Entries by Administrator

“ဦးဂါရွာသူအမှုက တနိုင်ငံလုံးမှာ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေ အမျိုးသမီးတွေရဲ့ လုံခြုံမှုကို မီးမောင်းထိုးပြလိုက်တဲ့ သဘောဖြစ်နေတယ်”

“ကျမတို့ မြန်မာတစ်နိုင်ငံလုံး…ရှမ်းမှာဖြစ်တယ်။ ကချင်မှာဖြစ်တယ်။ ကရင် မှာ ဖြစ်တယ်။ ကျမတို့အကုန်လုံး အမှုတွဲတွေကြားနေရတယ်။ တွေ့နေရတယ်။ ဒီလောက် မအောင်မြင်ဘူး။ ကျမတို့ အ ခုလုပ်လိုက်တဲ့ အမှုတွဲအောင်မြင်တဲ့ အတွက် ဒါက ကျမတို့ ရခိုင်ပြည်နယ် တစ်ခုထဲအတွက် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တနိုင်ငံလုံးမှာ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေက အမျိုးသမီးတွေရဲ့ လုံခြုံမှုကို မီးမောင်းထိုးပြလိုက်တဲ့ သဘောဖြစ်နေတယ်။”

ဦးဂါရွာသူကို အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သား ၃ဦးကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

“တရားခံ တဦးကို ထောင်ဒဏ်နှစ် ၂၀ဆီနဲ့ အလုပ်ကြမ်းချမှတ်လိုက်ပါပြီ။ အခုပဲ တရားခံတွေကို စစ်တွေထောင်ကို ပို့လိုက်ပါပြီ။ ၃ ယောက်စလုံးကို ပြစ်ဒဏ် ညီတူညီမျှပါပဲ” လို့ ယင်းအမှုကိုလိုက်ပါဆောင်ရွက်နေသူ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

ရန်ကုန်ရဲ့ပထမဆုံးအမျိုးသမီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်ထုမေ

“ …အဆိုပါအရေးအခင်းသည် ကျမဘဝအတွက် နိုင်ငံရေးအချိုးအကွေ့တစ်ခုဖြစ်လာပြီး ဂုဏ်သိက္ခာရှိသော Professional နိုင်ငံရေးသမားတစ်ယောက်အဖြစ် ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်”

ကိုဗစ်ရှေ့တန်းစစ်မျက်နှာပြင်က LGBTစေတနာ့ဝန်ထမ်း

“ကျနော်အသက်ရှင်နေတဲ့အချိန်ကာလတစ်ခုမှာ ကျနော့်နိုင်ငံ၊ ကျနော့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေအတွက် ကျနော် ဘာလုပ်ပေးနိုင်မလဲလို့ တွေးတယ်။ အနည်းဆုံးတော့ ရှိတဲ့ ခွန်အားနဲ့တစ်ထောင့် တစ်နေရာကနေ အကျိုးပြုချင်တယ်။ ကိုဗစ် ကူးခံရမှာတော့ မကြောက်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကြောင့် အခြားသူကိုကူးမှာကိုတော့ ကျွန်တော်ကြောက်တယ်၊ ပြီးတော့ ကိုဗစ်ကြီးကို ပြီးဆုံးအောင် မတိုက်နိုင်မှာကိုပဲ ကြောက်တယ်”

ဝေဒနာများနဲ့ဆက်လျှောက်ရဦးမည့် အမျိုးသမီးများရဲ့နိုင်ငံရေးခယောင်းလမ်း

“ အမျိုးသမီးတွေနိုင်ငံရေးလုပ်တဲ့အခါ လုပ်ဆောင်ချက်အပေါ်ဝေဖန်တာမျိုးမဟုတ်ပဲ အမျိုးသမီးဖြစ်တည်မှုကိုပဲတိုက်ရိုက်ထားပြီးပြောကြတာပေါ့နော်။ နိုင်ငံရေးဦးဆောင်မှုတွေက ယောကျာ်းလေးတွေရဲ့နေရာပဲ ဒါမျိုးသတ်မှတ်ထားတဲ့ဓလေ့ထုံးစံတွေကို တိုက်ထုတ်ရမယ်လို့ထင်တယ်”

“ကျမကိုလာပြီးခြိမ်းမခြောက်နဲ့ အမှန်တရားနဲ့လည်းမဝေးနိုင်ဘူး”

“စစ်တပ်ထဲကပဲဖြစ်ဖြစ် ရဲထဲကပဲဖြစ်ဖြစ် ဘယ်နေရာကဖြစ်ဖြစ်လူတိုင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ ဒီအခွင့်အရေးကိုလွတ်လွတ်လပ်လပ်ကျင့်သုံးခွင့်ရှိတယ်။ စည်းကမ်းတကျပေါ့၊ လွတ်လပ်စွာ ဆဲဆိုခွင့်၊မဟုတ်တမ်းမတရားပြောပိုင်ခွင့်တွေတော့ မရှိဘူးပေါ့၊ ကိုယ့်ရဲ့ ယုံကြည်ရာ ကိုယ့်ရဲ့ ယုံကြည်ချက်ကိုယ့်ထင်မြင်ချက်ကို တခြားသူတစ်ဦးတစ်ယောက်ကို အနှောင့်အယှက်မဖြစ်စေဘူးဆိုရင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်”

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများပပျောက်ဖို့ အားလုံးအတူတကွလုပ်ဆောင်စို့…

“ကျမတို့ လှုပ်ရှားခဲ့တဲ့ နယ်စပ်ဒေသမှာဆိုရင်ကွန်ပြူတာ အသုံးပြုတတ်သူ ကိုယ့်အသိုင်းအဝိုင်းမှာ မရှိသလောက် ရှားပါးပြီးကွန်ပြူတာ ပိုင်ဆိုင်သူလည်း မရှိပါဘူး ။ အမျိုးသားနိုင်ငံရေး အဖွဲ့အစည်းရုံးတွေမှာသာ အနည်းအကျဉ်းရှိတဲ့ အခြေအနေဖြစ်တဲ့အတွက်ရံဖန်ရံခါ အမျိုးသား အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကိုလည်း ရယူပြီး အခမ်းအနားတွေကိုပြုလုပ်ရပါတယ်။ လှုပ်ရှားမှု အစီရင်ခံစာတွေကို လက်ရေးနဲ့ရေးပြီး ၃ နာရီလောက်လမ်းလျှောက်မှ ရောက်တဲ့ စာတိုက်ကနေ တဆင့် ရုံးချုပ်ကို ပို့ခဲ့ရပါတယ်”

Qစင်တာရောက် အမျိုးသမီးတွေလုံခြုံရေး တိုးမြှင့်ပေးချိန်ရောက်ပြီ

“Quarantine စင်တာတွေ စလုပ် ကတည်းက စပြောတယ်။ တံခါးရောရှိရဲ့လား။ ဂျက်ကောထိုးရဲ့လား။ အစောင့်ရော ရှိလားဆိုတော့…ပိုတယ်တွေ ဘာတွေ လုပ်တာ။ တမြို့ထဲသားချင်းပဲ ဘယ်သူကလုပ်မှာစိုးလို့လဲ။ ဘယ်သူက လုပ်မှာ မိုလို့လဲ။ ဘာလဲ။ ညာလဲ ။ ရွာမှာပဲ ဒီလောက်လုပ်တာကိုပဲ နင်တို့က ကျေးဇူးတင်ဦးဆိုတဲ့ ဟာတွေ ရှိတယ်။ အခုတော့ မဖြစ်သင့်ပဲ ဖြစ်သွားတဲ့ဟာဖြစ်တယ်”

လိင်မုဆိုးများ၏အွန်လိုင်းခြိမ်းခြောက်မှုကိုရင်ဆိုင်ခြင်း

“(တချို့ကတော့) သူတို့မှာ ဟာကွက်ရှိသွားလို့ တိုက်ခိုက်ခံရတာလေ။ အလကားနေရင်း ခြိမ်းခြောက်ခံရတာ မဟုတ်ဘူး။ ဝတ်လစ်စလစ် ဗီဒီယို ပို့ဖူးလို့၊ ဝတ်လစ်စလစ်ဓာတ်ပုံ ပို့ဖူးလို့၊ Sex Chat ဖူးလို့၊ ဘဲနဲ့ Sex Chat လုပ်တဲ့ ကာလမွာ Video ရိုက်မိလို့ သူတို့ ဒီလို ဖြစ်ကြတာများတယ်ဆိုတော့ သူတို့ကိုယ်တိုင်လည်း အမှားတွေ ရှိခဲ့ကြတာလေ”

မွန်အမျိုးသမီးအမတ်၏တော်လှန်ရေးမှသည် လွှတ်တော်ဆီသို့သွားရာခရီးလမ်း

“မွန်ရိုးရာဓလေ့အရ အမျိုးသမီးနဲ့ အမျိုးသားကို ခွဲခြားမှုတော့ရှိတယ်။ ကျမတို့ဆီက ခွဲခြားခြင်းဆိုတာ သိပ်ပြီး တော့ မသိသာဘူး။ ဒါပေမယ့် ပြုပြင်ရခက်တယ်။ ရှင်းရှင်းပြောရင် ထမင်းစားရင်တောင်မှ ယောကျာ်းတွေပဲ အရင် စားခိုင်းတယ်။ အမျိုးသမီးတွေက နောက်မှစားရတယ်။ အဲဒါတွေက အခုထက်ထိကို ရှိနေသေးတယ်”