“ထွက်ပေါ်လာတဲ့ ဆေးမြီးတိုတွေဟာ အမျိုးအစားစုံလင်လှပြီး တမာရွက်(သို့)လောက်သေရွက်ပြုတ်ရည်၊ ချင်း(ဂျင်း) ပြုတ်ရည်၊ ပင်စိမ်းရွက်ပြုတ်၊ ဗီးစပ်ရွက်ပြုတ်၊ ကြက်သွန်အစိမ်းကိုရေမဆေးဘဲ အလုံးလိုက်ကိုက်စားတာ၊ ထုံးနဲ့ လျှက်ဆား ကိုရောမွှေပြီးရှုတာ၊ နံနွှင်း မှိုင်းခံတာ၊ ဆားငွေ့ (ဒါမှမဟုတ်)ရေနွေးငွေ့ရှုတာ အစရှိတဲ့ နည်းမျိုးစုံကို အသုံးပြုပြီး ကုသနေကြတာ ဖြစ်ပါတယ်။ ”
Administrator
-
-
“ ကိုယ့်အလုပ်က တစ်ရက်နှစ်ရက်မဟုတ်ဘူး၊ အနှစ်နှစ်ဆယ်လောက်ဆိုတော့ သံယောဇဉ်ရှိတယ်။ စိတ်မကောင်းတော့ တော်တော်ဖြစ်တယ်။ အရုပ်ကြိုးပြတ်ပဲ။ ဘယ်ဆက်သွယ်လို့ဆက်သွယ်ရမှန်းလဲမသိ ကိုယ်ကလည်း ကျွမ်းကျွမ်းကျင်ကျင် မသိဘူး။ ထောက်ပံ့မှုမရဖူးဘူး”
-
“ထမင်းရယ်လို့ သေချာမစားရတာ ငါးလလောက်တောင်ရှိတော့မလားဘဲ၊ အလှူရှင်တွေရှိရင်တော့စားဖို့ရတယ်။ အလှူကလည်းအမြဲရှိမနေတော့ ဘာမှရှာလို့ဖွေလို့မရရင် ဒီအမှိုက်ပုံပဲ လာရတော့တာပဲ၊ အမှိုက်ပုံကစားစရာရနေလို့သာ အခုထိအသက်ရှင်နိုင်တာပေါ့”
-
“ကိုဗစ်ကာလမှာ ကျမတို့ကိုယ်ဝန်ဆောင်တွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပိုလို့ဝေးသွားခဲ့ပြီ။ ရောဂါကို ခုခံဖို့အတွက် ကိုယ်ခံအားကောင်းဖို့
လိုတယ်ဆိုပေမယ့် အသားငါးတွေ ဝယ်စားဖို့အတွက်ကျတော့လည်း ပိုက်ဆံမှမရှိကြတာ။ ကျမ နေမကောင်းရင် ဗိုက်ထဲကကလေးပါ ထိခိုက်သွားနိုင်တဲ့အတွက် ကလေးမွေးဖို့ကိစ္စကို တွေးရင် ငိုချင်တယ်။” -
“အရေးပေါ်ယာဉ်ပေါ်မှာမို့ မီးနေခန်းကို ထွေထွေထူးထူး ပြင်ဆင်မပေးနိုင်ပါ။ ကားမှန်ပြူတင်းက လိုက်ကာများကို အကာ အရံအဖြစ် ချထားလိုက်သည်။ ထို့နောက် လူနာစောင့်များလိုက်ပါသည့်အခါထိုင်ရသည့် ဘေးခုံတန်းနှစ်ခုမှ တစ်ခုကိုဖြုတ် ကာ ကျန်တစ်ခုကိုမူ အလယ်တည့်တည့်ရွှေ့သည်။ ပြီးသည်နှင့် ထိုခုံပေါ်သို့ လူနာအား မ တင်ကာ မီးဖွားနိုင်ရန်ပြင်ဆင် ရ၏။”
-
“အောက်ဆီဂျင်ရဖို့အရေး ယောက်ျားလေး မိန်းကလေးမခွဲ တန်းတူတန်းစီစောင့်ဆိုင်းသလို ၁၀ လီတာ၊ ၁၅ လီတာ ဆန့်တဲ့အိုးတွေကို ကိုယ်တိုင်ဝင်မတာ သယ်ဆောင်တာမျိုးလုပ်ပါတယ်၊ အောက်ဆီဂျင်အိုးတွေက လေးလံပြီးပြုတ်ကျရင် လူကိုထိခိုက်တာတွေရှိနိုင်ပေမယ့် အောက်ဆီဂျင်ရမှ အသက်ရှင်သန်နိုင်မယ့် လူနာတွေအတွက် စဉ်းစားပြီး စနစ်တကျ နဲ့လုပ်ဆောင်ကြရပါတယ်။”
-
“မုဒိမ်းမှုတွေက ဆင်းရဲလို့၊ အလုပ်အကိုင်ရှားလို့ဆိုတဲ့ အကြောင်းအရာတစ်ချို့ပေါ်မှာမူတည်ပြီး ဖြစ်နေတာ မဟုတ်ဘူး။ အကြောင်းအရာ အမျိုးမျိုးပေါ်မူတည်ပြီးတော့ဖြစ်နေတာ။ ကာမအားကြီးပြီး ပြသနာဖြစ်ချင်နေတဲ့ သူတွေကြောင့် ဖြစ်တာ လို့ပဲမြင်တယ်”
-
“ အရင်က စက်လှေသမား၊ အခုတော့ငါးဖမ်းသမားဖြစ်နေပြီ။ အရင်ကိုဗစ်တုန်းက ဒီလောက်မခက်ခဲဘူး။ အခုကလုပ်စရာ အလုပ်ကို မရှိတာ။ ဘယ်ဝင်ငွေနဲ့စားမလဲ။ ဒီလောက်ကြာတော့ ရှိတာတွေလည်း စားလို့ကုန်ပြီလေ။ အကြွေးမတင်ရင် တောင်ကံကောင်းတယ်”
-
“ဈေးနှုန်းမရှိတာတစ်ဖက်၊ ရောင်းမရတာ တစ်ဖက်၊ ပိုးကျလို့ ဆုံးရှုံးမူတဖက်၊ ဝင်ငွေလည်း နည်းပါးသွားပြီး စားရေးသောက်ရေးကို ချွေတာစွာ စားသုံးနေရတယ်။ အရင်းအနှီးအတွက် ချေးထားတဲ့အကြွေးလည်းဆပ်ဖို့ အဆင်မပြေ တော့တဲ့ အထိပါပဲ။”
-
“၈၈ တုန်းကရောအခုလက်ရှိ နွေဦးတော်လှန်ရေးမှာပါ အာဏာရှင်တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် ဘယ်လိုအခန်းကဏ္ဍကနေပါဝင်ရပါဝင်ရ၊ ဘယ်လိုပဲပေးဆပ်ရပေးဆပ်ရ၊ အောင်မြင်ဖို့အတွက်ပဲ စိတ်အားထက်သန်နေတယ်”