Home Author
Author

Administrator

  • “ရေက အမျိုးသမီးတွေတွက် မရှိမဖြစ်အရေးကြီးပါတယ်။ အဓိကချက်ပြုတ်ဖို့နဲ့ သောက်ဖို့ ရေသန့်လိုတယ်။ လျော်တာ၊ ဖွတ်တာတွက်က ရေက အသန့်မလိုပေမယ့် ရေကောင်းလိုတယ်။ သားသမီးတွေ ကျန်းမာရေးတွက် ရေကောင်း၊ ရေသန့် လိုတယ်”ဟု ၎င်းက ဆိုသည်။

  • “ ကပ်ခွာတစ်ခုလောက်တောင် လုံခြုံမှုမပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ကျူးလွန်ခဲ့တဲ့အမှုတွေအားလုံးက အများစုက ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ အများကြီး ရရှိထားတယ်။ တကယ်လို့သာ စစ်အာဏာရှင်စနစ်သာ ဆက်ပြီးတော့ သက်ဆိုးရှည်နေမယ်၊ စစ်အာဏာရှင်လက်အောက်မှာပဲနေရမယ်ဆိုရင် အမျိုးသမီးဘဝတွေ ဒီလောက်တောင် လုံခြုံမှုရှိမှာ မဟုတ်ဘူးဆိုတာ ကျမတို့ ပြချင်တာ” ဟု ယင်းသပိတ်တွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သူ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)မှ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) မဇူးပဒုမ္မာက ဆိုသည်။

  • “ ဒီခေတ်မိန်းကလေးငယ်လေးတွေရဲ့ ဆန်းပြားတဲ့စိတ်ကူးနဲ့ တီထွင်ဖန်တီးတောင်းဆိုမှုတွေဟာ နည်းမျိုးစုံနဲ့မို့ ခေတ်အဆက်ဆက် ဆန္ဒပြမှုတွေထက်ပိုထူးခြားတယ်”

  • တစ်နည်းပြောရလျှင် ၂၀၂၁ အစိုးရသစ်လက်ထက်တွင် အတည်ပြုနိုင်ဖွယ်ရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည့် အမျိုးသမီး များနှင့်သက်ဆိုင်သော ဥပဒေပြုရေးဆိုင်ရာကိစ္စနှင့် တရားမျှတရေးဆိုင်ရာကိစ္စရပ်များအားလုံး အိပ်မက်သဖွယ် ကွယ် ပျောက်ခဲ့ရခြင်းဖြစ်သည်။ နိုင်ငံရေးစင်မြင့်တွင်ပါဝင်မှုရရှိရေးအတွက် အားသွန်ခွန်စိုက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့ရသည့် အမျိုးသမီးများအနေဖြင့် လက်စွမ်းမပြရသေးမီ အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ရသည်။ ထိုမျှမကသေး အမျိုးသမီး လွတ်တော်ကိုယ်စားလှယ်များကို အချိန်မတော်ဝင်ရောက်ဖမ်းဆီးခဲ့ကြမှုများက အရုပ်ဆိုးအကျည်းတန် လွန်းလှသည့် အပြင် နောင်အနာဂတ်တွင် အမျိုးသမီးများ၏ နိုင်ငံရေးတွင်ပါဝင်ပတ်ခွင့် အခွင့်အလမ်းများနှင့် ပိုမိုဝေးကွာသွားစေသည် ဟုလည်း အမျိုးသမီးကိုယ်စားလှယ်အချို့က ထောက်ပြကြသည်။

  • ဆရာမ နှစ်ဦးကို ဘယ်ပုဒ်မတွေနဲ့ဖမ်းဆီးခဲ့တယ်ဆိုတာတွေကို အတိအကျမသိရပေမယ့် သူတို့နှစ်ဦးကို ခံဝန် ချက်နဲ့ “ရုံးမတင်သောတရားခံ”ဆိုတဲ့ ခေါင်းစဉ်နဲ့ပြန်လွှတ်ပေးတယ်ဆိုပါတယ်။ ကျမအနေနဲ့က ဥပဒေပညာ ရှင်လည်းမဟုတ်တော့ ဒီခံဝန်ချက်၊ ရုံးမတင်သောတရားခံစတဲ့ အသုံးအနှုန်းခေါင်းစဉ်အပေါ်ကို သေချာနားမ လည်သလို ငြင်းချက်ထုတ်ရှင်းလင်းမှုလည်း မလုပ်လိုပါဘူး။

  • “ ကျွန်မပြန်အရွေးခံဖို့တော့မရှိဘူး။ ဘာလို့လဲဆို ကျွန်မလည်း စစ်အာဏာအောက်မှာမနေချင်ဘူး။ မကြိုက်ဘူး စစ်အုပ်ချုပ်တာကို။ လာလုပ်ခိုင်းရင်လည်း လက်မခံဘူး။”

  • “ ညီမတို့ကို အခုလို ဖမ်းလိုက်လို့ ညီမတို့က ရပ်တန့်သွားမှာတော့မဟုတ်ဘူး။ ညီမတို့ကို အပြင်ပန်းသဏ္ဍာန်ကိုသာ ဖမ်းလို့ ရတာလေ။ စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုတော့ သူတို့တားလို့မရပါဘူး။” – မသက်နှင်း (CDM ဝန်ထမ်းတစ်ဦး)

  • “ မိန်းကလေးလူငယ်တွေ ထွက်တာက တခုခုများလမ်းထိပ်မှာ တခြားအဖွဲ့အစည်းက တိုက်ခိုက်တာ မျိုးရှိရင် ဒေါသ အလျောက်တုံ့ပြန်တာက ယောကျာ်းလေးအများစုက တုံ့ပြန်တတ်တယ်။ အဲ့လိုမလုပ်ဖြစ်အောင် မိန်းကလေး တွေက ထိန်းတဲ့သဘောမျိုးနဲ့ စောင့်ဖြစ်တာ”

  • “ မိသားစုအတွက် ဒီအလုပ်မလုပ်ရလို့ ငတ်မယ်ဆိုလည်း ငတ်ပါစေတော့ဆိုပြီး ထွက်လိုက်တာ။ ကျွန်မစိတ်ထဲမှာ ကျွန်မ မြဝတီသတင်းစာကပါလို့ အင်တာဗျူးလုပ်လိုက်တဲ့အခါမျိုးမှာ သူတို့ဘက်က တိတ်ဆိတ်သွားတာက နားထောင်ပြီးတော့ ကိုယ်တိုင်အပြစ်သားတယောက်လို ခံစားရတယ်”