Home Author
Author

Administrator

  • “ရခိုင်ပြည်နယ်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အဓိကပြသနာက စက်ရုံ၊ အလုပ်ရုံတွေမရှိတာပါ။ တကယ်လို့ စက်ရုံ၊ အလုပ်ရုံတွေရှိမယ်ဆိုရင် ဘယ်အမျိုးသမီး၊ အမျိုးသားမှ တခြားနေရာကို သွားပြီးအလုပ်လုပ်စရာမလိုပါဘူး။ ကိုယ့်ဒေသမှာ ကိုယ့်မိသားစုနဲ့ အလုပ်လုပ်ခွင့်ရနေမှာပါ”

  • ” တန်းစီတာသိတာနဲ့ တချို့တွေက မုန့်တွေလာပေး အအေးတွေလာပေးနေတယ်။၊ ထုတ်ပေးတဲ့သူတွေကလည်း ကျေးဇူး တင်လို့အအေးတွေ မုန့်တွေ ကျွေးချင်တယ်။ အဲ့လိုဆိုညီမတို့က အကျိုးအမြတ်ယူတယ် ဖြစ်မှာဆိုးလို့ မစားပါဘူး။”

  • “ ရွာသူကြီးဘဲဖြစ်ဖြစ်၊ အာဏာဘယ်လောက်ဘဲ ရှိရှိ ဒီလိုမတရားမှုကို ကျုးလွန်ခံရပြီဆိုရင် ရှက်စရာဆိုပြီး ဒီတိုင်းတိတ်တိတ်လေးမနေပါနဲ့။ တိုင်တန်းပါ။ ဥပဒေတွေနဲ့ ပတ်သက်တာ မသိခဲ့ဘူးဆိုရင် အမျိုးသမီးတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ရှေ့ဆက်ပါ”

  • “ မနှစ်က ရာသီဥတုမကောင်းတော့ အရင်းမရတဲ့အပြင် မျိုးခပါရူံးတယ်။ အခု နွေစပါးကျတော့လည်း မိုးမိတော့ စပါးတွေ က မဲပြီးဈေးကောင်းမရဘူး။ နောက်ပြီး နွေစပါးပေါ်တဲ့အချိန်မှာမှ အာဏာသိမ်းတာနဲ့ကြုံပြီး ဘဏ်လုပ်ငန်းတွေက ငွေထုတ် မရ အခက်အခဲဖြစ်တော့ စပါးဝယ်တဲ့ စက်ပိုင်တွေက ဈေးနှိမ်ဝယ်တာခံရတယ်။ ဘာလုပ်ကိုင်စားသောက်ရမှန်း မသိဖြစ် နေတယ်”

  • “တိုက်ပွဲတွေဖြစ်ပြီး လူတွေပြေးလာကြတော့ သူတို့မှာ ခါးဝတ်တစ်ထည်ကိုယ်တစ်လုံးနဲ့လေ။ အဲဒါကို ညီမက သူတို့တွေ ဝင်ငွေရအောင် ဘယ်လိုကူညီပေးရမလဲဆိုတဲ့ နည်းလမ်းရှာရင်းနဲ့ တိုက်ပွဲရှောင်တွေကိုယ်တိုင်လုပ်တဲ့ ဝါးထွက်ပစ္စည်းတွေကို ရောင်းချပေးဖြစ်သွားတာဖြစ်ပါတယ်”

  • “ဖမ်းထားတဲ့သူတွေကို ရှေ့မှာထားပြီး ရိုက်နှက်နှိပ်စက်နေလို့ ကျမတို့ နောက်ဆုတ်ပေးလိုက်တာပါ။ အရှုံးပေးလိုက်တာ တော့ မဟုတ်ဘူး။ ကျမတို့က ဘယ်တော့မှ အရှုံးမပေးဘူး။ ဆက်တိုက်ပွဲဝင်သွားမှာပါ”

  • “ကျား၊ မ ဖြစ်တည်မှုအပေါ်ခွဲခြားနှိမ်ချ ဆက်ဆံတဲ့ ရှေးရိုးစွဲ အကျင့်စရိုက်တွေကို လက်မခံတဲ့ ကျမတို့တွေဟာ ဒါမျိုးတွေ ကြုံလာတိုင်း ငြိမ်မနေဘဲ သင့်တော်တဲ့ နည်းလမ်းပေါင်းစုံနဲ့တုန့်ပြန်ဖို့ လိုအပ်တယ်။ မျိုးဆက်နဲ့ချီ အချိန်ယူတိုက်ဖျက်ရမယ့် အရာတွေဖြစ်လို့ စိတ်ပျက်အားလျှော့မသွားဖို့လိုပါတယ်။ တစ်ကြိမ်၊ အကြိမ်တစ်ရာ၊ ထောင်သောင်းမက ချီသွားပါစေ ကြုံတိုင်း ထောက်ပြပြောဆိုဖို့ လိုတယ်”

  • “အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက အမျိုးသားတွေဆီကပဲဖြစ်ဖြစ် အခြားသူတွေဆီကပဲဖြစ်ဖြစ် ဂရုဏာတွေ စာနာမှုတွေ ဖေးမမှုတွေ လိုအပ်တာမှန်ပေမယ့် သူတို့ကို ယူမည့်ယောကျာ်းမရှိလို့ မုဒိန်းကျင့်ခံရပြီးရင် သူတို့ဘဝကြီးက သွားပါပြီ၊ လူပုံအလယ်မှာ မတင့်တယ်တော့ပါဘူးဆိုတဲ့ အမြင်မျိုးကိုတော့ ဖျောက်ဖို့လိုမယ်၊ အကြမ်းဖက်ခံရတဲ့ကိစ္စမှာ ဂုဏ်သိက္ခာလျော့တာ ရှက်ရမှာက ဒီ အကြမ်းဖက်တဲ့ သူတွေပဲဖြစ်တယ်”

  • “အများစုက ကြောက်လို့ ပြန်ဝင်သွားကြပြီ၊ အဲ့ဒီအတွက်တော့ တော်တော်ဝမ်းနည်းရပါတယ်၊ ညီမလည်း ကြောက်တာပဲ၊ ဒါပေမဲ့အနာဂတ်ပျောက်မှာပိုကြောက်တယ်၊ သေသွားတဲ့သူတွေ ကိုယ်ထက်ငယ်တဲ့ ကလေးတွေကို အားနာရင် ကိုယ်ချင်းစာရင် ဆက်ပြီးတောင့်ခံထားပေးပါ”