Home Author
Author

Administrator

  • “ ခုလိုမျိုးနိုင်ငံရေးမကောင်းတဲ့အခြေအနေမှာ အကြမ်းဖက်တယ်။ နိုင်ငံမငြိမ်သက်ဘဲ သတ်ဖြတ်မှုတွေက အားလုံးနဲ့ ဆိုင်တယ်လို့ ကျွန်မစိတ်ထဲခံစားရတယ်။ ဘာသာရေးလူမျိုးရေး အဆင့်အတန်းမခွဲခြားဘူး။ ပြည်သူတွေ ခံစား နေရတာလည်း ထပ်တူထပ်မျှခံစားရပါတယ်။ ပြည်သူတွေငိုရင် ပြည်သူတွေဒုက္ခရောက်ပြီး ဝမ်းနည်းပူ ဆွေးရရင် Sister တို့လည်းဝမ်းနည်းပူဆွေးရပါတယ်။”

  • “အမျိုးသားပဲဝတ်ဝတ် အမျိုးသမီးပဲဝတ်ဝတ် အဝတ်အစားက အဝတ်အစားပဲဖြစ်ရမယ်လေ။ သို့ပေမယ့်အမျိုးသားဝတ်တဲ့လုံချည်ကျပြဿနာမရှိပဲ၊ အမျိုးသမီးဝတ်တဲ့ထဘီကနိမ့်ကျတယ်။ ဘုန်းနိမ့်စေတယ်ဆိုတဲ့ အမြင်ကျတော့ ကြီးမားတဲ့ခွဲခြားဆက်ဆံမှုကိုဖြစ်စေတယ်။ ဒါကအမျိုးသမီးတွေကို နိမ့်ကျတယ်ဆိုတဲ့အမြင်နဲ့ တိုက်ရိုက်ပတ်သက်တယ်။ ဒီလိုမျိုးထဘီအလံထူတယ်၊ထဘီတန်းတွေစီစဉ်ခြင်းက အမျိုးသမီးတွေကိုနှိမ့်ကျတယ်လို့ မယူဆတဲ့သူတွေအတွက်ကတော့ ဒီထဘီတန်းက ဘာမှခံစားနေစရာမလိုတဲ့ အရာတစ်ခုပဲ အဝတ်တစ်ခုပဲ၊ အမျိုးသမီးတွေကို နှိမ့်ချမှုမရှိတဲ့သူတွေအတွက်က ထဘီတန်းဆိုတာက ပြောပလောက်တဲ့အရာတစ်ခုမဟုတ်ဘူး။ အဝတ်ပိတ်စတစ်ခုသာဖြစ်တယ်။ အမျိုးသမီးတွေကိုနှိမ့်ချချင်တယ်။ မဟာပုရိသဝါဒ၊ မဟာလူမျိုးကြီးဝါဒ ပုံစံမျိုးနှလုံးသွင်းတဲ့သူတွေ ထဘီတန်းအောက်ကိုဝင်လိုက်တာနဲ့ ဘုန်းနှိမ့်သွားတယ်လို့ ယူဆတဲ့အယူရှိတဲ့ သူတွေအတွက်က ထဘီကမကောင်းတဲ့ လက္ခဏာရှိပြီးတော့ ထဘီကရွံရှာဖွယ်ကောင်းတဲ့ အနေအထားဖြစ်သွားတာပေါ့။”

  • ကျမတို့က အာဏာရှင်စနစ်ကိုတော်လှန်နေကြတာဖြစ်တယ်။ အာဏာရှင်စနစ်ဆိုတာသည် အင်အားနည်းတယ်လို့ထင်ရတဲ့သူ အင်အားတကယ်နည်းတယ်လို့ မပြောဘူးနော်။ အင်အားနည်းတယ်လို့ထင်ရတဲ့သူကို အင်အားကြီးတယ်လို့ထင်ရတဲ့သူက လက်နက်ဖြစ်စေ ခွန်အားနဲ့ဖြစ်စေ ပါဝါအာဏာနဲ့ ဖြစ်စေဖိနှိပ်တဲ့ စနစ်ဖြစ်တယ်။ ဆိုတော့ ကျမတို့က အဲ့ဒီစနစ်ကိုတော်လှန်နေတာဖြစ်တယ်။ အာဏာရှင်စနစ်ရဲ့ အဓိက ထောက်တိုင်ကလည်းကျား-မအခြေပြု ဖိနှိပ်မှုဖြစ်တယ်။

  • “ဒီတော်လှန်ရေးဟာ အာဏာရှင်ကိုသာ တိုက်တဲ့ပွဲမဟုတ်ဘူး။ အမျိုးသမီးတွေဟာ အားနွဲ့တယ်၊ အမျိုးသမီး အသုံးအဆောင်တွေဟာ ဘုန်းနိမ့်စေတယ်၊ အမျိုးသမီးတွေနေရာရလာမှာ၊ ရှေ့တန်းရောက်လာမှာကို မနာလိုသူ၊ တိုက်ခိုက်သူတွေအားလုံးအပါအဝင် အဲဒီလိုအယူအဆဟောင်းတွေကိုပါ တိုက်စားပစ်တဲ့ပွဲ”

  • “လှုပ်ရှားမှုတခုမှာ စင်ပေါ်မှာ ကပြရတဲ့ အရည်အချင်းတွေနဲ ့စင် နောက်မှာ ဇတ်ညွှန်းရေးဆွဲရတဲ့ အရည်အချင်းတွေလို့အတိုချုံးဆိုနိုင်ပါတယ်။ စင်ပေါ်က အရည်အချင်းနဲ့စင်နောက်က အရည်အချင်းရှိသူတွေ ဟန်ချက်ညီလက်တွဲမိနိုင်ဖို့အလွန်ပဲအရေးကြီးပါတယ်။ ဒါဟာလှုပ်ရှားမှုတိုင်းရဲ့အသက်သွေးကြောပါပဲ။”

  • “ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့အတွက် အမျိုးသမီးအင်အားစုတွေ အရေးကြီးတဲ့အနေအထားဖြစ်တယ်။ အမျိုး သမီးတွေက အင်တိုက်အားတိုက်နဲ့ ရှိတဲ့အင်အားကိုထုတ်ဖော်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့နေရာမှာ ပါဝင်နေကြတယ်။ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာလည်း အမျိုးသမီးတွေဆက်လက်ပြီး တိုက်ပွဲဝင်သွားရဦးမယ်”

  • “ ပြည်သူတွေကို ကာကွယ်ရင်းဖြစ်တာဆိုတော့ ဂုဏ်ယူတယ်။ ဝမ်းနည်းမှုတော့ မရှိဘူး။ စစ်အာဏာရှင် လက်ထဲတော့ အာဏာပြန်မပေးနိုင်ဘူး။ မရမခြင်းတော့ တော်လှန်ရေးကို ဆက်လုပ်သွားမယ်”

  • “ ရဲတွေ တပ်သားတွေဟာ စည်းမျဉ်းစည်းကမ်းတွေကို အသုံးမပြု မလိုက်နာဘဲနဲ့ အခုလိုမျိုး ပြုလုပ်နေတဲ့ အကြမ်းဖက် မှုအားလုံးကို ကျွန်မတို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ဆန့်ကျင်ပါတယ်”

  • “ ကျွန်မက စေတီပြင်တိုက်ပွဲရှောင်စခန်းမှာ နေထိုင်နေသူ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဆိုတာက စားချင်သောက်ချင်တဲ့စိတ်ကလေး ချဉ်ခြင်းတက်တာမျိုးတွေရှိတာပေါ့… ဒါပေမယ့် ချဉ်ခြင်းတက်တာလေးတစ်ခုကို အာရုံဖြေနိုင်ဖို့တောင် ကျွန်မတို့မှာ မတတ်နိုင်ပါဘူး… အလုပ်အကိုင် မရှိ၊ ဝင်ငွေမရှိတော့ အစစအရာရာမှာ အခက်အခဲဖြစ်ပါတယ်”

  • “ တကယ်တမ်းကျ ကျွန်မတို့အပြင်ထွက်ရတာ မလွယ်ဘူး။ ကျွန်မဆို အောက်ပိုင်းသေတာဖြစ်တဲ့အတွက် ဆီးဝမ်းကိစ္စ တွေရှိတယ်။ ကျွန်မတို့ ဒါတွေကိုလုံးဝမမှုဘဲနဲ့ ထွက်တာ ဒါတွေကို ဒုက္ခခံပြီးထွက်တာ မသန်စွမ်းတွေအတွက်က ဒီလို တကယ်ကိုခက်ခက်ခဲခဲနဲ့ ဆန္ဒပြင်းပြလွန်းလို့ထွက်တာ”