Entries by Administrator

ကုန်ဈေးနူန်းဒဏ် အလူးအလဲခံနေရတဲ့ အိမ်ထောင်ရှင်မတွေ

“ကုန်စျေးနှုန်းက လည်းတက်တယ်။ ဝင်ငွေကလည်း မရှိဘူး။ ဒီလို အခြေအနေက မိခင်နဲ့ကလေးတွေအတွက် ပိုပြီး ထိခိုက်မှုရှိနေတာပေါ့”

နွေဦးနှင်းဆီ

“ ကျွန်မတို့လူ့အဖွဲ့အစည်းက ရုပ်ချောချောလှလှလေးနဲ့ဆိုရင်၊ အိမ်မှာ အိမ်မှုကိစ္စလုပ်နိုင်တယ်ဆိုရင်ပြီးပြီလို့ ယူဆကြတာများတယ်။ အချိန်တန်ရင် ယောက်ျားတစ်ယောက်က လာတောင်းလိမ့်မယ်။ လုပ်ကျွေးလိမ့်မယ်။ တကယ်တော့ ကိုယ်ကအဲဒီလိုလည်းမဟုတ်ဘူး”

ရှေးရိုးစွဲတော်လှန်ရေး

တဖက်နဲ့ တဖက် တိုက်ခိုက်ကြလို့ တဖက်ဖက်ကအထိနာကြတဲ့အခါ လက်နက်ကိုင်ယောက်ျားတွေဟာ တဖွဲ့နဲ့တဖွဲ့ ထိုးနှက်တဲ့ စကားလုံးကတော့ “ယောက်ျားမပီသတဲ့လုပ်ရပ်”တဲ့။ “မင်းတို့တွေ ယောက်ျားမဟုတ်ဘူးလား၊ ကိုယ့်အပြစ်ကိုယ် ဝန်မခံရဲတဲ့ကောင်တွေ ထမီဝတ်ထား” တဲ့။

“သား…အမေစောင့်နေတယ်နော်…”

“ ဝမ်းနဲ့လွယ်မွေးထားတဲ့ သားသမီးတွေ သေသွားတာဆိုတော့ငိုကြမှာပေါ့။ မိခင်တွေဖြစ်တော့ ပိုခံစားရတယ်။ ဒီတော်လှန်ရေးလည်းအမြန်အောင်မြင်ပြီး မိခင်မျက်ရည်တွေလည်း အမြန်ခမ်းစေချင်ပြီ။ မျက်ရည်တွေထပ်မကျစေချင်တော့ဘူး”

CDM တွင် ပါဝင်သွားသောဆရာဝန်များက ကိုယ်ဝန်ဆောင်မိခင်များကို ပေးခဲ့သောသတ္တိ

“ဟိုးအရင်တုန်းကဆိုရင် အထူးကုတွေလည်းမရှိ၊ ဆရာဝန်တွေလည်းမရှိဘဲ မွေးလာကြတာပဲ။ ကျမစိတ်ဓာတ်မကျပါဘူး။ ကျမသတ္တိရှိပါတယ်”

လမ်းပေါ်က ပိတ်ဆို့နေတဲ့အတားအဆီးတွေကို ဖယ်ရှားဖို့စေခိုင်းခံရတဲ့ အမျိုးသမီးတွေ

” သဲအိတ်တွေကိုသူတို့ကားတွေပေါ်တင်ခိုင်းတယ်။ သူတို့သဲအိတ်ချရင်လူမရှိဘူးဆိုပြီးတော့ ယောကျာ်းလေးတွေ ကိုခေါ်သွားတယ်။ မိန်းကလေးတွေပဲကျန်ခဲ့တယ်။ နောက်ပိုင်း ထွက်လာတဲ့သူတွေကလည်း ယောကျာ်းလေးနည်းတော့ မိန်းကလေးတွေပဲသယ်လိုက်ရတယ်။ ကာထားတာတွေကလည်း လူတစ်ရပ်ကျော်လောက်ရှိတယ်။ သူတို့ကားကလည်း အရမ်းမြင့်တော့ တော်တော်တင်ပေးလိုက်ရတယ်”

သံတွဲဆန္ဒပြမှုတွင် တစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်လာသော အမျိုးသမီးနှင့်ဆက်သွယ်မေးမြန်းချက်

“ကျွန်မလုပ်ခဲ့တဲ့လုပ်ရပ်အပေါ်ကိုလည်း ကျွန်မ တော်တော်လေးကိုကျေနပ်မိတယ်။ ကြောက်တဲ့စိတ်လုံးဝမရှိဘဲနဲ့ ကိုယ့် လုပ်ရပ်ကိုယ်ဂုဏ်ယူမိသွားတယ်။”

တောင်တန်းဒေသတိုက်ပွဲတွေကြားက အမေ့လျော့ခံအမျိုးသမီးများ

“ ကျွန်မတို့ တောင်တန်းမြေပေါ်က တိုက်ပွဲဖြစ်ပြီး သေဆုံးတဲ့အမျိုးသမီး၊ ဒဏ်ရာရတဲ့အမျိုးသမီးတွေဟာ အာဏာမသိမ်းခင်ကလည်း အမေ့လျော့ခံဖြစ်သလို စစ်အာဏာရှင်တိုက်ပွဲကြားမှာလည်း အမေ့လျော့ခံလူသားတွေပါ”

“တိုက်ပွဲဆက်ဝင်ဖို့ စိတ်ဒဏ်ရာတွေကို ခွန်အားအဖြစ်ပြောင်းလဲနိုင်ခဲ့ကြတဲ့ အမျိုးသမီးများ”

“ အိမ်ကစထွက်ထဲက သေဖို့အထိစဉ်းစားပြီးသွားပြီ။ အဖမ်းခံရလည်းမကြောက်ဘူး၊ ငိုတော့ငိုမိတယ်။ အဖမ်းခံရလို့ငိုတာမဟုတ်ဘူး။ အရေးတော်ပုံကျရှုံးသွားမှာကိုကြောက်လို့ငိုတာ။”