“ကျမတို့အနေနဲ့ကတော့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ သူတို့နာမည်နဲ့သူတို့ပြိုင်ရင် ကိစ္စမရှိဘူး။ ကြောက်စရာလည်းမရှိဘူး။ အမေစုနဲ့လာပြီးတော့ သွားပြီးပြိုင်တဲ့အခါကတော့ ကျမတို့ကို မသိတဲ့အထဲမှာ ပါသွားတာပေါ့။ အမေစုကတော့ တစ်နိုင်ငံလုံးသိနေတာကိုး။ ဟိုဘက်ကပါတီတွေပြိုင်တာကလည်း သူတို့ရဲ့ ကိုယ်ပိုင်နာမည် ဝိသေသနဲ့ မပြိုင်ဘူး။ အမေစုကို ကျေးဇူးဆပ်ရမှာရမယ်ဆိုတဲ့ဟာနဲ့ သွားလုပ်လိုက်တော့ အဲဒါကြောင့်မို့ ရှုံးသွားတာပေါ့နော်။ အမေစုရဲ့ ပုံရိပ်နဲ့ လုပ်သွားလို့ကျမတို့ရှုံးသွားတာလို့ထင်ပါတယ်။”
Administrator
-
-
“နစ်နာတဲ့ အမျိုးသမီးကလည်း ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အရမ်းကို မျှော်လင့်နေတယ်။ တရားမျှတမှု ရရှိမယ်ဆိုပြီး မျှော်လင့်ပြီး အဖြေဘယ်လိုလာမလဲ ဆိုတာ သူကိုယ်တိုင်လည်းအရမ်း သိချင်နေတယ်”
-
“ဒီကိစ္စမှာဆိုရင်လည်း မလုပ်သင့်တဲ့ ကိစ္စကို လုပ်တယ်။ ဗစ်တိုးရီးယား ကိစ္စမျိုးမှာ ဆန္ဒပြတဲ့ အထဲမှာတောင် ပါဝင်ခဲ့တဲ့ သူက ဒီလို မျိုးလုပ်တယ်ဆိုတော့ ဒီလို လူက အယောင်အဆောင်လို့ဘဲ ကျနော်မြင်တယ်”
-
အဲ့ညက လက်နက်ကြီးသံတွေကလည်း တရစပ် ပစ်နေတော့ ဆေးရုံသွားဖို့ကလည်းအဆင်မပြေ။ ဒဏ်ရာနဲ့ သွေးနဲ့ ဒီတိုင်း နာကျင်ပြီးနေရတယ်။ အရဲစွန့်ပြီးတော့လည်းမသွားရဲဘူး”
-
နေပြည်တော်က မဲပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံ(၁)ညီမက အခုမှ ပထမဆုံးမဲပေးတာဆိုတော့ကြိုပြီးတော့ ပြင်ဆင်လာရတယ်။ စိတ်တွေ အရမ်းလှုပ်ရှားပြီး လက်တွေပါ တုန်နေတာ။ မဲပေးရတာတော့ အဆင်ပြေပါတယ်။ ကိုဗစ်ကလည်း…
-
“ကျွန်မတို့ ဘယ်လိုပဲ ညှိနှိုင်းမှုတွေလုပ်လုပ် ခုထိ မြေပြင်အခြေအနေမှာတော့ မုဒိမ်းမှုတွေတောင် ရေတွက်လို့ မရနိုင်အောင်ဖြစ်နေဆဲပါပဲ၊ ထိရောက်တဲ့ တာဝန်ယူ တာဝန်ခံမှုမရှိသေးသရွေ့လည်း ဘယ်လိုပဲ စစ်တက္ကသိုလ်တွေ စစ်သင်တန်းတွေမှာ ကျား-မ တန်းတူညီမျှမှုတို့ စစ်ဘေးသင့်ဒေသက အမျဳိးသမီးတွေ အတွက် စာနာနားလည်မှုတို့ သင်ပေးနေတယ်ပြောပြော မြေပြင်ကို မထိရောက်ရင် အလကားပါပဲ”
-
“အခု နိုင်ငံရေးနယ်ပယ်ထဲကို ကျမတို့ မသန်စွမ်းတွေဝင်လာခဲ့တယ်။ နိုင်ငံရေးနောက်ခံသမိုင်းမှာ သွေးတွေ ချွေးတွေရင်းပြီး ပါခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အနာဂတ်ကို ဖော်ဆောင်တဲ့အခါမှာ ကျမတို့ ကလည်းအုပ်တစ်ချက် သဲတစ်ပွင့် အနေနဲ့ ပါဝင်ချင်ပါတယ်”
-
မေးချင်တယ် ဘာမှ(တိုက်ပွဲတွေ)မဖြစ်တဲ့နေရာမှာ၊ ဘာမှ(ပြဿနာ)မရှိတဲ့နေရာမှာ ဘာလို့ မလုပ်တာလဲပေါ့။ အခုဖြစ်နေတဲ့ ကျေးရွာ အုပ်စု ၁၂ အုပ်စု ဆိုရင် လုံးဝ ဘာမှ မဖြစ်တဲ့နေရာဖြစ်နေတယ်။ ဟိုတလောက ဖြစ်သွားတဲ့ (စစ်ပွဲဖြစ်တဲ့နေရာ)ဆိုရင်လည်း ပိတ်လိုက်တဲ့ မဲဆန္ဒနယ် ထဲမှာ မပါဘူး။ တလွဲတွေ ဖြစ်နေတယ်။ ဘာလို့ အဲ့ဒီလို ဖြစ်နေတာလဲ။ ဘာလို့ ဒီလို လုပ်လိုက်တာလဲ အဲ့ဒါတော့မေးချင်ပါတယ်။
-
“အရင်က ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ ကြေညာချက်တွေမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်ခဲ့ပေမယ့် ဒါတွေက ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ လို ပီပြင်တဲ့ သြဇာ သက်ရောက်မှု မရှိခဲ့ကြပါဘူး။ ဒီဆုံးဖြတ်ချက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို တိတိကျကျ အရေးယူဆောင်ရွက်ဖို့ တောင်းဆို တိုက်တွန်းထားပါတယ်။”
-
“အမှန်တိုင်းပြောရရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မကြိုက်ဘူး။ ဒီဘာသာမှာ လူဖြစ်ခွင့်ရတာနဲ့ပဲ ကိုယ့်ဖြစ်တည်မှုတွေကို စွန့်လွတ်ရမလို ဖြစ်နေပြီ။ ဒါမျိုးတွေ လူကြီးမိဘရှေ့ပြောကြည့်လို့တောင်မရတဲ့ စကားမျိုးတွေပါ”