သတင်းဆောင်းပါး
“လိုင်းခန်းက ဆင်းပေး ဆိုရအောင်ကလည်း ပြေးနေရသူဆိုတော့ ဆင်းတယ်လေ။ တရားစွဲမယ်ဆိုလည်း စွဲပေါ့။ သူတို့ခြိမ်းခြောက်တာမကြောက်လို့လည်း တော်လှန်နေတာ။ ငတ်ငတ်သေသေ ဆက်တိုက်မှာပဲ”
သတင်းဆောင်းပါး
“လိုင်းခန်းက ဆင်းပေး ဆိုရအောင်ကလည်း ပြေးနေရသူဆိုတော့ ဆင်းတယ်လေ။ တရားစွဲမယ်ဆိုလည်း စွဲပေါ့။ သူတို့ခြိမ်းခြောက်တာမကြောက်လို့လည်း တော်လှန်နေတာ။ ငတ်ငတ်သေသေ ဆက်တိုက်မှာပဲ”
” ဒီကာလက ဝင်ငွေနည်းပြီး ထွက်ငွေများတယ်။ ထွက်ငွေသာများသာ ကောင်းကောင်းမစားရပါဘူး။ အရင် (ကိုဗစ်ကာလ)နဲ့အခုဆို အခုက ပိုခက်ခဲတယ်။ ဈေးအရောင်းအဝယ်တွေကအစ အကုန်ပါးဆိုတော့ အဆင်မပြေဘူး။ တော်တန်ရုံလူတွေက စားဖို့လောက်ပဲ အာရုံထားတော့ အပိုဘာညာအထွက်မခံကြဘူး “
“ အမှုလေးပြောင်းပြီးတော့ ပြစ်ဒဏ်လောက်ဆိုရင် မျှော်လင့်ချက်ရှိတယ်။ မိသားစုကိုးခုလုံးကို ပြောချင်တာက ကိုယ့်သား သမီးတွေအတွက် သတ္တိရှိရှိ အားတင်းထားကြပါ။ ကျွန်မလည်း တောင့်ခံပြီး သားတွေကို စောင့်မယ်”
“ ကျမကတော့ Non- CDM ပြန်လုပ်ဖို့ တစက်မှ မတွေးဘူး။ ကျမတို့ ဘက်ဆိုရင် တိုင်းရင်းသားအချင်းချင်း စစ်ရေးရော၊ စစ်အာဏာသိမ်းရော ရှုပ်ထွေးနေတာ။ ဟင်းရွက်ပဲရောင်းပြီးစားရ စားရ ဆက်ပြီး လုပ်သွားမယ်”
” စစ်ဘေးရှောင်သူတွေထဲ မိုးဒဏ်လေဒဏ်မခံနိုင်လို့ဆုံးသွားတဲ့ ကလေးတွေရှိတယ်။ ဒါက လိုင်းပေါ်တက်လာလို့သာ လူတွေသိကြတာ၊ လူတွေမသိဘဲ ပြေးရင်းလွှားရင်း သေဆုံးတဲ့ဖြစ်စဉ်တွေလည်းရှိတယ်။ ကိုးရက်သားကလေးဆို မွေးတာ မကြာသေးဘူး။ သူတို့ပြေးတဲ့ရက်က မိုးကြီးနေတာ မိုးဒဏ်လေဒဏ်မခံနိုင်လို့ဆုံးသွားတာ”
“အခုအခြေအနေကြောင့် သွားရေးလာရေးကအစ မသန်စွမ်းအမျိုးသမီးတွေအတွက် ပိုပြီးလုံခြုံမှုမရှိဘူး။ သာမာန်အချိန်တောင်မှ အဆင်မပြေတဲ့သူတွေအတွက် အခုအချိန်မှာပိုဆိုးသွားတယ်”
“ရေခပ်တဲ့နေရာက သုံးဖာလုံလောက်ဝေးတယ်။ တစ်ကြိမ်မှာ ရေဗူး ၁၀ လုံးကျော်တင်ပြီး တွန်းနိုင်တယ်။ ရေတစ်ဗူးကို ငါးရာဆိုတော့ တစ်ခေါက်ကို ငွေငါးထောင်ရတယ်။ ဒါပေမယ့်ရာသီဥတု အရမ်းပူတဲ့အချိန်ကျရင် တော့ နဖူးကချွေး ခြေမထိကျတယ်”
“ ခြံသွားတဲ့လမ်းမှာ အိတ်အမဲတွေ့ရင် ရှောင်ရတာနဲ့ သစ်ကိုင်းကျိုးတောင် မနင်းရဲဘူး။ လမ်းကိုပဲ အာရုံစိုက်ပြီး သွားနေ ရတယ်။ ခေါင်းတောင်မဖော်ရဲဘူး။ နင်းမိမှာအရမ်းကြောက်တယ်။ သစ်ရွက်ခြောက် မြင်တာတောင် မနင်းရဲဘူး။ လုံခြုံတယ် လို့ မခံစားရဘူး”
“ သူမြင်ချင်တဲ့ အနာဂတ်မြန်မာပြည်ကို ထူထောင်နိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်တဲ့သူ၊ သူ့လိုမျိုး စွမ်းရည်ရှိတဲ့ မျိုးဆက်သစ် အမျိုးသမီးတွေနဲ့အတူ လက်တွဲလုပ်ဆောင်နိုင်တဲ့သူဖြစ်ဖို့ မျှော်လင့်ပါတယ်” (ဦးအောင်မျိုးမင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)
“ကျွန်မက ကိုယ်ဝန်နဲ့မို့ အခုက အလုပ်ရှာလို့လည်း မရသေးဘူး။ သားအမိနှစ်ယောက် အဆင်ပြေသလို ဒီလိုပဲ ရှာဖွေ စားသောက်ရမှာပေါ့။ ကျမကလေးတွေကိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံးပျိုးထောင်သွားမှာပါ။ သူတို့က တနေ့မှာ လူတွေကို ကောင်းကျိုးပေးတဲ့သူတွေ ဖြစ်စေရမယ်”