Home အယ်ဒီတာ့အာဘော် သမိုင်းစာမျက်နှာတွင် တင်ကျန်ရစ်မည့် အာဇာနည်အမျိုးသမီးများ

သမိုင်းစာမျက်နှာတွင် တင်ကျန်ရစ်မည့် အာဇာနည်အမျိုးသမီးများ

အယ်ဒီတာ့အာဘော်။ ။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သော စစ်အာဏာသိမ်းမှုသည် ဒီမိုကရေစီရှင်သန်ရေးတွင် အမျိုးသမီး များ၏ တက်ကြွစွာပါဝင်မှုအတွက် အကြီးမားဆုံးအဟန့်အတားတခုဖြစ်ခဲ့သလို အမျိုးသမီးရေးလှုပ်ရှားမှု၊ ကျား-မ တန်း တူရေးနှင့် လူမှုတရားမျှတရေး ဖော်ဆောင်မှု နောက်ကြောင်းပြန်လှည့်ခံလိုက်ရသည့် အခြေအနေဖြစ်ခဲ့သည်။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင်မူ အမျိုးသမီးများ၏ ရွေးကောက်ခံရမှုမှာ ၁၇ ရာခိုင်နူန်းပိုမိုများပြားလာသည့်အတွက် အမျိုးသမီးလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကျား-မတန်းတူရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေး၊ အမျိုးသမီးများလူနေမှုအဆင့်အတန်းမြင့်မားရေး စသည်တို့အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းများ၏ အိမ်မက် များဖြစ်သော အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များမှတဆင့် အမျိုးသမီးများကို အကာအကွယ်ပေးမည့် ဥပဒေများ ပြဌာန်းနိုင်ရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုကို တွန်းအားဖြစ်စေသည့် ခွဲခြားဆက်ဆံမှုကို ပိုမိုအားကောင်းစေသည့် ဥပဒေများ ဖျက်သိမ်းရေး စသည်တို့မှာလည်း ဆိတ်သုဉ်းခဲ့ရပြီဖြစ်သည်။

တစ်နည်းပြောရလျှင် ၂၀၂၁ အစိုးရသစ်လက်ထက်တွင် အတည်ပြုနိုင်ဖွယ်ရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည့် အမျိုးသမီး များနှင့်သက်ဆိုင်သော ဥပဒေပြုရေးဆိုင်ရာကိစ္စနှင့် တရားမျှတရေးဆိုင်ရာကိစ္စရပ်များအားလုံး အိပ်မက်သဖွယ် ကွယ် ပျောက်ခဲ့ရခြင်းဖြစ်သည်။ နိုင်ငံရေးစင်မြင့်တွင်ပါဝင်မှုရရှိရေးအတွက် အားသွန်ခွန်စိုက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့ရသည့် အမျိုးသမီးများအနေဖြင့် လက်စွမ်းမပြရသေးမီ အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ရသည်။ ထိုမျှမကသေး အမျိုးသမီး လွတ်တော်ကိုယ်စားလှယ်များကို အချိန်မတော်ဝင်ရောက်ဖမ်းဆီးခဲ့ကြမှုများက အရုပ်ဆိုးအကျည်းတန် လွန်းလှသည့် အပြင် နောင်အနာဂတ်တွင် အမျိုးသမီးများ၏ နိုင်ငံရေးတွင်ပါဝင်ပတ်ခွင့် အခွင့်အလမ်းများနှင့် ပိုမိုဝေးကွာသွားစေသည် ဟုလည်း အမျိုးသမီးကိုယ်စားလှယ်အချို့က ထောက်ပြကြသည်။

ထိုသို့ အခွင့်အလမ်းများရိုက်ချိုးခံရသော်လည်း အမျိုးသမီးများမှာမူ နောက်တွန့်မသွားကြပါပေ။ အာဏာရှင် ဆန့်ကျင်ရေး အတွက် ရဲဝင့်စွာဖြင့်ပင် ရှေ့တန်းသို့ ရောက်ရှိလာကြပါသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့တွင် “ စစ်အာဏာရှင်စနစ်ကျရှုံးပါစေ ” “ ဒီမိုကရေစီရရှိရေး ဒို့အရေး” ဆိုသည့် ကြွေးကြော်သံများ နှင့်အတူ ကရင်ဝတ်စုံအနီရောင်ဝတ်ထားသည့် အမျိုးသမီးနှစ်ဦးတို့မှ ရန်ကုန်တွင်စတင်ခြေလှမ်းအစပြုခဲ့သည့် လမ်းပေါ် ထွက်သပိတ်မှောက်မှုကြီးမှစကာ နယ်စွန်နယ်ဖြားများအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ သိန်း၊ သန်းနှင့်ချီသော ပြည်သူများ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်။

လက်ရှိ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးမှသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးတိုင်ဖျက်သိမ်းပြီး တိုင်းရင်း သားလူမျိုးပေါင်းစုံတို့၏ တန်းတူအခွင့်အရေးတို့ကို အာမခံသည့် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံပေါ်ထွန်းလာရေးအထိ ကြွေး ကြော်လာကြသည်။ ယခု အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သည့် အစုအဖွဲ့များဖြစ်သည့် ပြည်သူ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုအပါအဝင် လူတန်းစားအလွှာပေါင်းစုံ တစ်နိုင်ငံလုံးပါဝင်သည့် စုံလင်ကွဲပြားမှုတို့၏ စုစည်းညီ ညွတ်မှုကို မြန်မာပြည်သူများသာမက နိုင်ငံတကာကိုပါ ပြသနိုင်ခဲ့သည်။

အခြားတဘက်တွင်လည်း အကြမ်းမဖက်သည့်နည်းဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများအပေါ် အကြမ်းဖက်ဖြိုခွဲမှုများ၊ ဖမ်း ဆီးခြင်း၊ နှိပ်စက်ခြင်း၊ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း စသည်တို့ကို အာဏာသိမ်းစစ်အုပ်စုမှ သွေးအေးအေး ဖြင့် ကျူးလွန်လျှက်ရှိပြီး ထိုသို့ ပုံစံမျိုးစုံ အကြမ်းဖက်ခံရသူများထဲတွင် အမျိုးသမီးအများစုပါဝင်သည်။ သက်ကြီးရွယ်အို များ၊ အမျိုးသမီးငယ်များနှင့် ကိုယ်ဝန်သည်များအား ကိုယ်ထိလက်ရောက် ရိုက်နှက်ထိုးကြိတ်ခြင်း၊ လူမဆန်စွာ ကာယ အိန္ဒြေပျက်သည်အထိ ဆွဲရမ်းဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကို အာဏာသိမ်းစစ်အုပ်စုတို့၏ လက်ပါး စေများဖြစ်သည့် ရဲ၊ စစ်တပ်က မင်းမဲ့စရိုက်ဆန်ဆန်ကျူးလွန်လျှက်ရှိသည်။

၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနှင့် ယခု ၂၀၂၁ ဖေဖေါ်ဝါရီလ၏ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ တက်ကြွစွာဦးဆောင်ပါဝင်မှုတို့ကို ကြည့်ခြင်းအားဖြင့် အမျိုး သမီးများသည် ဘယ်သောအခါမှ သတ္တိမနည်းခဲ့၊ မညံ့ခဲ့ကြသည်ကိုတွေ့မြင်နိုင်ပြီး ၎င်းတို့၏ပါဝင်မှုကို နောင်လာနောက် သားများကလေ့လာမှတ်သားနိုင်ရန်အတွက် သမိုင်းစာမျက်နှာတွင် တွင်ကျန်ခဲ့မည်ဖြစ်သည်။ ခေတ်အဆက်ဆက် ဒီမိုက ရေစီအရေး၊ တရားမျှတရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတိုက်ပွဲများတွင်ပါဝင်ခဲ့သော အလွှာအသီးသီးမှ အမျိုး သမီးများသည် သမိုင်းသစ်ကိုရေးဆွဲကြရန် မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်ပြီး၊ နည်းမျိုးစုံဖြင့်ပေးဆပ်ခဲ့ကြသော အမျိုးသမီးများ သည်လည်း တိုက်ပွဲဝင်အာဇာနည်အမျိုးသမီးများအဖြစ်မှတ်ကျောက်တင်ကျန်ရစ်မည်ဖြစ်ပါသည်။

Related Articles