နှစ်စဉ် မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ်ကုလသမဂ္ဂကသတ်မှတ်ခဲ့ပါတယ်။ ဒီလိုနေ့မှာနှစ်စဥ် နစ်တိုင်း ကမ္ဘာ့တစ်ဝှမ်းလုံးက အမျိုးသမီးအရေး လှုပ်ရှားသူတွေဟာ ဆောင်ပုဒ်အမျိုးမျိုး၊ပုံစံ အမျိုးမျိုးနဲ့ပြုလုပ်ဆင်နွဲကြ လေ့ရှိပါတယ်။
ဒီလိုနေ့ရောက်တိုင်း အမျိုးသမီးတွေဟာ ရိုးရာဓလေ့အရသော် လည်းကောင်း ဘာသာရေးအရသော် လည်း ကောင်း သူတို့ အပေါ် ခွဲခြားဖိနှိပ်မှုတွေကို ဖယ်ရှားပေးဖို့တောင်း ဆိုတာ၊ ရပိုင်ခွင့်တွေကို တန်းတူအခွင့်အရေးပေးဖို့တောင်းဆိုတာ တွေ ပြု လုပ်လေ့ရှိတယ်။
လက်ရှိ မြန်မာနိုင်ငံမှာလည်းအာဏာသိမ်းစစ်တပ်ကို သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြတာကစလို့ လက်နက်ကိုင် တော်လှန် ရေးအထိအမျိုးသမီးတွေဟာ ကျရာကဏ္ဍကနေပါဝင်ခဲ့ကြတယ်။ စစ်အာဏာသိမ်းမှုစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစတင်ပြီး သုံးနှစ်ကျော်ကာလအထိကို အမျိုးသမီးတွေဟာ ကဏ္ဍအသီးသီးကပါဝင်နေကြသလို ပြည်တွင်းမှာစိန်ခေါ်မှုတွေကြားထဲ မိသားစုတာဝန်ထမ်းနေတဲ့ အိမ်ရှင်မတွေရဲ့အခန်းကဏ္ဏကိုလည်းမေ့ထား လို့မရပါဘူး။
ဒီနေ့မှာတော့ မြန်မာနိုင်ငံတွင်းနယ်မြေဒေသအသီးသီးမှာရှိနေကြတဲ့အမျိုးသမီးတွေရဲ့အသံတွေကို HI ကဆက်သွယ်မေး မြန်းထားပါတယ်။
ဒေါ်လုရာ
မြစ်ကြီးနား၊ကချင်ပြည်နယ်
ကျွန်မတို့အမျိုးသမီးတွေကပြောရမယ်ဆိုအသက်တောင်မှန်မှန်မရှူနိုင်ဘူး။ ဒုက္ခပေါင်းစုံခါးစီးပြီးခံနေရတဲ့ အချိန်ဖြစ်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့စစ်ဖြစ်တဲ့နေရာတွေမှာပိုဆိုးတာပေါ့။ ထွက်ပြေးတိမ်း ရှောင်နေတဲ့ အချိန်မှာကိုယ့်ရဲ့မိသားစုအတွက် ဘယ်လိုလုံခြုံအောင်နေရမယ်ဘာတွေစားရမယ်နက်ဖြန် ဘာဖြစ်မလဲ အမြဲတမ်းတွေး နေရတော့ညဆိုအိပ်လို့မပျော်ဘူး၊ နေရာတကာပေါ့အမျိုးသမီးတွေ ကခက်ခဲမှုပိုခံရတယ် ၊စိတ်ရောကိုယ်ရောအကုန်လုံးပေါ့ဘာကြောင့်လဲဆိုမိခင်တစ်ယောက် အနေနဲ့ကိုယ့်ရဲ့အသက်ကြီးနေတဲ့မိခင်ဖခင်တွေသားသမီးတွေကိုစောင့်ရှောက်ရတယ်၊စစ်သိပ်မဖြစ်တဲ့နေရာတွေကျတော့ ဘာတွေဖြစ်လဲဆို တော့သွား တာလာတာလည်းလုံခြုံမှုမရှိဘူး။
အခုဆိုစစ်မှုထမ်းဉပဒေထွက်လာတယ်ကျွန်မတို့မှာငယ်ရွယ်တဲ့သားသမီးတွေရှိတယ်နောက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစု အတွက် ကြိုးစားနေတဲ့အမျိုးသမီးတွေရှိတယ်၊ တကယ်လို့များ မလုပ်မနေရ ဖမ်းသွားတဲ့ အခြေအနေဆို ကြောက်ရတယ် ဘယ်ကိုသွားရမှန်းကိုမသိတော့ဘူး။လမ်းပျောက်တဲ့အခြေအနေရောက်နေတယ်၊မငြိမ်းမချမ်းဖြစ်နေတဲ့ဒေသဆိုတော့စစ် အုပ်စုတွေတစ်ဖွဲ့ဖွဲ့ကခေါ်သွားခဲ့ရင်ဆိုပြီးစိတ်ဒုက္ခလည်းရောက်ရတယ်။
ကိုယ့်ရဲ့သားသမီးတွေလည်းဘယ်မှာသွားဖွက်ထားရမလဲ၊ပညာရေးအတွက်လည်းဘာဆက်လုပ်ပေးရမလဲနိုင်ငံခြား သွားခိုင်း ရအောင်လည်းပိုက်ဆံမှမရှိတာ။ခုဘာဖြစ်လဲဆို ကျွန်မတို့ဆီမှာ အမျိုးသမီးတွေ အရင်ကဆိုရင် နေ့စားသွားတယ်ဆို သိပ်မရှိ ဘူး။အခုဆိုရွှေကျင်တဲ့နေရာရွှေတူးတဲ့နေရာမှာ၊အမျိုးသမီးတွေသွားနေရတယ်ကျောက်ခဲကောက်တာပေါ့တစ်ရက်ကိုနေ့ စားခတစ်သောင်း၊ တစ်သောင်းခွဲ ရတယ်။ဘာလို့ဆို တစ်ချို့ ယောက်ျားတွေက ဖမ်းဆီးတဲ့ထဲပါသွားတာ၊တစ်ချို့တွေက တော့ဖိုးသမားတွေ(မူးယစ်ဆေးစွဲ)ဖြစ်သွားတယ်ဆိုတော့ယောကျာ်းကအားကိုးလို့မရတဲ့အနေအထားမှာကိုယ်ကိုယ်တိုင် နေ့ စားသွားပြီးရွှေကျင်တဲ့နေရာမှာကျောက်ခဲကောက်ရတာပေါ့။
သွားတဲ့နေရာမှာအပျိုပဲဖြစ်ဖြစ်အိမ်ထောင်သည်ပဲဖြစ်ဖြစ်လုံခြုံမှုမရှိတော့ဘူး။ဆိုင်ကယ်နဲ့သွားလည်းလုယက်မှုတွေဓားနဲ့ ခုတ်ပြီးအန္တရာယ်ပြုတာတို့မသေဘဲနဲ့ပစ်ထားတာတို့ရှိတယ်၊အပျိုမတွေဆိုလည်းဖမ်းသွားတယ်ခေါ်သွားတယ်ဆိုမုဒိမ်းမှု တွေဖြစ်တယ်တခါတည်းသတ်ဖြတ်တာတွေဖြစ်တယ်။အဲ့ဒီတော့ကျွန်မတို့အမျိုးသမီးတွေကအနာဂတ်အတွက်စဉ်းစားဖို့ ကိုမျှော်လင့်ချက်ကိုမရှိတော့တာ၊အနာဂတ်ကအမှောင် ကျသွားသလိုပဲအကုန်လုံးအတွက်ကတော့အခုချိန် မှာကြောက်စိတ် ပဲရှိတော့တယ်၊ဘယ်ကိုသွားမယ်ဘာတွေလုပ်ရမယ်စီးပွားရေးဘာလုပ်ရမယ်ဆိုတာတောင်စိတ်ထဲတွေးဖို့မရှိသလောက်ပဲ။
မဟန်ဟန်
အင်းစိန်မြို့နယ်၊ရန်ကုန်မြို့
အမျိုးသမီးတွေအနေနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကအများကြီးပဲ၊ကုန်စျေးနှုန်းတက်တာဆိုလည်းအမျိုးသမီး တွေခံရ တယ်၊ နောက်အလုပ်အကိုင် အခွင့်အလမ်း ၊အလုပ်အကိုင်တွေက ရှားတော့ရှိတဲ့အလုပ်ကို မှေးလုပ်နေရတာ ရှိတယ်၊ လစာလေးနှစ်သိန်းသုံးသိန်းလောက်နဲ့လုပ်ရတယ်။အထည်ချုပ်အမျိုးသမီးတွေဆိုလည်းတစ်သိန်းရှစ်သောင်းလောက်ပိုက် ဆံနဲ့လုပ်နေရတာရှိတယ်။အကုန်လုံးခြုံပြောရရင်စီးပွားရေးကြပ်တည်းမှုအလုပ်အကိုင်ရှားပါးမှုတွေကိုအမျိုးသမီး တွေကြုံ တွေ့နေရတာပေါ့နော်။
တစ်ချို့အမျိုးသမီးတွေဆိုရင်ပညာတက်ဘွဲ့ရဆိုပေမယ့်စင်ကာပူမှာအိမ်ဖော်သွားလုပ်နေရတာရှိတယ်ဒါကကိုယ့်ဒေသမှာ ကြုံနေရတာ၊ကိုယ့်အနေနဲ့ဆိုရင်သွားတဲ့နေရာမှာလုံခြုံမှုအားနည်းတာပေါ့နော်၊သွားနေရင်းနဲ့ဖုန်းတွေကိုစစ်သွားမလား၊ ဟိုနေ့ကဆိုအင်းစိန်မှာပေါက်ကွဲမှုဖြစ်တယ်၊ဖြစ်တဲ့အချိန်ကိုယ်ကလမ်းမှာဆိုတော့တစ်ခုခုပိတ်ဆို့ပြီးစစ်ဆေးရင်ငါ တော့သေ ပြီပဲဆိုပြီးအဲ့လိုတွေးမိတယ်ပေါ့၊အဲ့ဒီနေ့ကဆိုဖုန်းကိုချက်ချင်းပိတ်ပစ်တာပိတ်ပြီးတော့ကိုယ်ထဲမှာတောင်ဖွက်ထားမိလိုက် တယ်၊အဲ့ဒီလောက်အထိစိုးရိမ်စိတ်ရှိတာမလုံခြုံတာပေါ့။
ကမ္ဘာမှာ အမျိုးသမီးတွေ အောင်မြင်နေတာတွေ့တယ် သူများနိုင်ငံတွေမှာ ပိုပြီးရှေ့တန်းရောက်လာတယ် အခွင့်အလမ်းတွေ ရလာတယ် ၊ဒီနိုင်ငံမှာလက်ရှိအနေနဲ့အလုပ်ရဖို့စားဖို့ကဉီးစားပေးဖြစ်နေတယ်ပေါ့၊ ကိုယ့်တက်လမ်းတွေ အတွက်ဖြစ်ချင်တာ တွေအတွက်ဘာမှကိုလုပ်နိုင်တဲ့အခြေအနေမှာမရှိဘူး။ပိုပြီးတော့လည်းစိတ်ပင်ပန်းကြတယ်ဒေါသတွေထွက်ပြီး စိတ်မရှည် ဘူးစိတ်ဖိစီးကြတယ်။လက်ရှိတော့နေရအရမ်းခက်ခဲတော့လေအကုန်လုံးကပြင်ပကိုထွက်ကုန်ကျပြီ။အိမ်ထောင်စု တစ်စုမှာ ဆို အနည်းဆုံးတစ်ယောက် ကပြည်ပကိုထွက်ဖို့ပြင်နေကြတယ်လို့ ကြားနေရတယ် ။
အဓိကကတော့ တော်လှန်ရေးပြီးဖို့လိုတာပေါ့နော် တော်လှန်ရေးပြီးရင်လည်း ပြန်လည်တည်ဆောက်ရေး တွေလုပ်ရမယ်. လုပ်တဲ့အခါ CDM လုပ်ထားတဲ့ အမျိုးသမီးတွေအတွက်ဆိုရင် သူတို့ကို အလုပ်ခန့်တာမျိုးတွေလုပ်ရမယ် CDMလုပ်ထားတဲ့ တက္ကသိုလ်ကျောင်းက ကလေးတွေဆိုရင်လည်းကျောင်းဆက်တက်ချင်တက် မတက်ချင်ရင် ပရော်ဖက်ရှင်နယ်ဖြစ်အောင် အလုပ်လုပ်နိုင်မယ့် အသက်မွေးဝမ်းကြောင်း ပညာရပ်ကိုသင်ပေးတာမျိုးတွေ ဒီလိုကျောင်းတွေဖွင့်ပြီး သူတို့အတွက် ပြင်ဆင်ပေးတာ မျိုးတွေ လုပ်ပေးရမယ်ပေါ့။နောက်တခြား အမျိုးသမီးတွေ အတွက်ဆိုလည်း ပတ်ဝန်းကျင်က လုံခြုံမှု ရှိရမယ်၊ကိုယ်ကြိုးစားရင်ကြိုးစားသလောက်ဖြစ်နိုင်တဲ့အခြေအနေမျိုးရှိတဲ့ကာလ မျိုးဖြစ်လာဖို့မျှော်လင့်တယ်။ သွားတာ လာတာလုံခြုံဖို့ရယ်ကုန်စျေးနှုန်းနဲ့ပတ်သတ်ပြီးတော့လည်းစိုးရိမ်နေရ တာ မဟုတ်ဘဲ တည်ငြိမ်တဲ့ကုန်စျေးနှုန်းနဲ့ တည်ငြိမ်တဲ့ နိုင်ငံရေး နဲ့ အဲဒီအခြေအနေလေးတွေ ဖြစ်ဖို့မျှော်လင့်ပါတယ်။
မမူ
စစ်ကိုင်းတိုင်းဒေသကြီး
အခုလောလောဆယ်ကတော့ အမတို့အကုန်လုံး အကြောက်တရားနဲ့ ရင်ဆိုင်နေရတယ်ပေါ့ ၊ စျေးသွားမယ်ဆိုရင် တောင်မှ ပိုက်ဆံအိတ်ကိုလက်ထဲမကိုင်ရဲတာတို့ ကိုယ်ကိုစစ်မှာလားတို့ အခုဖြစ်ပျက်နေတာဆို ရပ်ကွက်ရုံးကို စခန်းချ တဲ့ဟာတွေက မိန်းကလေးတွေဖြတ်သွားရင်တားပြီးတော့သူတို့လုပ်ချင်တာလုပ်ခိုင်းတာမိန်းကလေးတွေအုပ်စုလိုက် ပြန်လာတာ ကိုတောင် မှ ကိုကိုခေါ်ခိုင်း၊မောင်မောင်ခေါ်ခိုင်း အမျိုးသမီးတွေရဲ့ ဘဝက ပျိုပျိုအိုအို ကြောက်စရာ ကိုကောင်းနေတယ် ၊ ဒါကကိုယ့် ပတ်ဝန်းကျင်မှာ ပြန်ကြားသိနေရာတာပေါ့၊။
၁၅မိနစ်လောက်နဲ့ရောက်မယ့်ခရီးကိုလည်းတစ်နာရီလောက်ထိကိုအချိန်ကြန့်ကြာရတယ်၊အမျိုးသမီးတွေစားဝတ်နေရေး ကြောင့်သာထွက်နေကြရတာစိတ်ထဲမလုံခြုံတောဘူး။နယ်တွေမှာဆိုပိုဆိုးတယ်စစ်သားတွေက မဖွယ်မရာ တွေလုပ် တာခံရ တာနဲ့ ကြုံရတာတွေပေါ့။
ကိုယ့်တကိုယ်ရည်ဆိုရင်မိသားစုနဲ့နေတဲ့အတွက်သူတို့ဖြတ်သွားတာတွေ့ရင်ဧည့်စာရင်းပဲလာစစ်တာလားကလေးတွေ ထွက် မယ်ဆိုရင်လည်းမထွက်နဲ့ကိုယ်ပဲထွက်မယ်ဆိုပြီးထွက်ရတယ်၊မြို့ပေါ်မှာဆိုလည်း အုတ်တံတိုင်း ဘယ်လောက်ပဲ ကာထား ကာထား ခိုးကျဖွက်ကြတာတွေက ပေါ်တင်ကိုခိုးကြတာဆိုတော့ ကိုယ့်ပဲပစ္စည်းလိုချင်လို့ သတ်သွားမလား နေ့ခင်း မှာလည်းမအိပ်ရဲဘူး။ကြည့်နေရတာ ဒီလိုခံစားနေရတာပေါ့ကိုယ့်အိမ်ရှေ့ကြာကြာရပ်နေရင်တောင် ဒီလူဘာလဲဆို ပြီးတော့ သံသယနဲ့နေနေရတာ ဆိုတော့ တော့်တော့်မလုံခြုံတဲ့ဘဝတွေဖြစ်ကုန်ပြီ။ ကိုယ့်အိမ် ဘေးမှာ ခိုးလို့လည်း လှမ်းမ အော်ရဲနဲ့။ နိုင်ငံတကာက အမျိုးသမီးတွေက အခွင့်အလမ်းတွေနဲ့ အောင်မြင်နေချိန်မှာကိုယ်တွေနိုင်ငံက ပခုံးချင်း ယှဉ်ဖို့ထက် ကို တော်တော်လေး ကိုနောက်ကျကျန်ခဲ့တဲ့သဘောဖြစ်သွားပါပြီ ၊
ကိုဗစ် မတိုင်ခင်ကာလကမှ မျှော်လင့်ချက်လေး တွေရှိသေးတယ်၊အခုက အကုန်လုံးကို နောက်ပြန်ဆွဲ သွားပြီလို့ ခံစားရ တယ်။ ကိုယ်တိုင်လည်း မိန်းမသားဖြစ်တဲ့အတွက် မိန်းမသားတွေရဲ့ဘဝက ရှေ့ဆက် ဘယ်လိုရုန်းကျမလဲ ဆိုတာ ရင်လေးမိ တယ်၊အမျိုးသမီးတွေအတွက် မျှော်လင့် တာက အမတို့တွေနိုင်ငံတကာနဲ့ မယှဉ်နိုင်တောင်မှ ကိုယ့်ရပ်ကိုယ့်ရွာ အကျိုးပြု နိုင်တဲ့ အမျိုးသမီးတွေဖြစ်ရင်တောင်အမတို့ကဂုဏ်ယူရတော့မှာ ကလေးလေးတွေကိုမိဘတွေ ကကျူရှင်ပို့ချင်ရဲ့နဲ့ တချို့ မိဘတွေမှာမပို့နိုင်တဲ့အနေအထားတွေရှိတယ်တော်တော်လေး ကိုနောက်ကျ ကျန်ခဲ့ဦးမှာ။ခေတ်က တော်တော်လေးကို ပျက် ကျ ကျန်ခဲ့မှာပဲ။
ဒေါ်ခင်
မြိုင်မြို့နယ်၊မကွေးတိုင်းဒေသကြီး
အာဏာမသိမ်းခင်ကတော့ ဒီဘက်မှာမိန်းလေးအများစုကဆိုင်ကယ်နဲ့စျေးရောင်းအဝယ်လုပ်ကြတယ်။ကျောင်းတက် နေတဲ့ ကလေးတွေ၊ တစ်နယ်တစ်ကျေးမှာအလုပ်သွားလုပ်နေတဲ့ကလေးတွေအပြင်ရွာမှာရှိတဲ့မိန်းကလေးတွေကအာဏာ သိမ်းပြီး နောက်ပိုင်းကစပြီး စျေးရောင်းတာကိုရွာနားပတ်ချာလည်အပြင်ဝေးဝေးလံလံမသွားရဲတော့ဘူး။သူတို့ ဖမ်းခေါ်ချင် ခေါ်ထား လိုက်တာ။တချို့မိန်းကလေးတွေဆို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာတို့ အဓမ္မပြုတာတို့လုပ်ခံရတယ်ထိကြားတယ်။ ဒါပေမဲ့ပြန်မပြောကြဘူး။ မသိချင်ယောင်ပဲဆောင်နေလိုက်ကြတာမျိုးပေါ့။
အခုစျေးရောင်းရင်ရွာနားပတ်ချာ လည်ပဲ သွားရဲတော့တယ်။ကိုယ့်အနေနဲ့ဆိုရင်လည်း ကိုယ့်ကိုယ်ကိုလုံခြုံမှုရှိအောင်တော့ အခြေအနေတွေ နားစွန့်နေရတာပေါ့။ စိုးရိမ်ရတာကတော့ သမီးမိန်းကလေးမွေးထားတော့ ပိုပြီးစိုးရိမ်ရတယ်။ မလုံခြုံတဲ့ ဒီကာလက အမျိုးသမီးတွေအတွက် ကကြီးမားတဲ့ခြိမ်းခြောက်မှုကြီးပဲ ။တရားဥပဒေစိုးမိုးမှုမရှိတဲ့ကာလမှာ တစ်ခုခုဖြစ် သွားခဲ့ရင်တောင် ဘယ်ကို သွားတိုင် ရမလဲ။ဘာမှလုံခြုံမှုမရှိတဲ့ကာလကိုရောက်ရှိနေတာပါ။ အမြဲတမ်းစိတ် ပူနေရတဲ့ ကာလ ပါ။ သမီးမိန်းကလေးမွေးထားတော့ စိတ်ချလက်ချ ကျောချအိပ်ရတဲ့ရက်ရယ်လို့ဒီကာလမှာမရှိပါဘူး။
မြို့ကြီးပြကြီးကကလေးတွေ ကောင်းကောင်းမွန်မွန် ပညာသင်ကြားနေချိန် ကိုယ့်ဒေသက အမျိုးသမီးမိန်းကလေး တွေကပညာ လည်းဆက်မသင်နိုင်၊ အလုပ်လည်း လွတ်လွတ် လပ်လပ်စိတ်ချလက်ချလုပ်လို့မရနဲ့ မလုံခြုံတဲ့အရပ် ဒေသမှာ လုံခြုံအောင် ကိုယ့်ဟာကိုယ်ကရုစိုက်နေနေရတယ်။ပိုက်ဆံရှိ သူတွေကတော့ ရွာမှာစိတ်ညစ်မခံတော့ ဘဲမြို့တွေကို ပြောင်းရွှေ့နေထိုင်နေကြတာပေါ့။ဒီမှာကတော့အခက်အခဲပေါင်းစုံကြ ကလုပ်ကိုင်စားသောက်နေရတာပေါ့။ဥယျာဥ်ခြံ လည်း အရင်လို ကောင်းကောင်း မလုပ်နိုင်ဘူး။ဟိုရွာရှောင်နေရလိုက် ဒီရွာ ရှောင်နေ ရလိုက် ဆိုတော့။ဒီကာလတွေဟာ အမျိုးသမီး တွေအတွက်ဘာလုံခြုံမှုမမရှိတဲ့ကာလတွေပါ။ ဘာတရားဥပဒေစိုးမိုး မှ မရှိတဲ့ကာလတွေပါ။လုံ ခြုံစိတ်ချပြီး တရားဥပဒေ အပြည့်ရှိတဲ့ကာလတွေကိုရောက်ချင်ပါပြီ။
နိုဝါ
စစ်ရှောင်၊ကရင်နီပြည်နယ်
အခုအမျိုးသမီးတွေကြုံနေရတာတော့သိတဲ့အတိုင်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ အကုန်လုံး ခံစားရတဲ့နည်းတူ အမျိုးသမီးတွေလည်းခံစားနေရတယ်၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေကို အမျိုးသမီးကြီးကြီးငယ်ငယ်မရွေး ကြုံနေရတယ်၊ မိန်းကလေးငယ်တွေကစလို့ သက်ကြီးအဘွားအိုအထိပေါ့၊ မြို့ပြနယ် မရွေး ခံစား နေရသလို စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာတော့ ပိုဆိုးပါတယ် ။ လက်နက်ကြီးကျလို့ လေယာဉ်နဲ့ ကျဲသွားလို့သားသမီးသေဆုံးရလို့ငိုနေတဲ့မိခင်တွေလည်းမျက်ရည်မခြောက်သေးဘူး၊ စစ်ရှောင်ရတဲ့အမျိုးသမီးတွေလည်း ခုထိအိမ်မပြန်နိုင်သေးဘူး။ကလေးရဲ့ပညာရေးနဲ့ကျန်းမာရေးကလည်းလိုအပ်ချက်တွေအများကြီးနဲ့ဆိုတော့မိခင်တွေရဲ့ သောကကလည်းမသေးပါဘူး။
ကိုယ့်တကိုယ်ရေအနေနဲ့ဆိုရင်လည်းတိုက်ပွဲဖြစ်တဲ့ဒေသမှာရှိနေတာကြောင့် ဘယ်အချိန် အန္တရာယ်ကြုံတွေ့နိုင်မလဲဆိုတဲ့ စိတ်ကအမြဲရှိနေသလိုဘယ်အချိန်မှအိမ်ပြန်ရမလဲအလုပ်လုပ်ရမလဲငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေရပါ့မလဲဆိုတဲ့စိုးရိမ်ပူ ပန်မှုတွေ ကရှိနေတယ်။ပြီးတော့ ကိုယ့်ဒေသကလေးနဲ့မိခင်တွေ အဘိုးအဘွား တွေ ဘယ်တော့များမှ ကောင်းကောင်း မွန်မွန် စားသောက် နေထိုင်နို င်မလဲ အမိုးအကာလုံလုံခြုံခြုံနဲ့အိပ်စက်ရပါ့ မလဲဆိုတဲ့အတွေးတွေနဲ့ ။သူများနိုင်ငံတွေမှာ အမျိုး သမီး တွေနဲ့ ကလေး တွေက တိုးတက်ရာတိုးတက်ကြောင်းတွေ ဝါသနာပါရာတွေကို ရွေးချယ်သင်ယူပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေရ ချိန်မှာ ကိုယ်တွေ နိုင်ငံက အမျိုးသမီးနဲ့ကလေးတွေကတော့ ရွေးချယ်ခွင့်မရှိဘဲ အသက်ရှင်သန်ဖို့ ပြေးလွှားနေရတယ် တစ်နေ့စာဗိုက်ဝဖို့ကြိုးပမ်းနေရတယ်၊အကြောက်တရားတွေ မလုံခြုံမှုတွေ နဲ့နေရှိသရွှေ့နေနေရတယ်၊
သူတို့နိုင်ငံတွေက တိုးတက်မှုတွေ အခွင့်အလမ်း တွေ ကိုအားကျရုံကလွဲပြီး တခြားဘာမှမတက်နိုင်ဘူးပေါ့၊ ဒါတွေကလည်း စစ်အုပ်စုရဲ့ ယုတ်မာမှုတွေက အစတည်တာ ဖြစ်တဲ့အတွက်ကြောင့် စစ်အုပ်စု ကျရှုံးမှသာလျှင် ဒီအခွင့်အရေး တွေပျော် ရွှင်မှု တွေက မလွဲမသွေ ကျွန်မတို့လည်း ခံစား လာရမှာပါ။ကျွန်မတို့လည်း အခြားနိုင်ငံက အမျိုးသမီးတွေ ကလေးငယ်တွေ နည်းတူ ပျော်ပျော်ရွှင်ရွှင်နဲ့ စာသင်ကြား ချင်တယ် ၊အလုပ်လုပ်ချင်တယ် ဘာကိုမှ စိုးရိမ်ပူပန်မှုမရှိဘဲနေထိုင်ချင်ပါတယ်။
Q -စစ်ကောင်စီအာဏာသိမ်းပြီးနောက်အကြမ်းဖက်မှုတွေကိုအကုန်လုံးခံစားရတဲ့နည်းတူအမျိုးသမီးတွေလည်း ခံစားနေရ တယ်၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေကို အမျိုးသမီးကြီး ကြီးငယ် ငယ်မရွေး ကြုံနေရတယ်၊ မိန်းကလေးငယ်တွေ ကစလို့သက်ကြီး အဘွားအို အထိပေါ့၊ မြို့ပြနယ် မရွေး ခံစား နေရသလို စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ဒေသတွေမှာတော့ ပိုဆိုးပါတယ် ။ လက်နက်ကြီးကျလို့ လေယာဉ်နဲ့ ကျဲသွားလို့သားသမီး သေဆုံးရ လို့ငိုနေတဲ့ မိခင်တွေလည်းမျက်ရည်မခြောက်သေးဘူး၊ စစ်ရှောင်ရတဲ့ အမျိုးသမီးတွေလည်း ခုထိအိမ်မပြန်နိုင်သေးဘူး။