Home အမျိုးသမီးများအသံ မေဒေးနေ့ မြန်မာပြည်တွင်းကစက်ရုံအလုပ်ရုံအမျိုးသမီးအလုပ်သမားများအသံ

မေဒေးနေ့ မြန်မာပြည်တွင်းကစက်ရုံအလုပ်ရုံအမျိုးသမီးအလုပ်သမားများအသံ

မေလတစ်ရက်နေ့မှာကျရောက်မယ့်ကမ္ဘာအလုပ်သမားနေ့မှာ စစ်အာဏာရှင်စနစ်အောက်မှာ ဖြတ်သန်း နေကြ  ရ တဲ့အမျိုးသမီးအလုပ်သမတွေရဲ့ အခက်အခဲစိန်ခေါ်မှုနဲ့ ရင်တွင်းစကားသံတွေကို HI ကဆက်သွယ်မေးမြန်းထား ပါတယ်။

မအေးယဉ်(စက်ရုံအလုပ်ရုံ အလုပ်သမား)

အရင်တုန်းကမေဒေးနေ့ဆိုအလုပ်သမားသမဂ္ဂညီအကိုမောင်နှမတွေနဲ့စည်းလုံးစွာပြန်လည်တွေ့ဆုံရတယ်။အချင်း ချင်း အတွေ့အကြုံတွေဖလှယ်ရတယ်တစ်ဖွဲ့ရဲ့ အခက်အခဲကိုတစ်ဖွဲ့က ဘယ်လိုကူညီဖြေရှင်းမလဲဆိုပြီး အသိ ပညာတွေဖလှယ်ရတယ်။ အာဏာသိမ်းပီးလုပ်ငန်းခွင်နဲ့ အာဏာမသိမ်းခင်လုပ်ငန်းခွင်အခြေအနေကတော့ အလု ပ်ရှင်တွေ ပိုပြီးလုပ်ပိုင်ခွင့်အားသာလာတယ် ဘာဖြစ်လို့လည်းဆိုတော့အလုပ်သမားတွေက ပြသနာတခုဖြစ်လာရင် ဘယ်ကိုတိုင်ရမှန်းမသိ၊ ဘယ်လိုလုပ်ရမှန်းမသိဖြစ်ကုန်ကြတော့  အလုပ်ရှင်တွေလုပ်ချင်သလိုလုပ်လို့ရတာပေါ့။

အာဏာသိမ်းပီးနောက်မှာအလုပ်ရှင်နဲ့အလုပ်သမားအကြောင်း တခုခုဖြစ်လို့ပြောကြဆိုကြရင် အလုပ်သမား ကအ မြဲ ရူံးတယ်သူတို့ကငွေအင်အားနဲ့အလုပ်ထုတ်ရင်လည်းခံရတယ်။ သက်ဆိုင်ရာရုံးတွေမှာ တိုင်ဖို့ဆိုတာလည်း အရင် လို အဆင်မပြေဘူး။

အရင်တုန်းကတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုရင် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးကနေ တဆင့်ဖြေရှင်းရပါတယ်။ အဆင်မပြေရင်ခုံသမာဓိ ခုံကောင်စီ နေပြည်တော်ရုံးအထိအဆင့်ဆင့် တက်ပီး ဖြေရှင်းလို့ ရပါတယ်။အာဏာသိမ်းပြီးနောက်တော့အဲ့ဒီလိုတွေမရှိတော့ပါဘူးဘယ်မှလည်းမတိုင်ဘူးအလုပ်ရှင် လုပ်သမျှခံပေါ့။

အလုပ်သမားထုအတွက်ဖြစ်စေချင်တဲ့ဆန္ဒကတော့  အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေ အပြည့် အဝရရှိစေချင်ပါတယ်။ အလုပ်ရှင်All Super/ Super တွေရဲ့ဖိနှိပ်မှု၊ ချုပ်ချယ်မှု ၊အနိုင်ကျင့်မှု၊ခွဲခြားဆက်ဆံမှု တွေပပျောက်ပြီး အရင်လိုသမဂ္ဂတွေ အားကောင်းလာပြီး အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိစေချင်ပါတယ်။

မနွယ်နွယ်(စက်ရုံအလုပ်ရုံ အလုပ်သမား)

အရင်တုန်းကမေဒေးနေ့တွေမှာ အခမ်းအနားနဲ့ ဟော‌ပြောပွဲတွေကို တက်ရောက်ရင်း ဖြတ်သန်းခဲ့ပါတယ်။ အာဏာသိမ်း ပြီးနောက်မှာ လုပ်ငန်းခွင် အခြေအနေနဲ့ အာဏာမသိမ်းခင် လုပ်ငန်းခွင် အခြေအနေကတော့ ကွာ ခြားတာကတော့ အလုပ်သမားတွေကို ကြောက်စိတ်သွင်းပြီး ခိုင်းစေခံနေရတာပါပဲ။ အာဏာသိမ်း ပြီး နောက် ပိုင်း အလုပ်သမားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ချိုးဖောက်မှုတွေကတော့ အများကြီးပါပဲ ဥပမာ တနင်္ဂနွေ နား ရက်‌ တွေမှာ အချိန်ပို ခေါ်ရမဲ့အစား အချိန်ပိုမခေါ်ပဲမီးပျက်တဲ့ရက်တွေအတွက်ဆိုပြီး ရက်အစားဆင်းခိုင်း တာတွေ ပါ။ အာဏာသိမ်းပြီးနောက်မှာ ခွင့်ရက်‌တွေနဲ့ ပါတ်သက်လို့ လိုချင်သလိုမရခဲ့ပါဘူး အခြားခွင့်တွေ ဆိုတာ ထက် မီးဖွားခွင့်၊အကျိုးခံစားခွင့်ကိုတောင် ၁ နှစ်ပြည့်မှအကျိုးခံစားခွင့်ရှိတယ်ဆိုပြီး အလုပ်ရှင်ဘက်က ပြောပါ တယ်။

အလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အခက်အခဲကြုံတွေ့ရတဲ့အခါ အခုအာဏာသိမ်းပြီးတဲ့ နောက်မှာ အလုပ်သမားအချင်းချင်း ညှိနှိုင်းပြီး စုပေါင်းဖြေရှင်းနေကြရပြီး အရင်တုန်းကတော့ ဆန္ဒပြ သပိတ်မှောက် တာမျိုး နဲ့လဲ ဖြေရှင်းခဲ့ကြဖူးပါတယ်။

အမှတ်တရစကားတော့ လက်ရှိအခြေအနေအရ ဘာမှပြောစရာ မရှိပါဘူး အလုပ်သမားတွေ အားလုံးအတွက် ဖြစ် စေချင်တဲ့ဆန္ဒကတော့ အလုပ်သမားတွေရဲ့  ရပိုင်ခွင့်နဲ့ အကျိုးခံစားခွင့် အခွင့်အရေးတွေကို တန်းတူညီမျှ ရရှိ စေချင်ပါတယ်။

မသင်းခိုင်(စက်ရုံအလုပ်ရုံ အလုပ်သမား)

အရင်တုန်းကမေဒေးနေ့ဆိုအခမ်းအနားတွေနဲ့ပျော်ပျော်ပါးပါးဖြတ်သန်းကြပါတယ်။ အခုနောက်ပိုင်းကြတော့ မေ ဒေးနေ့ဆိုတာပုံမှန်နေ့တွေလိုပဲဖြစ်နေပါပြီ။ အခမ်းအနားဆိုတာသိပ်မတွေ့ရသလိုပါပဲ။

အာဏာမသိမ်းခင်ကတော့လုပ်ငန်းခွင်ဆူတာမျိုး၊ ဆဲတာမျိုး၊ လောက်ပဲရှိပြီးအာဏာလည်းသိမ်းပြီးရော အခြေအနေကပိုဆိုးလာသလိုပဲ OT ဆိုရင်လဲ အလုပ်သမားတွေ ဆန္ဒပါပါမပါပါ အတင်းအကြပ်ခိုင်းပါတယ်။ ပြီးတော့ဖိအားတွေ ပိုများလာတယ်။အထည်အရေအတွက်တွေ တအားတောင်းတယ်။ မပေးနိုင်ရင်သူတို့က နောက်ရက်အလုပ် ထုတ်တာမျိုး၊ ဌာနပြောင်းတာမျိုးတွေရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းအလုပ်သမား အခွင့်အရေးတွေ ပတ် သက်ပြီးချိုးဖောက်ခံရတာတွေရှိလာတယ်။ တစ်ခုခုဆိုတိုင်ချင်ရာတိုင်ဆိုတဲ့ပုံစံမျိုးတွေ ချိုးလာတယ်။ ခွင့်ဆိုရင် အရင်ကဂိတ်ပါတ်နဲ့အပြင်ထွက်လို့ရတယ် ။ အခုဆိုရင်ဂိတ်ပါတ်မပေးတော့ဘူး ပိုပြီးတင်းကြပ်လာတယ်။

အလုပ်သမားခွင့်တွေကတော့ အခြားလုပ်သက်ခွင့်၊ ဆေးခွင့်၊ ဖူလုံရေးခွင့်တို့ကအဆင်ပြေပေမယ့် ရှောင်တခွင် ကြ တော့ သူတို့ကမရတာကများတယ် ယူမယ်ဆိုရင်တိကျတဲ့အကြောင်းပြချက်ပေးရတယ်။ အလွယ်တကူမရ ပါဘူး။ နောက်ရက်အလုပ်ဆင်းရင်လည်းဆူတာမျိုး၊ဌာနပြောင်းရွေ့တာမျိုးရှိလာတယ်။ ရှောင်တခွင့် ယူမယ်ဆိုရင်ဖုန်းကို အဆင့်ဆင့်ဆက်ရတယ်။ ပြီးမှသူတို့ကပေးတာပြီးတော့ လစာထုတ်ပြီဆိုရင် လစာစလစ်ထဲလစာငွေအမောင့်က မပြည့်မပါဘူး။ ရုံးပေါ်ကိုတက်ပြောရင်လည်း သူတို့ကပြန်ကြည့်ပေးမယ်ပြောပြီး ပြီးရင်ဘာမှလုပ်မပေးဘူး။ ဒါ တွေက လက်ရှိကြုံနေရတဲ့ အခြေအနေတွေပါ။

ကျွန်မအပါအဝင်အလုပ်သမားအများစုကိုအလုပ်သမားအခွင့်အရေးအပြည့်အဝရချင်ပါတယ်။နိုင်ငံရေးအခြေ အနေအရအားလုံးကိုဘေးကင်းစေချင်တယ်။ လက်ရှိအခြေအနေထက်ပိုဆိုးမလာဖို့ကိုလည်းမျော်လင့်ပါတယ်။

မမေဦး(စက်ရုံအလုပ်ရုံ အလုပ်သမား)

ကျွန်မတို့အလုပ်သမားအမျိုးသမီးများရဲ့ခံစားချက်ကတော့ လုပ်ငန်းခွင်မှာကောပြင်ပမှာပါ အရမ်းခက်ခဲပါတယ်။ စား၀တ်နေရေးအတွက်လည်းတော်တော်ပင်ပန်းဆင်းရဲတယ်။ ကိုယ်ရှာလို့ရတဲ့လစာနဲ့မိသားစုကို ထောက်ပံ့ဖို့ ဆို တာ ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေနေပါ။ အခုဆိုအမျိုးသမီးအများစုက ရတဲ့လစာနဲ့စား၀တ်နေရေး အဆင်မပြေ ဖြစ် တာ ရယ် အသွားအလာလုံခြုံမှုမရှိတာရယ်ကြောင့် နိုင်ငံရပ်ခြားသို့ထွက်ခွာနေကြတာဟာ နေ့စဥ်နှင့်အမျှပါပဲ တရုတ်ပြည်ရွှေလီလိုနေရာမျိုးတွေမှာ လစာအောက်စျေးနဲ့ကျွန်သဖွယ်လုပ်နေရတာလည်း အမျိုးသမီး အလုပ် သမားတွေရဲ့ ရင်နာစရာအခြေနေတခုပါပဲရှင်။

အာဏာသိမ်းပြီးတဲ့ကာလနောက်ပိုင်းလုပ်ငန်းခွင်ချိုးဖောက်မှုများစွာရှိခဲ့ပါတယ်။ ခွဲခြားဆက်ဆံမှု၊ မတရားဖိနှိပ်စေခိုင်းမှု၊ ရိုင်းစိုင်းစွာပြောဆိုဆက်ဆံမှု၊ လုပ်ခလစာဖြက်တောက်မှုတွေရှိခဲ့ပါတယ်။ သမဂ္ဂမရှိတဲ့စက်ရုံတွေဆိုအရမ်းဆိုးပါတယ်။ ကျွန်မတို့စက်ရုံအနေနဲ့တော့ လက်ရှိလုပ်ငန်းခွင်အခြေနေများစွာတိုးတက်လာခဲ့ပါတယ်။ သမဂ္ဂစုဖွဲ့မှု အားကောင်းလာတဲ့အတွက်ဖြစ်ပါတယ်။ အလုံးစုံတော့အဆင်ပြေမှုမရှိပါရှင့်။

အာဏာမသိမ်းခင်လုပ်ငန်းအခြေအနေနဲ့အာဏာသိမ်းပြီးလုပ်ငန်းအခြေအနေကတော့အာဏာမသိမ်းခင်တုန်းက တော့ ကျွန်မတို့တွေလုပ်ရတာ ခက်ခဲမှုရှိပေမယ့် အခြေအနေက ဆိုးဆိုးရွားရွားကြီးတော့မဟုတ်ဘူး။

အာဏာသိမ်းပြီးသွားတော့ ဘာပဲဖြစ်ဖြစ်တရုတ်လူမျိုးတွေရဲ့ ဖိနှိပ်မှုတွေပြောဆိုမှုတွေ၊ super leader တွေရဲ့ ခိုင်းစေမှုတွေ၊အဓမ္မခိုင်းစေမှုတွေ အများဆုံးဖြစ်လာပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအလုပ်သမား အခွင့်အရေးတွေကိုအလုပ်ရှင်တွေက ပြောင်ပြောင်တင်းတင်းချိုး ဖောက်ပါ တယ်။ကျန်းမာရေးမကောင်းတာတို့ ခွင့်ယူတာတို့ အရေးကြီးတဲ့ဟာမျိုးတွေဆိုသူတို့က ပေးချင်ရင်လည်း ပေးတယ်။မပေးချင်ရင်လည်းမပေးဘူး။ သူတို့သဘောပဲဒီလိုမျိုးတွေနဲ့သွားတယ်။ ဒါတွေကို အာဏာသိမ်းပြီး တဲ့ နောက်မှာ တွေ့ရှိရပါတယ်။

အခုစစ်အာဏာသိမ်းပြီးတဲ့နောက်  အလုပ်သမားအစုအဖွဲ့တွေနဲ့ လုပ်ငန်းရှင်နဲ့ညှိနှိုင်းပြီးသွားရပါတယ်။

အရင်ကတော့တရားရုံးတို့မှာဖြေရှင်းလို့ရတယ်။အခုချိန်မှာတော့ဘယ်ကိုမှလည်းတိုင်ကြားလို့မရတဲ့အတွက် အလုပ်သမား အစုအဖွဲ့ပေါ့ဒါမျိုးတွေနဲ့ဖြေရှင်းတောင်းဆိုပြီးသွားရတယ်ပေါ့။

အလုပ်သမားထုအားလုံးအတွက်ဖြစ်စေချင်တဲ့ဆန္ဒကတော့ လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာလုပ်ပိုင်ခွင့် ဘာပဲ ဖြစ်ဖြစ် ကိုယ့်ဆန္ဒနဲ့လွတ်လပ်စွာလုပ်လို့ရမယ့်အရာတွေကိုမျှော်လင့်ပါတယ်။

မချို(စက်ရုံအလုပ်ရုံ အလုပ်သမား)

အရင်တုန်းကဆိုရင် မေဒေးနေ့အမှတ်တရအဖွဲ့ချုပ်အနေနဲ့မြေပြင်မှာမေဒေးနေ့ပွဲမှာအမှတ်တရတွေရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာလုပ်ငန်းခွင့်ရဲ့အခြေအနေအလုပ်သမားအခွင့်အရေးဘာမှတောင်းဆိုလိုမရတဲ့ အခြေ အနေမှာ အာဏာမသိမ်းခင်ကရထားတဲ့ တစ်ရာရာခိုင်နှုန်းမှာဆို ငါးဆယ်ရာခိုင်နှုန်းလောက် တောင်းဆို လို့ရတဲ့ အခြေအနေတွေရှိခဲ့ပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းမှာဆေးခွင့်ဆိုရင်ခြောက်ထောင်၊ရှောင်တခွင့်ခွင့်ဆို ခြောက်ထောင် အဖြတ်ခံခဲ့ရတာတွေရှိခဲ့ပါတယ်။သမဂ္ဂတွေပြန်ပြီးတော့ထူထောင်လာတဲ့အချိန် ၂၀၂၂ နှစ်လယ်မှ သမဂ္ဂတွေပြန်ထူထောင်မှ ဆေးခွင့်လည်းမဖြတ်ဘူး။အဲ့ဒါတွေကိုပြန်တောင်းဆိုလို့ရတာတွေရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်ဦးတစ်ယောက်ချင်းစီတောင်းဆိုရင်မရခဲ့ဘူး။ သမဂ္ဂရှိတဲ့စက်ရုံတွေ အစုအဖွဲ့ရှိမှ တောင်းဆိုပေးမှမပေးချင်ပဲပေးလိုက်ရတဲ့အခြေအနေတွေ၊ လုပ်ငန်းရှင်ဘက်ကအရင်တုန်းကအလိုက်တသိပေးခဲ့တဲ့ ခွင့်တွေဆိုရင်တောင် မပေးချင်တော့တဲ့အခြေအနေတွေ ရှိလာခဲ့တယ်။ အလုပ်သမားတစ်ဦး တစ်ယောက်ရသင့် ရထိုက်တဲ့ခွင့်ကို သမဂ္ဂတောင်းဆိုပေးမှရပါတယ်။ အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလုပ်ငန်းရှင်ကို တောင်းဆိုလို့မရတဲ့အတွက် စက်ရုံမှာချုပ်လုပ်နေတဲ့ကုန် အမှတ် တံဆိပ်ရှင် နဲ့တွေ့ပြီး ဖြေရှင်းရတာတွေရှိပါတယ်။

အလုပ်သမားထုအတွက်ဖြစ်စေချင်တဲ့ဆန္ဒကကျွန်မတို့အဖွဲ့ချုပ်ရဲ့မပြောင်းလဲပဲနှစ်စဉ်နှစ်တိုင်း တောင်း ဆိုလာ ခဲ့တဲ့ မေဒေးနေ့မှာတောင်းဆိုချက်က ဖူလုံသောလုပ်ခလစာ၊ကောင်းမွန်သော လုပ်ငန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ အေးအေးချမ်းချမ်းနဲ့အလုပ်သမားထု ရောပြည်သူလူထုရော တစ်ရပ်လုံးကောင်းမွန်စွာ ရှင်သန် ခွင့်ရစေချင်ပါတယ်။

 မနေခြည်(စက်ရုံအလုပ်ရုံ အလုပ်သမား)

အရင်တုန်းက မေဒေးနေ့ဆိုရင် အရမ်းရင်ခုန်စရာကောင်းပါတယ်။ ဘာလို့ဆို စက်ရုံအသီးသီးမှာရှိတဲ့ ညီအကို မောင်နှမတွေနဲ့ တွေ့ဆုံရတယ်။ ပျော်ပွဲရွှင်ပွဲတွေလုပ်ကြတယ်။ ပြီးတော့ ရန်ကုန်တိုင်း၀န်ကြီးချုပ်ကိုယ်တိုင် လာရောက်ပေးတယ်။ အသိပညာတွေပေးတယ် စိတ်အားတက်စရာတွေပြောတယ် ‌ရယ်စရာ တွေ ပြောတယ် စသ ဖြင့် ပေါ့ ချစ်ခင်ရင်းနှီးမှုရတယ်။

အခုနောက်ပိုင်းမှာဆိုစက်ရုံအလုပ်ရုံပိုင်ရှင်တွေအနေနဲ့ကျ မီးပုံမှန်မလာလို့ ကိုယ်ပိုင် ဆီနဲ့လုပ်ငန်းခွင် လည် ပတ်ရ တယ်။ တချို့ဆို လုပ်ငန်းခွင်ကို ယာယီရပ်ဆိုင်းတာမျိုး အပြီးရပ်ဆိုင်းတာမျိုးတွေ အတော်‌များများ တွေ့လာရတယ် တချို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ လုပ်ငန်းတိုးချဲ့ဖို့ကို စဉ်းစားကုန်ကြတယ် တချို့ရပ်ဆိုင်းကုန်ကြတယ် ။ဆို တော့ ဒုတိယတစ်ချက်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားထုအတွက် အခက်ခဲ ရှိလာကြတယ်။ အလုပ် ရှာဖွေရတာ ခက်ခဲလာတယ်။ ဒီအလုပ် မကောင်းလို့ နောက်အလုပ်ကို ပြောင်းရွေ့ဖို့ ခက်ခဲလာတယ်။ လက်ရှိ ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်က ချိုးဖောက်မှုတွေရှိနေရင်တောင် နောက်အလုပ်ကိုပြောင်းရွေ့တဲ့အခါ အခြေခိုင်ပါ့ မလားပေါ့နော်။ အခက်အခဲလေးတွေ ရှိလာတယ်။ အခွင့်အရေးချိုးဖောက်ခံရရင်တောင် လက်ရှိမြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေက ဟိုဘက်ကိုပါနေတော့ ကိုယ်ပိုင်တည်ထောင်ထားတဲ့အလုပ်သမား သမဂ္ဂကိုပဲအားကိုးနေ ရတယ် သမဂ္ဂရှိနေလို့ သမဂ္ဂအားကောင်းနေလို့ လက်ရှိကျွန်မတို့ လုပ်ငန်းခွင်က ချိုးဖောက်မှု သိပ်မရှိဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်မတို့ကြားသိရတဲ့ အပေါ်မှာ လူမှုဖူလုံရေးအနေနဲ့ ‌အလုပ်သမားတွေ အခွင့် အရေးအ‌ပေါ် ချိုးဖောက်မှုတွေ ရှိလာပါတယ်။ မီးဖွားခွင့်တွေ ရက်လျော့ချတာမျိုး ထောက်ပံ့မှု မရတာမျိုး လုပ်ငန်း ရှင်တွေနဲ့ အကျိုးတူ‌ပူပေါင်းနေတာမျိုးတွေ ကြားသိရပါတယ်။ လစဉ်ဖူလုံရေးကြေးကတော့ ကောက်ခံ နေဆဲပါ။  ဒီလို အခွင့်ရေးတွေ ချိုးဖောက်ခံနေရတာဟာ စစ်အာဏာသိမ်းမှုနဲ့ အများကြီး ဆက်စပ်နေပါတယ်။

လုပ်ခလစာတိုးဖို့ကို အတော်လေး ပြောယူရပါတယ် အချိန်ပိုကြေးလည်း ထိုနည်းလည်းကောင်းပါပဲ မီးဖွားခွင့် အနေနဲ့ ပြင်ပမှ ကိုယ်၀န်ပါလာရင် လနုနုရင့်ရင့် မီးဖွားခွင့်မရပါဘူး။ ခွင့်ရက်လည်း နည်းပါတယ်။ ပုံမှန် ယူနေကျ ဖူလုံရေးခွင့်လည်း မရတော့ပါဘူး။ ‌ဥ‌ပဒေက ပေးတဲ့ထားခွင့်နဲ့ပျက်ကွက်ရင် လုပ်ခလစာကို အတော်လေး အဖြတ် ခံရပါတယ်။

အလုပ်သမားအခွင့်ရေးနဲ့ ပက်သတ်ပြီး အရင်နဲ့ အခုက တော်တော်လေးကွာခြားမှုရှိပါတယ် 

အလုပ်သမားထုအားလုံး တိုင်းရင်းသားမိဘပြည်သူအားလုံးအနေနဲ့ ဖြစ်စေချင်တဲ့ ဆန္ဒလေးကတော့ တရားမျှတမှု ရပါစေ။ ‌စိတ်အေးချမ်းသာယာစွာနေထိုင်နိုင်ပါစေ အရင်ကလို ကုန်ဈေးနှုန်းနဲ့ အပြည်အပြည်ဆိုင်ရာ အခွင့်အလမ်း တွေ တိုးပါစေ။ မိမိတို့လျှောက်တဲ့လှမ်းချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ် အမြန်ဆုံးလျှောက်နိုင်ပါစေ။ စစ်အာ ဏာရှင် အမြန်ဆုံး အမြစ်ပြတ်ကျရှုံးပါစေ အဖြစ်ချင်ဆုံးဆန္ဒတွေလည်း အမြန်ဆုံးပြည့်ချင်ပါတယ်။

Author:

Related Articles