Home သတင်း မြန်မာနိုင်ငံကအမျိုးသမီးနဲ့မိန်းကလေးငယ် ၁၀ သန်းနီးပါးလူသားစာနာမှုဆိုင်ရာလိုအပ်ချက်တွေရှိနေ

မြန်မာနိုင်ငံကအမျိုးသမီးနဲ့မိန်းကလေးငယ် ၁၀ သန်းနီးပါးလူသားစာနာမှုဆိုင်ရာလိုအပ်ချက်တွေရှိနေ

မြန်မာနိုင်ငံအတွင်းက အမျိုးသမီးနဲ့မိန်းကလေးငယ်(၉.၇ သန်း) ၁၀သန်းနီးပါး လူသားချင်း စာနာထောက်ထား မှုဆိုင်ရာလိုအပ်ချက်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂရုံးက ဒီနေ့ မတ်လ ၈ ရက်မှာကျရောက် တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်ဖွံ့ဖြိုးရေးအကူအညီတွေထဲက ၀.၆၈ ရာခိုင်နှုန်း သာအမျိုးသမီးအခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို ရောက်ရှိနေပြီး ၎င်းတို့အနေဖြင့် ကုလသမဂ္ဂအေဂျင်စီအဖွဲ့အစည်းများ အပါ အဝင် နိုင်ငံ တကာအသိုက်အဝန်းရဲ့အရေးပေးပံ့ပိုးကူညီမှုကို လိုအပ်ပြီးလိုက်လျောညီထွေရှိမှုနှင့် ပြောင်းလွယ် ပြင်လွယ် ရင်းနှီးမြှုပ်နှံမှုတွေကို လက်လှမ်းမှီရရှိဖို့ လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဒါ့အပြင် အမျိုးသမီးခေါင်းဆောင်တစ်ဦးချင်းစီနှင့် အမျိုးသမီးအဖွဲ့အစည်းများဟာ အရင်းအမြစ် အထောက်အပံ့ နည်းပါးခြင်း၊ များပြားလှတဲ့ အလုပ်တာဝန်တွေ ရင်ဆိုင်ရခြင်းနှင့် ကိုယ်စိတ်နွမ်းနယ်ပင်ပန်းခြင်း၊ အွန်လိုင်းကနေ ခြိမ်းခြောက်ခြင်း နေ့စဉ်အကြမ်းဖက်မှုတွေကို ကြုံတွေ့ရခြင်းအပါအဝင် ဝန်နှင့်အားမမျှဘဲ ကာယအား၊ ဉာဏ အား နည်းမျိုးစုံဖြင့် ပေးဆပ်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ အမျိုးသမီးနှင့် မိန်းကလေးငယ်တွေအတွက် ကျောင်းပညာရေးပြီးမြောက်ဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိရေး၊ သင့်တော်ကောင်းမွန်ပြီး ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေရရှိရေး၊ ကလေးယူမည့် အချိန်ကို ရွေးချယ်ပိုင်ခွင့်ရှိရေး၊ အကြမ်းဖက်မှုကင်းဝေးပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ လူမှုဘဝမှာ နေထိုင် နိုင်ရေးတို့ ဖြစ်ပေါ်လာစေဖို့အတွက် မြန်မာနိုင်ငံမှာ ဆက်လက်ရပ်တည်ပြီး ပံ့ပိုးကူညီမှုတွေ ပေးသွားမယ်လို့ ကတိပြုကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

Author:

Related Articles