလို့ ပြန်လည်ဝင်ဆံ့ဖို့ ပိုခက်ခဲပါတယ်”

“မူးယစ်ဆေးနဲ့ အရက်ကြောင့် မိန်းမနဲ့ သားသမီးတင် မကဘူး၊ အမေအိုတွေပါ ထိုးကြိတ် ခံရတာ၊ ဓားနဲ့ ခြိမ်းခြောက်ခံရတာ၊ လည်ပင်းကို ကတ်ကြေးနဲ့ လှီးခံရတာတွေအထိ ဆိုးရွားစွာ အကြမ်းဖက် ခံနေကြ ရတာ”

“သားဆက်ခြားဖို့တောင် ရုန်းကန်နေရတဲ့ မြန်မာအမျိုးသမီးတွေ”

“သားဆက်ခြားတဲ့ ကိစ္စက အမျိုးသမီးတွေ အပေါ်မှာဘဲမတည်ပါဘူး၊ အမျိုးသားတွေကပါ ပူးပေါင်းပါဝင်ရ ပါမယ်၊ ဆေးမလွယ်ကူရင် တခြားသားဆက်ခြားမယ့်နည်းလမ်းကို အသုံးပြုလို့ရပါတယ်”

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (ဩဂုတ်လ ၁ ရက်ကနေ ၇ ရက်နေ့အထိ)

ဩဂုတ်လ ၁ ရက်ကနေ ၇ ရက်နေ့အထိ တပတ်တာအတွင်း အမျိုးသမီးဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

အမျိုးသမီးနဲ့ နိုင်ငံရေး မအပ်စပ်လို့ ယူဆခဲ့တဲ့ ခေတ်ကို ဖြတ်သန်း ခဲ့ရတဲ့ ၈၈ မျိုးဆက် အမျိုးသမီးတွေ

“ပတ်ဝန်းကျင်အနေနဲ့ မိန်းကလေးတွေက ထောင်ကျတန်းကျ ခံပြီး တော့ နိုင်ငံရေး ဘာလို့နေလဲဆိုတဲ့ ပြစ်တင်မှုမရှိရင်တောင်မှပဲ နားမလည်နိုင်တဲ့ ပုံစံမျိုးတွေနဲ့ ဆက်ဆံတာမျိုးတွေလည်း ကြုံရတယ်”

သားမွေး ပေးရင် ပြန်လွှတ်မယ်

ဒီငရဲခန်းတွေကနေ အသက်လု လွတ်မြောက်လာကြသူတွေဟာ မိခင်မြေဆီ ပြန်ရောက်တဲ့အခါမှာလည်း ပတ်ဝန်းကျင်ရဲ့ “တရုတ်မယား”၊ “ရက်စက်တဲ့အမေ”၊ “မိန်းမမစစ်တော့ဘူး” ဆိုတဲ့ စာနာမှုမရှိဘဲ ကဲ့ရဲ့ပြစ်တင်မှုတွေနဲ့ “ဒုတိယစစ်မြေပြင်” လို ဘဝခရီးကို ရင်ဆိုင်ရင်း ခက်ခဲစွာ ရှေ့ဆက်နေကြရပြန်ပါတယ်။  ဒီလို လူကုန်ကူးခံရသူတွေဟာ ပြစ်မှုကျူးလွန်သူတွေမဟုတ်ဘဲ စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုတွေရဲ့ ဓါးစာခံ သားကောင်တွေဖြစ်တာကြောင့် ပတ်ဝန်းကျင်က နားလည်လက်ခံပေးဖို့ လိုအပ်တယ်။   ဒီနေ့မှာ သောတရှင်တွေနားဆင်နိုင်ဖို့ ရွေးချယ်ထုတ်လွှင့်ပေးမယ့် ဆောင်းပါးတပုဒ်ကတော့  “ ၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်က ရေးသားဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးရှင် ရှင်ငြိမ်းရဲ့ “သားမွေး ပေးရင် ပြန်လွှတ်မယ်” ဆိုတဲ့ ဆောင်းပါး တပုဒ်ပဲဖြစ်ပါတယ်။

မန္တလေးက ဂုဏ်ယူစရာမီးဖိုချောင်ကလေး (သို့မဟုတ်) ရှစ်လေးလုံး တော်လှန်ရေးရဲ့

“လူ့အဖွဲ့အစည်းက အမျိုးသမီးတွေရဲ့ နေရာကို ‘မီးဖိုချောင်’ လို့ပဲ အမြဲ သတ်မှတ်လေ့ ရှိပေမဲ့ ရှစ်လေးလုံးအရေး တော်ပုံကြီးမှာ အမျိုးသမီးတွေက ဒီမီးဖိုချောင်ကိုပဲ တော်လှန်ရေးရဲ့ ခံတပ်အဖြစ် ပြောင်းလဲ ပစ်ခဲ့ကြတယ်”

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုက စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်း ဖြစ်ကြောင်း AAPP ထုတ်ပြန်

ရှင်ငြိမ်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque တို့တွေ့ဆုံမှုသည် စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်း ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP ) က ထုတ်ပြန်လိုက်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ယနေ့ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းများ၌ဖော်ပြခဲ့သည်။ ICRC က ဒီတွေ့ဆုံမှုနဲ့ပတ်သက်၍ သတင်းထုတ်ပြန်ချက် မတွေ့ရသေးသော်လည်း အတည်ပြုပြောတယ်လို့ ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ အလားတူ ယခုကဲ့သို့ ထုတ်ပြန်လာသည့် ဓာတ်ပုံများကို ဉာဏ်ရည်တုနည်းပညာသုံး ဖော်ပြထားသည်ဟု အများပြည်သူ […]

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု အဆုံးသတ်ရန် WLB တိုက်တွန်း 

ရှင်ငြိမ်း  ယိုယွင်းပျက်စီးနေသည့် တရားစီရင်ရေးစနစ်အောက်တွင် ပဋိပက္ခအတွင်း အမျိုးသမီးများ ကြုံတွေ့နေရသည့် လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများအတွက် တရားမျှတမှုရရှိရေးနှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၊ ဖက်ဒရယ်ယူနစ်အာဏာပိုင်များနှင့် နိုင်ငံတကာ အသိုက်အဝန်းထံ အရေးပေါ်တိုက်တွန်းလိုက်သည်။   အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB သည် “Field of Sorrows (ကြေမွလွင်ပြင်)” မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင့် ပြသခဲ့ပြီး “ယိုယွင်းပျက်စီးနေသည့် တရားစီရင်ရေးစနစ်အောက်တွင် တရားမျှတမှုအတွက် တိုက်ပွဲ ဝင်ခြင်း – ပဋိပက္ခ အတွင်းရှိ အမျိုးသမီးများ၏ ရုန်းကန်မှု” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတခုကိုလည်း ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။  အဆိုပါဖြစ်စဉ်များတွင် […]