Home အမျိုးသမီးများအသံ နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် တော်လှန်တက်ကြွသူအမျိုးသမီးတို့ရဲ့ အမှတ်တရစကား

နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် တော်လှန်တက်ကြွသူအမျိုးသမီးတို့ရဲ့ အမှတ်တရစကား

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့နဲ့ ပတ်သက် ပြီး  တော်လှန်ရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတွေက စစ်အာဏာသိမ်းမှုအောက်မှာ မြေပြင်အခက်အခဲနဲ့စိန်ခေါ်မှုတွေကြား ဖြတ်သန်းနေကြရတဲ့   တော်လှန် ရေးထဲက အမျိုးသမီးတွေအတွက် အားပေးစကားသံတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါ တယ်။

မချောစုစံ (အမျိုးသမီးမဟာမိတ်အင်အားစု)

အကြမ်းဖက်စစ်အုပ်စုကနေပြီး ပြည်သူ့အာဏာကို မတရားသိမ်းယူပြီးတဲ့နောက်ပိုင်းမှာဆိုရင် အမျိုးသမီးတွေဟာနေ့စဥ်နဲ့အမျှ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော လုံခြုံမှုတွေပျောက်ဆုံးပြီးတော့ စိုးရိမ်ချက်တွေနဲ့ နေ့စဉ်ဘဝကိုရှင်သန်နေရပါတယ်။

စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆို အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီးတွေအပေါ်မှာ လိင်အကြမ်းဖက်မှုတွေ အမျိုးမျိုးသောထိပါး နှောက်ယှက်မှုတွေက ဆက်တိုက်ပြုလုပ်လာတာဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ ကိုယ့်ရဲ့ဘဝလုံခြုံမှုအတွက် စိုးရိမ်ချက်တွေ များ စွာဖြစ်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ဆိုရင်လည်း အမျိုးသမီးတွေဟာ ခန္ဓာဗေဒဖွဲ့စည်းပုံအရ အမျိုးသားတွေနဲ့မတူဘူးပေါ့နော်။ အမျိုးသမီးတွေအနေနဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ကျန်းမာရေးဝန်ဆောင်မှုတွေက အမြဲတမ်းလိုအပ်ပါတယ်။ဒီလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေကဆိုရင် လက်လှမ်းမှီနိုင်မှုတွေက ဒီကာလမှာအရမ်းကြီး ခဲယဥ်းနေပါတယ်။

စစ်ရှောင်စခန်းတွေမှာဆိုရင် အမျိုးသမီးတွေအတွက် ကျန်းမာရေးဆိုင်ရာဆေးဝါးတွေ အသုံးအဆောင်တွေဒါတွေ လုံလောက် မှုမရှိတာ၊ရရှိနိုင်မှုအလှမ်းဝေးနေတာ မျိုးတွေကြုံတွေ့ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုရရှိဖို့အတွက် မြို့ပြတွေကို သွားမယ်ဆိုရင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာတွေ စစ်ဆေးရေးဂိတ်တွေမှာဆို အမျိုးသမီးတွေအပေါ်မှာ အမျိုးမျိုး‌သောနှောက်ယှက်မှုတွေက ကြုံနေရတာဖြစ်တဲ့အတွက် ဒီအမျိုးသမီးတွေအနေနဲ့ နေ့စဉ်ဘဝမှာကိုယ့်ရဲ့ ပတ်ဝန်း ကျင်မှာ သွားလာလှုပ်ရှားဖို့အတွက်တောင်မှ မလုံမခြုံဖြစ်မှုကိုခံစားနေရတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ဖိနှိပ်မှုတွေအောက်မှာ တော်လှန်ရေးကာလမှာရှင်သန်နေရတဲ့ အမျိုးသမီးတွေကိုသတင်းစကားပါး ချင်တာကတော့ ကျွန်မတို့အခုတော်လှန်ရေးဟာဆိုရင် စစ်အုပ်စုပြုတ်ကျရေးတင်မဟုတ်ဘဲနဲ့ အတွေးအခေါ်တွေ၊ အမျိုး သမီးတွေအပေါ်သော်လည်းကောင်း ဘာသာရေးလူမျိုးရေးအရ ကျွန်မတို့နိုင်ငံရဲ့ဟောင်းနွမ်းနေတဲ့အတွေးအခေါ်တွေကို တိုက်ထုတ်ရမယ့် အတွေးအခေါ်တော်လှန်‌ရေးတစ်ရပ်ကိုလည်း ဆင်နွဲနေကြတာဖြစ်ပါတယ်။

ဒီအတွေးအခေါ်တော်လှန်ရေးမှာဆိုရင် ကျွန်မတို့အမျိုးသမီးတွေက အင်မတန်မှအရေးကြီးပါတယ်။ အမျိုးသမီးတွေအပေါ်မှာ ထားရှိတဲ့ လွဲမှားတဲ့အယူအဆတွေ တလွဲစံနှုန်းတွေကိုဖယ်ရှားပေးဖို့ရာအတွက် ပြည်သူလူထုကိုလမ်းပြပေးဖို့ရာ ဆွဲခေါ်ပေးရ မှာက အမျိုးသမီးတိုင်းရဲ့တာဝန်ဖြစ်ပါတယ် ။ဒီအတွက်ကြောင့် စစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်ရင်းနဲ့အတူ အတွေးအခေါ် ဟောင်းတွေကိုဖယ်ရှားနိုင်ဖို့အတွက် အမျိုးသမီးတွေကိုယ်တိုင်က တက်တက်ကြွကြွနဲ့ ကိုယ်ကိုတိုင်ပူးပေါင်းပါဝင်ကြပါ။

ဒီလိုအခက်အခဲတွေကြားက စစ်အာဏာရှင်ပြုတ်ကျရေးနဲ့အတွေးအခေါ်တော်လှန်‌ရေးတစ်ရပ်ကို ဆင်နွဲနေတဲ့အချိန်မှာလည်း ဘက်ပေါင်းစုံကလည်းစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေရင်ဆိုင်နေရာကိုသိရှိနားလည်ပါတယ်။

ကျွန်မတို့အခုကြုံနေရတဲ့အခက်အခဲတွေကို ကြောက်ရွံ့လို့စိုးရိမ်လို့ဆိုပြီးတော့ ကျွန်မတို့ငြိမ်ခံနေလိုက်မယ်ဆို ကျွန်မတို့ နောင်လာမယ့် အမျိုးသမီးငယ်လေးတွေရဲ့ဘဝကပိုမိုပြီးတော့ အမှောင်ထုကြီးထဲကို ရောက်သွားပါလိမ့်မယ်။ ကျွန်မတို့တွေက အခုရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ အခက်အခဲတွေကိုရဲရဲရင့်ရင့် ရင်ဆိုင်ပြီး‌တော့ကျွန်မတို့ရဲ့နောင်လာမယ့် အမျိုး သမီးငယ်တွေအတွက် ရင်ဆိုင်တိုက်ပွဲဝင်ဖို့လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင်က စနစ်တစ်ခုကိုပြောင်းလဲချင်တယ်ဆို ကိုယ် ကိုယ်တိုင်ပါဝင်ကြဖို့လိုအပ်ပါတယ်။

မဖူးပွင့်ဝေ (ကျေးလက်လူထု သပိတ်ခေါင်းဆောင် ၊အညာပစ်တိုင်းထောင်လေးများအဖွဲ့)

တော်လှန်ရေးမှာတက်ကြွလှုပ်ရှားနေသူအမျိုးသမီးတွေအတွက် တကယ့်မြေပြင်မှာစိန်ခေါ်မှုတွေက အရမ်းများတယ်ဗျ။ ညအိပ်ညနေ ခရီးသွားရတာအစ မိဘရဲ့အရိပ်အောက်မှာမနေရတဲ့ အမျိုးသမီးငယ်လေးတွေအတွက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ဝေဖန်တာတွေ ၊အထင်အမြင်သေးခံရတာတွေရှိတယ်ဗျ။

စစ်ရှောင်အမျိုးသမီးတွေဆိုရင်လဲ ကိုယ့်အိမ်မှာလိုမလွတ်လပ်တော့ အနေအထိုင်လုံခြုံမှုတွေကအစ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်တဲ့နေရာကအဆုံးအခက်ခဲတွေရှိတာပေါ့နော်။

အခုလက်ရှိ ကျနော်တို့နိုင်ငံရဲ့ အာဏာရှင်တော်လှန်ရေးကြီးမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေလည်းပါတယ်။ မိန်းက လေးဆိုပြီးအားငယ်တာမျိုး ကိုယ့်ကိုယ်ကိုအထင်သေးတဲ့ အမျိုးသမီးရယ်လို့ အခုနွေဦးတော်လှန်ကြီးမှာ မရှိကြတော့ဘူး။ ဒါကြောင့်မို့ တော်လှန်ရေးကြီးအောင်မြင်ဖို့ ပန်းတိုင်လည်းနီးနေပြီမို့ ကျွန်မတို့အမျိုးသမီးရဲဘော်တွေအားလုံးဘဲ Fighting ပါ။

တော်လှန်ရေးတက်ကြွလှုပ်ရှားသူအနေနဲ့ မှတ်ချက်ပေးရမယ်ဆိုရင်တော့ အဓိကကတော့စစ်ရှောင်ဒေသကပြည်သူတွေဆိုရင် ကျား ၊ မ အတူရောထွေးနေထိုင်နေရတာတွေကနေ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရနိုင်ချေရှိတဲ့ အလားလာတွေရှိနေပါတယ်။ ပြောချင်တာကတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အသိပညာပေးဟောပြောခြင်းတွေ လိုအပ် နေပါတယ်။

Author:

Related Articles