Home သတင်း ရခိုင်ရှိ တိုက်ပွဲရှောင်များအတွက် သောက်သုံးရေလိုအပ်နေ

ရခိုင်ရှိ တိုက်ပွဲရှောင်များအတွက် သောက်သုံးရေလိုအပ်နေ

သန့်ရှင်းထွန်း

တိုက်ပွဲရှောင်စခန်းများရှိ အိမ်ရှင်မအမျိုးသမီးများအတွက် မရှိမဖြစ်လိုအပ်နေသော သောက်သုံးရေများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း တိုက်ပွဲရှောင်မိသားစုဝင်တစ်ချို့က ပြောသည်။

‌‌နွေကာလကိုရောက်ရှိလာပြီဖြစ်သောကြောင့် ရခိုင်က တိုက်ပွဲရှောင်စခန်းများရှိ ရေတွင်း၊ ရေကန်များမှာ ခန်းခြောက်လာပြီး မသန့်ရှင်းသော ရေများကို ခပ်ယူသုံးစွဲနေရသည်ဟု ပုဏ္ဏားကျွန်းမြို့၊ ရေဖြူကန်စစ်ဘေးရှောင်စခန်း ဒေါ်ကြာညိုက ပြောသည်။

“ရေက အမျိုးသမီးတွေတွက် မရှိမဖြစ်အရေးကြီးပါတယ်။ အဓိကချက်ပြုတ်ဖို့နဲ့ သောက်ဖို့ ရေသန့်လိုတယ်။ လျော်တာ၊ ဖွတ်တာတွက်က ရေက အသန့်မလိုပေမယ့် ရေကောင်းလိုတယ်။ သားသမီးတွေ ကျန်းမာရေးတွက် ရေကောင်း၊ ရေသန့် လိုတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် ဇန်နဝါရီ ၂၂ ရက်နေ့ နောက်ပိုင်းမှ စပြီး ရိက္ခာအထောက်အပံ့မရသဖြင့် လူ ၁ဝဝဝ နီးပါးအတွက် ရေအခက်အခဲရှိနေသည်ဟုဆိုသည်။

“အမျိုးသားတွေက ဘယ်နေရာသွားချိုးချိုး အဆင်ပြေပေမယ့် အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်က အဆင်မပြေပါဘူး”ဟု တိုက်ပွဲရှောင်စခန်းက ဒေါ်ခိုင်ခိုင် ကပြောသည်။

ရခိုင်ပြည်နယ်သည် မိုးများသောဒေသဖြစ်သော်လည်း နွေရာသီတွင် ရေရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရသော ပြည်နယ်တစ်ခုဖြစ်သည်။

Related Articles