Home အမျိုးသမီးများအသံ စစ်မှုထမ်းဥပဒေအပေါ် LGBT များကြုံတွေနိုင်တဲ့ စိန်ခေါ်မှုအခက်အခဲများ

စစ်မှုထမ်းဥပဒေအပေါ် LGBT များကြုံတွေနိုင်တဲ့ စိန်ခေါ်မှုအခက်အခဲများ

HI People Voice

ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးထုတ်ပြန်ခဲ့ပါတယ်။

ဒီဥပဒေမှာ အမျိုးသားအသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်ခင်အထိ၊ အမျိုးသမီးအသက် ၁၈ နှစ်မှ  ၂၇ နှစ်အထိ စစ်မှု ထမ်းရမယ်လို့သတ်မှတ်ထားပါတယ်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတက်မြောက်သူနဲ့ တခြားအတတ်အပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေသူတွေကိုကျွမ်းကျင်သူလို့သတ်မှတ်ပြီး  အမျိုးသားအသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ အမျိုးသမီးအသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား သတ်မှတ်ထားပါတယ်။

နိုင်ငံသားတိုင်းဟာ သာမာန်အခြေအနေဆိုရင် နှစ်နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး အရေးပေါ်အခြေအနေဆိုရင် ငါး နှစ်အထိ စစ်မှုထမ်းရမှာဖြစ်သလို စစ်မှုလက်မှုပညာသည်တွေကတော့ သုံးနှစ်အထိစစ်မှုထမ်းရမယ်လို့ ပြဌာန်း ထားပါတယ်။

အိမ်ထောင်သည်အမျိုးသမီး၊ သာသနာ့ဝန်ထမ်း၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေအပြင် နိုင်ငံ့ဝန်ထမ်း၊ ပညာသင် ကြားနေသူ၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုစောင့်ရှောက်နေရသူ၊ မူးယစ်ဆေးဝါးဖြတ်နေသူ၊ ဆေးကုသနေရသူ၊ ထောင်ကျနေသူတွေကတော့ စစ်မှုထမ်းဖို့ရွှေ့နိုင်တယ်လို့ ဆိုထားပါတယ်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ပြည်နယ်နဲ့တိုင်း၊ ခရိုင်နဲ့မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆန်မယ်ဆိုရင် ထောင်ဒဏ်သုံးနှစ်မှငါးနှစ်အထိ ပြစ် ဒဏ်ချ မှတ်သွားမယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

မတ်လပထမပတ်ကစပြီးတိုင်းနဲ့ပြည်နယ်အနှံ့က မြို့ရွာတွေမှာစစ်ကောင်စီလက်အောက်ခံရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးတွေကစစ်မှုထမ်းရမယ့်သူစာရင်းတွေ လိုက်လံကောက်ခံကာမဲနှိုက်ရွေးချယ်တာတွေ ပြုလုပ်နေပါတယ်။

ဧပြီလ အပြီးမှာ အသက် (၁၈)နှစ်ကနေ (၃၅)နှစ်အထိအသက်ပြည့်တဲ့အမျိုးသား ငါးထောင်ကို ပထမဆုံး စစ်မှုထမ်း သင်တန်းခေါ်ယူသွားမယ်လို့ စစ်ကောင်စီကပြောဆိုထားပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး LGBT တွေကြုံတွေ့လာနိုင်တဲ့စိန်ခေါ်မှုတွေနဲ့ သူတို့ရဲ့အသံတွေကို HI ကဆက်သွယ်မေး မြန်းထားပါတယ်။

ပန်းကလေး(Trans Woman)

စစ်မှုထမ်းဥပဒေကယခင်ကတည်းကရှိခဲ့ပြီး အခုမှအသက်သွင်းလိုက်တာဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေကို ကျင့် သုံးနေတဲ့နိုင်ငံတွေလဲရှိပါတယ်။ တောင်ကိုးရီးယားနဲ့ ထိုင်းနိုင်ငံတွေမှာလဲရှိကြတာပါပဲ။ ဒါပေမဲ့သူတို့နို င်ငံတွေကစစ်မှုထမ်းခေါ်တာက ကိုယ့်ပြည်သူအချင်းချင်းစစ်တိုက်ဖို့မဟုတ်ဘူး။ နိုင်ငံတော်ကိုကာကွယ်ဖို့နဲ့ ပြည်ပရန်ကိုကာကွယ်ဖို့စတဲ့အချက်တွေနဲ့ခေါ်တာဖြစ်ပြီး သူတို့တွေရဲ့အစိုးရက ပြည်သူအပေါ် ကောင်းတယ် လေ။ မြန်မာနိုင်ငံစစ်ကောင်စီက စစ်မှုထမ်းဖို့ခေါ်တာက ကိုယ့်ပြည်သူအချင်းချင်းပြန်သက်ရမယ် နိုင်ငံတော် ကာကွယ်ဖို့မဟုတ်ပဲသူတို့ကိုကာကွယ်ဖို့ ၊ သူတို့အတွက်အသက်တွေစတေးဖို့ခေါ်တာလေ ဒါကြောင့် စစ်ကောင်စီ ကထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေက မတရားသဖြင့်ထုတ်ထားတယ်လို့ပဲပြောပါရစေ။

ကိုယ်ကချစ်တတ်ကြိုက်တတ်စအရွယ်ကတည်းက မိမိရဲ့လိင်စိတ်ခံယူမှု့ကို ရဲရဲဝင့်ဝင့်ထုတ်ဖော်ပြီးနေတဲ့ သူတစ် ယောက်ဖြစ်တယ်။ မိန်းကလေးလိုဝတ်စားဆင်ယင်နေထိုင်ပြီး နေ့စဉ်ဘဝကိုဖြတ်သန်းနေတာဖြစ်လို့ စစ်တပ်ထဲ ရောက်ရင်လဲအဆင်ပြေမှာမဟုတ်ဘူး။ စစ်ကောင်စီဘက်က လိင်စိတ်ခံယူမှုအတိုင်း စစ်မှုထမ်းခွင့် ပေးမယ်ဆို ရင်တောင်မှ စစ်မှုထမ်းဖို့မဖြစ်နိုင်ဘူး။ အတင်းစစ်မှုထမ်းခိုင်းရင်တော့ နိုင်ငံရပ်ခြားသွားတာ၊ လွတ်မြှောက်နယ် မြေတွေကိုသွားရောက်တိမ်းရှောင်တာတွေကိုပြုလုပ်မှာပါ။

အခုအချိန်က သားသမီးတွေကမိဘကိုစိုးရိမ်ရ၊ မိဘကသား သမီးတွေကို စိုးရိမ်နေရတယ်တဲ့ အခြေအနေတွေ ဖြစ်နေတာပါ။ စစ်မှုထမ်းဖို့ဖြစ်လာခဲ့ရင် မိဘတွေကိုပါ မိမိ တိမ်းရှောင်တဲ့ဆီတွေကိုခေါ်သွားမှာပါ။ ကျွန်မရဲ့ အမေ ကတော့ စစ်မှုထမ်းမှာ ကျွန်မကိုမပါစေချင်တာကြောင့် ဘုရားမှာဆုတောင်းလိုက်၊ ယတြာတွေချေလိုက်၊ ငိုလိုက် နဲ့ပေါ့။ ဒါကြောင့်မိဘတွေကိုမထားခဲ့နိုင်ပါဘူး။

စာရင်းကောက်မဲနှိုက်တာတွေကို ကျွန်မတို့နေထိုင်ရာနေရာမှာလဲလုပ်ပြီးပါပြီ ကျွန်မလဲမဲသွားနှိုက်ခဲ့ပါတယ်။ ကျွန်မတော့မဲမပေါက်ပါဘူး။ ဒါပေမဲ့အခုကတည်းတော့စတင်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာကိုပြင်ဆင်နေပါပြီ။ စိုးရိမ်မှုကတော့ပြောဖွယ်ရာကိုမရှိပါ။ တပ်ထဲရောက်သွားရင် ကျွန်မတို့ကလိင်စိတ်ခံယူမှုမတူတဲ့ အမျိုးသမီး တွေဖြစ်တာကြောင့် ကဲ့ရဲ့ခံရမယ်၊ အနိုင်ကျင့်ခံရမယ်၊ လိင်ပိုင်းဆိုင်ရာအစော်ကားခံရမယ်၊ စိတ်ကိုအကြိမ်ကြိမ် သတ်ပါလိမ့်မယ်။ ကျွန်မပြောတာတွေကိုမလုပ်ဘူးလို့မထင်နဲ့ စစ်ကောင်စီကရှေ့မှာလဲလုပ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ ပြီးသားလေ ဒါကြောင့်အရမ်းကိုစိုးရိမ်ကြောက်လန့်နေရတာတော့အမှန်ပါပဲ။

ကျွန်မတို့ကမွေးလာတုန်းကတော့ ယောက်ကျားအဖြစ်မွေးဖွားလာပေမဲ့ ချစ်တတ်ကြိုက်တတ်တဲ့အရွယ်မှာ ကိုယ်က မိန်းကလေးလိုဖြစ်ချင်တယ်၊ မိန်းမတစ်ယောက်လိုပဲဝတ်စားဆင်ယင်နေထိုင်ချင်တယ်။ ဒါကြောင့်လဲ ကိုယ့်ရဲ့ ခံယူမှုအတိုင်းမိန်းမလိုပဲနေလာခဲ့တာ ဆယ်စုနှစ်မကတော့ဘူးလေ။ ကျွန်မတို့သာတပ်ထဲရောက်သွား ကြည့်ပါလား နည်းမျိုးစုံနဲ့အနိုင်ကျင့်ခံရမယ်။ လိင်ပိုင်းဆိုင်ရာစော်ကားခံရမယ်၊ အခြားသောနည်း အမျိုးမျိုးနဲ့လဲ အကြမ်းဖက်ခံ ရနိုင်တယ်။ ကျွန်မမှမဟုတ်ဘူး LGBTတွေအကုန်လုံးက စစ်မှုထမ်းကိစ္စတွေနဲ့ ပက်သက်ပြီး ကြောက်လန့် နေရတာပါ။ လက်ရှိကိုယ့်အသိထဲကLGBTတွေလဲ စစ်မှုထမ်း ရဖို့မဲပေါက်ထားတယ်။ သူတို့ဆိုသက် သေမယ် ဆိုတဲ့အထိပြောတယ် လက်ရှိတော့ ကျွန်မတို့ ဝိုင်းဝန်းအဖြေရှာနေကြပါတယ်။ ပြောချင်တာက LGBTတွေက စစ်မှုထမ်း ဥပဒေနဲ့ပက်သက်ပြီး ဘယ်လိုမှ အဆင်မပြေနိုင်သလို ဘယ်သူ့ကိုမှလဲ စစ်မှု့ထမ်းဖို့ မပါစေ ချင်ဘူး။

Safari (LGBT)

အခုလိုစစ်မှုထမ်းဥပဒေထုတ်လိုက်တာကတော့ အသေခံမယ့် လူရှာတာလို့ပဲ မြင်ပါတယ်။ လက်ခုပ်ထဲ ကရေ ဆိုတော့ သူတို့ လုပ်ချင်တိုင်း လုပ်မှာပဲလေ။ လူထုတစ်ရပ်လုံး နိုးကြားဖို့ မောင်းတီး လိုက်တယ်လို့ မြင်ပါတယ်။

ဘယ်လိုရင်ဆိုင်မလဲဆို ဒီကာလစတည်းက ကိုယ့်ကိုကိုယ် နှစ်ချက်ပဲ တွေးမိတော့မယ် သေမလား ရှင်မလား ဒါလေးပဲပေါ့။ အတင်းစစ်မှုထမ်းခိုင်းရင်တော့ တပ်တော်ထဲ ပြောင်းပြီးပဲ အသက်စွန့်တော့မယ်လို့ပဲ တွေးပါတယ်။ ပိုပြီး မွန်မြတ်တယ်လေ။

မိသားစုတွေအနေနဲ့ရော ကိုယ်တိုင်အနေနဲ့‌ရောက အစတည်းက စကစကြောင့်အိုးပစ်အိမ်ပစ် ရှောင်နေရ တာဆို တော့ ထွေထွေထူးထူး မတွေးထားပါဘူး။ ရင်ဆိုင်ဖို့ အသင့်ပါပဲ။

အခုဆိုလည်းမြို့နယ်တွေမှာစာရင်းတွေကောက်နေပြီဆိုတော့ စိုးရိမ်တာပေါ့ သူတို့လက်ထဲ အသေမခံနိုင်တော့ တခြား လမ်းကြောင်းတွေတော့ အခုတည်းက ဦးစားပေး ရွေးချယ်ထားပါတယ်။

စစ်မှုမထမ်းချင်ရင်ငွေပေးတဲ့ကိစ္စတွေလည်းကြားရတယ်။ ဒါကတော့ ငွေများငွေနိုင်ပေါ့။ အစတည်းက စနစ် မကျ တော့ တကယ့်ဒဏ်ခံရမှာ အခြေခံလူတန်းစားပဲ။ အဲ့လို မဖြစ်အောင် လူထုတစ်ရပ်လုံး အုံကြွဖို့ လိုပါတယ်။

ကိုယ်တိုင်အနေနဲ့ကတော့ တော်လှန်ရေးအောင်မြင်ဖို့အရေး ဆက်လုပ်မယ်လို့ စဉ်းစားထားပါတယ်။ ရှောင်မယ် ဆိုတာကတော့ ပထမပေါ့။ ဒုတိယကတော့ ကိုယ်တိုင် ဝင်တိုက်ဖို့ပါပဲ။

စစ်မှုထမ်းရမယ်ဆိုရင် LGBTတွေအနေနဲ့အခက်အခဲတွေရှိတာပေါ့။ အများကြီးပဲ တစ်ချက်က အတွေးမတူတော့ ဘာပဲဖြစ်ဖြစ် ခံရမှာပဲလေ နောက်တစ်ခုကတော့ ကိုယ်တွေကို LGBT မှန်းသိရင် ပိုနှိပ်စက်မှာပေါ့။  နှိပ်စက်တဲ့ ဒဏ်တွေ၊ နေပူထဲ ထုတ်လှန်းတာတွေ၊ ဖက်တိတ် လုပ်တာတွေ၊ ဒီကောင်တွေ ကတော့ အစွမ်းကုန် ယုတ်မာ မှာပဲလေ အဲ့တာတွေက စိန်ခေါ်မှုပဲပေါ့။

လင်းလက်(Trans Woman)

သူတို့ကတော့လုပ်နေကြအတိုင်းပဲ အာဏာပေါ့။ သူ့ရဲ့အာဏာနဲ့လုပ်တာပေါ့။ ဒါပေမယ့်ဘယ်လိုပဲ အာဏာနဲ့ လုပ် လုပ် လူအများစုက သူ့ရဲ့အာဏာကိုလက်ခံနေတာမဟုတ်ဘူး။ အခုသူက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စာရင်းကော က်တာမျိုး၊ စမတ်ကတ်ထုတ်ပေးတာမျိုး အဲ့လိုမျိုးတွေနဲ့လုပ်တာဆိုတော့  အဓိကကတော့ အာဏာသုံးတယ်။ သူတို့ဘက်က လူလိုနေတာပေါ့။ တပ်ထဲမှာလူမရှိတော့ဘူး။ လူမရှိတဲ့အတွက် ပြည်သူလူထုကို ပြန်ပြီးအသုံးချတယ်လို့ ထင်တယ်။

LGBT တွေခွဲခြားပြီးတော့သတ်မှတ်ထားမယ်လို့မထင်ဘူး။ သူတို့ပါးစပ်ထဲမှာရှိတဲ့ဟာ သူတို့လုပ်ချင်တာကို လုပ်မှာ ပဲ။ အဲ့တော့အမတို့ကတော့ အဓိက ပလန်ထားတာက တကယ်လို့သာကိုယ့်ကို  အဲ့လိုရောက်လာပြီဆို မိသားစု ကလည်း အဖေအမေကလည်းရှိတာမဟုတ်ဘူး။ တယောက်ထဲနေတာ။ ဘာလုပ်မလဲဆိုတဲ့ ပလန်ကတော့ မရှိ သေးဘူး။ တကယ်လို့ရှိလာခဲ့ပြီဆိုရင်လည်း စစ်မှုထမ်းတဲ့အထဲကို PDF ထဲကိုဝင်မလား။ တခြားနိုင်ငံတခုကို ဘယ် လိုမျိုးနည်းလမ်းနဲ့သွားလို့ရမလဲ အဲ့လိုမျိုးနည်းလမ်းနဲ့စီစဉ်ထားတာပေါ့။

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး LGBT တယောက်အနေနဲ့ဆိုဘယ်လိုစိန်ခေါ်မှုတွေဖြစ်လာနိုင်လဲဆိုတော့ တခြား ထိုင်းတို့၊ ကိုရီးယားတို့မှာဆိုရင်လည်း စစ်မှုထမ်းရတယ်။ သူတို့ကတော့ပွင့်လင်းမြင်သာမှုရှိတယ်။ လူအများ ရှေ့မှာ မဲနှိုက်ကြတယ်။ သူတို့နိုင်ငံက LGBT ဆို support  ပေးတဲ့နိုင်ငံမျိုးပေါ့။ အမတို့မှာကျတော့ ခွဲခြားမှုတွေ လည်း ရှိတယ်။မျိုးစုံပေါ့။ စစ်တပ်ထဲမှာဆို စစ်တပ်ဆိုတာကတော့ ဟိုးနဂိုထဲကရွံရှာမုန်းတီးစရာကောင်းတဲ့ အဖွဲ့ အစည်းပေါ့။ အဲ့ထဲမှာဆို သူခိုးလည်းပါနိုင်တယ်။ ဂျပိုးလည်း ပါနိုင်တယ်။ မုဒိမ်းကောင်လည်းပါနိုင်တယ်။ ပြော လို့မရဘူး။ ယူနီဖောင်းသာဝတ်ထားတာ အကျင့်တွေကကောင်းတာမဟုတ်ဘူး။ LGBT တွေပါလာရင် လိင်ပိုင်း ဆိုင်ရာစော်ကားတာမျိုး အနိုင်ကျင့်တာမျိုး အဲ့လိုမျိုးတွေကတော့ အမြဲတမ်းပေါ့။ နေရာတိုင်းမှာတွေ့ နိုင်မယ်လို့ ထင်တယ်။

အဓိကကတော့ LGBT တော်တော်များများကနူးနူးညံ့ညံ့လေးတွေနေကြတယ်။ မိန်းကလေးတယောက်လိုနေကြ တယ်။ ဒါကတော့ သူပြောတဲ့အထဲမှာ မိန်းကလေးစစ်မှုထမ်းရမယ်ဆိုတာပါတာကို မိန်းကလေးတော်တော် များများကလည်း မိန်းကလေးပုံစံနူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေးနေကြတာ။ LGBT တော်တော်များများကလည်း နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့လေးနေကြတာများတယ်။ သူတို့ပြောတာ စစ်သင်တန်းပေးမယ်တို့ ဘာတို့ပေါ့။ စစ် သင်တန်း တွေကဘယ်လိုမျိုးပေးမှာလဲ အမတို့ကိုအနေအထိုင်အစားသောက်ပေါ့။ LGBT trans woman တယောက်ဆိုရင် အဓိကသူတို့က ရင်သားထိုးထားတာမျိုးလေးတွေရှိမယ်။ ယောကျာ်းတွေနဲ့တန်းတူ ရင်ဘောင်တန်းပြီးနေရမယ်ဆို လုံးဝအဆင်မပြေဘူး။ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စော်ကားတာမျိုးတွေ၊ အမြတ် ထုတ်တာမျိုးတွေအမြဲတမ်းကြုံတွေ့နိုင်တယ်။ အမြဲတမ်းပေါ့။ တခုမဟုတ်တစ်ခုကတော့ အမြဲတမ်းကြုံ တွေ့နိုင်တယ်လို့ထင်တယ်။

စိုး(LGBT)

အရင်တုန်းကလည်းပြည်သူတွေစစ်မှုထမ်းဖို့ ကြားဖူးတယ်။ ၂၀၂၀လောက်က အမေစုလက်ထက်တုန်းကပေါ့။ ပြည် သူတွေစစ်မှုထမ်းရမယ့်ဟာကိုကြားမိတော့ အဲ့တုန်းကတော့သဘောကျမိတယ်။ ပြည်ပနိုင်ငံကကျူးကျော်လာတဲ့ ကျူးကျော်စစ်တွေအတွက် ကိုယ့်နိုင်ငံတော်ကိုကာကွယ်ဖို့အတွက် လူသားတိုင်း၊ ပြည်သူပြည်သား တိုင်းတက် သင့်တဲ့ပညာရပ်လို့လည်းထင်တယ်ပေါ့‌နော်။

ဒီဥပဒေကိုအရင်တုန်းကတော့အရမ်းကြိုက်တယ်။ ကျွန်တော်လည်းယူနီဖောင်းချစ်တဲ့အထဲမှာပါတော့လေ။

ကျွန်တော်တို့ရဲ့လိင်စိတ်ကွဲပြားမှုအပေါ်ကိုမကြည့်ပဲနဲ့ အတင်းအဓမ္မစေခိုင်းမှုတွေဖြစ်လာရင် ဘယ်လိုလုပ်မလဲဆို ကျွန်တော်တို့အတွက်က ကာကွယ်ဖို့အတွက်က ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ထက် သူတို့ကိုတွန်းလှန်နိုင်ဖို့ ဘာတွေ ကိုပြင်ဆင်ထားရမလဲလို့ပဲထင်တယ်။

ကိုယ်တိုင်ပြင်ဆင်ထားတာကတော့ နိုင်ငံခြားထွက်ဖို့ လုပ်နေတယ်။ နည်းလမ်းနှစ်ခုစဉ်းစားထားတယ်။ နိုင်ငံခြား ထွက်ဖြစ်ရင်ထွက် မထွက်ဖြစ်ရင်သူတို့ခေါ်တဲ့စစ်သင်တန်းကို တက်မယ်ပေါ့။ စစ်သင်တန်းတက်ပြီး သူတို့သင် ပေးတဲ့ ပညာတွေကိုရအောင်ယူပြီးတော့ ကျွန်တော် နိုင်ငံတော်ကိုကာကွယ်ဖို့အတွက် လူ့အခွင့်အရေးကို ပြန်ရယူဖို့ အတွက်တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းမယ်လို့ စဉ်းစားထားပါတယ်။ အဲ့ထိလည်း တွေးထား ပါတယ်။

ဒါပေမယ့် Trans man တွေအတွက်က စကပ်ဝတ်ရတာတွေရှိမယ်။ ကြမ်းကြမ်းတမ်း တမ်းလုပ်ရတာတွေတော့ရှိမယ်။ အစားအသောက်တွေတို့ အနေအထိုင်တွေတော့ခက်ခဲမယ်လို့ထင်တယ်။

နိုင်း(LGBT)

စစ်ကောင်စီကနေ စစ်မှုထမ်းဖို့အတွက်ပြည်သူလူထုအတွက်ကို စစ်မှုထမ်းဖို့ထုတ်ပြန်လိုက်တဲ့အပေါ် ကျွန်မရဲ့ အမြင်ကဒါကသပ်သပ်ကိုပြည်သူလူထုကိုဒုက္ခပေးတယ်လို့ကျွန်မမြင်တယ်။ ဘာလို့ဆို သူများနိုင်ငံတွေတော်တော်များများမှာဆိုရင် စစ်မှုထမ်းဥပဒေထုတ်ပြန်တယ်ဆိုတာက ပြည်ပရန်ကိုကာကွယ်ဖို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကျူးကျော်စစ်ဖြစ်တဲ့အချိန်မှ စစ်မှုထမ်းကိုမဖြစ်မနေ ပြည်သူတွေက ထမ်းဆောင် ရမယ် ဆိုတဲ့ဟာ မျိုးပဲကြားဖူးတယ်။

အခုကျတော့ စစ်ကောင်စီကနေအာဏာသိမ်းတယ်။ အာဏာသိမ်းတဲ့အချိန်မှာဆိုရင် တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်တယ်။ အဲ့ကြားထဲကိုမှပြည်သူတွေက စစ်ရှောင်အရ‌ရော စစ်ဘေး စစ် ဒဏ်အရရောခံနေကြရတယ်။ တော်တော်များများက ဒီဒဏ်ကို ဒုက္ခတွေအများကြီးခံနေရတဲ့အထဲကိုမှ စစ်ကောင် စီကမစာမနာပေါ့နော်။ ပြည်သူတွေကို စစ်မှုထမ်းရမယ်ဆိုတဲ့ဟာ ထပ်ဆင့်ထုတ်ပြန်လိုက်တဲ့အခါ ပြည်သူတွေ ကလည်း လူ့အခွင့်အရေးနှစ်ဆင့်ခံချိုးဖောက်ခံနေရတယ်ပေါ့နော်။ စစ်ရှောင်နေရတယ်။ စစ်ဘေးဒဏ်တွေခံနေရ တယ်။ အိုးအိမ်တွေဖျက်စီးခံနေရတယ် ဒါကိုမှစစ်ကောင်စီကထပ်ပြီးမှ စစ်မှုထမ်းရမယ်ဆိုတဲ့အခါ ပြည်သူတွေ အပေါ်ရည်ရွယ်ချက်ရှိရှိနဲ့အကြပ်ကိုင်ရမလဲ။ အကြပ်အတည်းဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ဟာမျိုး လုပ်လိုက်တယ်လို့ပဲမြင်တယ်။

နောက်တနည်းက တခြားနိုင်ငံကိုသွားမလား ဆိုတဲ့ဟာမျိုးစဉ်းစားတယ်။ တိုင်းရင်းသားလက်နက်ကိုင် လွတ်မြောက် နယ်မြေကိုသွားမလားဆိုတဲ့ဟာမျိုး နည်းအမျိုးမျိုးစဉ်းစားရတယ်။ တော်တော်များများတချို့ လူငယ် တွေဆိုရင် ကျောင်းပြန်တက် လိုက်တဲ့ဟာမျိုးတွေ၊ ကျောင်းပြန်အပ်လိုက်တဲ့ဟာမျိုးတွေ၊ ကျွန်မတို့ အသက် အရွယ် ကျတော့ နိုင်ငံခြားထွက်မှပဲအဆင်ပြေမယ် အဲ့လိုမျိုးပုံစံတွေဖြစ်နေတယ်။

ကျွန်မတို့ရဲ့ဒေသအခြေအနေအရ လူမျိုးအခြေအနေအရရောပြောရမယ်ဆို ဒီလိုအခြေအနေတွေဖြစ်လာပြီဆို နှစ်ဖက် တော့ရှိမယ်။ တချို့မိဘတွေကတော့လုံးဝသွားခိုင်းလိုက်တာမျိုးတွေရှိတယ်။ တချို့မိဘတွေဆို လုံးဝစိတ်ပူနေတဲ့ဟာမျိုးတွေ ကျွန်မတို့ရဲ့ကပ်ရပ်ရွာ ဆိုလုံးဝအမျိုးသားတွေနေ့ စဉ်နဲ့အမျှအောက်လမ်းနဲ့ နိုင်ငံခြား ကိုသွားတဲ့ဟာမျိုးတွေရှိတယ်။ အဲ့လိုမျိုးတွေတွေ့နေရတယ်။

 တချို့မိဘတွေကလည်းစိတ်ပူတယ်။ ဒါပေမယ့် ဒီဘက် မအလ ဘက်ကိုအားသာယုံကြည်တဲ့မိဘတွေကျတော့ ထမ်းခိုင်းလိုက်တယ်ဆိုတဲ့ဟာမျိုး။ ကျွန်မတို့ဘက်မှာဆို ပြည်သူ့စစ်ရှိတယ်။ စကစ ဘက်မဝင်ချင်ဘူးဆို ပြည်သူ့စစ်ဘက်ဝင်မလား  choice နှစ်ခုပေးတယ်။ သူတို့နှစ်ခုကတော့ အတူတူပဲ ဒါမယ့်လူမျိုးရေး အရပဲမတူတာ ။ နိုင်ငံရေးရေချိန်အရရော ပြည်သူ့စစ်ထဲဝင်ဖို့မိဘတွေကခွင့်ပြုလိုက်တာ မျိုးတွေရှိတယ်။

အဲ့အပေါ်မှာဆိုရင် ကျွန်မနေနဲ့သူတို့ဒါမျိုးလုပ်နေတာက နှစ်ခုစဉ်းစားမိ တယ်။ လက်ရှိမြန်မာနိုင်ငံမှာဆို လူငယ်တွေကအရမ်းများတယ်။ အခုဆို နိုင်ငံခြားကိုထွက်သွားတဲ့ဟာမျိုး တကယ်လို့ နွေဦးတော်လှန်ရေးမှာ အချိန်တစ်ခုရောက်လာခဲ့မယ်ဆိုရင်  အင်တိုက်အားတိုက် တပြိုင်နက်ထဲတိုက်မယ်လို့ လုပ်တဲ့အချိန်မှာ လူငယ်တွေရဲ့အင်အားက ပြည်ပမှာအကုန်ရောက်ကုန်ပြီ အဲ့လိုမျိုးပုံစံပေါ့။ စစ်ကောင်စီကလည်းအဲ့လိုစဉ်းစားပြီးမှ မြို့နယ်တွေပါမကျန်ကောက်နေပြီလားဆိုတဲ့ဟာမျိုး အဲ့လိုရည်ရွယ်ချက်လား။ လူငယ်တွေကိုအင်အား ချိနဲ့အောင် လုပ်နေတဲ့ဟာမျိုးလား။ သူတို့ကမဲနိုက်တာက အမှတ်စဉ် (၁)၊ အမှတ်စဉ် (၂)ဆိုပြီး အဲ့လိုခွဲထားတာမျိုး တွေရှိတယ်။ အဲ့မှာဆိုရင် သူတို့က မဲနိုက်လို့ကျတဲ့လူကချက်ချင်း စစ်မှုထမ်းခေါ်သွားတဲ့ဟာတော့မရှိဘူး။

ဒီလိုမျိုးလုပ်တာ တရားဝင်မှုမရှိဘူး။ တော်တော်များများက ဒီကိစ္စကြောင့် ဆူဆိုက်လုပ်သွား တဲ့သူတွေလည်း ရှိတယ်။ မိဘတွေဆိုရင်လည်း ကိုယ့်ကိုကိုယ်သက် သေသွားတဲ့သူတွေလည်းရှိတယ်။ ဒီကိစ္စပေါ်မှာ စစ်ကောင် စီဘက်က တာဝန်ယူမှု တာဝန်ခံမှုအများကြီး ရှိတယ်။ သူ့ကြောင့်နဲ့ဖြစ်သွားတဲ့ ကိစ္စကြောင့် လူ့အခွင့်အရေးအရနဲ့ ကြည့်မယ်ဆို တာဝန်ယူမှု တာဝန်ခံမှုတ ခုဖြစ် တယ်။

ကျွန်မမှမဟုတ်ဘူး။ တော်တော်များများလူငယ်တွေက စစ်ကောင်စီလက် အောက်သွားပြီးစစ်မှုထမ်းမှာ မဟုတ်ဘူး ။ ကျွန်မအနေနဲ့ဆိုလည်း နိုင်ငံခြားထွက်မယ် ထွက်လို့ရတဲ့နည်းနဲ့ထွက်မယ် တော်တော်များများ လူငယ်ဆိုလည်း အခုဆို နိုင်ငံခြားကိုထွက်တယ်။ အဲ့နောက်ဆက်တွဲက ပွဲစားတွေနဲ့ထွက်ပြီးအလိမ်ခံရတဲ့ လူတွေလည်း ရှိသလို ပွဲစားနဲ့ထွက်ပြီး အဆင်မပြေတဲ့လူတွေလည်းအများကြီးရှိတယ်။ အခုကဟိုဘက်မှာအလုပ်ရဖို့ မရဖို့ကအရေးမကြီးတော့ဘူး။

သူတို့အနေနဲ့မြန်မာနိုင်ငံကနေဘယ်လိုနည်းလမ်းနဲ့ထွက်ရမလဲဆိုတဲ့ဟာမျိုး မြန်မာနိုင်ငံလုံးရဲ့ လူငယ်တွေတော် တော်များများက ထိုင်းဘက်ကို စစ်ရှောင်အနေနဲ့ ထွက်နေ ရတဲ့ပုံစံမျိုး အရင်က ကျွန်မတို့က ဒီမြို့မှာတိုက်ပွဲ ဖြစ်ရင် ဟိုမြို့ကိုရှောင်လိုက်တယ်။ ဆိုတဲ့ဟာမျိုး အရှေ့ရှောင်လိုက် အနောက်‌ရှောင် လိုက်နဲ့ရှောင်လို့ရတယ်။  အခုကျတော့ စစ်မှုထမ်းဥပဒေထုတ် ပြန်လိုက်တဲ့အခါ တစ်နိုင်ငံ လုံးအတိုင်းအတာအရ လူငယ်တွေရော မိဘတွေ‌ ရော စိတ်ပိုင်းဆိုင်ရာအရထိခိုက်တဲ့အခါ လူငယ်တော်တော်များများက ထိုင်းဘက်ကို အလုံးလိုက် အရင်းလိုက် စစ်ရှောင်နေတဲ့ပုံစံမျိုးပေါ့။

LGBTနဲ့ပတ်သက်ပြီးမှ သူတို့အတွက်ထည့်သွင်းစဉ်းစားထားတာမျိုးမရှိဘူး။ သူတို့ယောကျာ်းလို့သတ်မှတ်နေတဲ့ ယောကျာ်းလိင်အင်္ဂါပါရင်စစ်မှုထမ်းရမယ်။ သူတို့သတ်မှတ်တဲ့အသက်အရွယ်။ သူဘယ်လောက်ပဲ Lesbian ဖြစ်ဖြစ် Gay ဖြစ်ဖြစ် အဲ့လိုမျိုးပေါ့။ သူတို့ကခေါ်မှာပဲ သူတို့ကတော့ LGBT နဲ့ပတ်သက်ပြီးမှာစဉ်းစားပြီးမှ လုပ်ပေးမယ့် အစီစဉ်မရှိဘူး။ အဲ့အခါကျွန်မအနေနဲ့ဆို ကျွန်မကိုဖမ်းခေါ်သွားတယ်ဆို စိုးရိမ်မှုက အများကြီး ရှိတယ်။ အခက်အ ခဲတွေလည်းအများကြီးရှိတယ်။ သူတို့အနေနဲ့ ဒီအမျိုးသမီးစစ်မှုထမ်းဖို့ခေါ်တယ်ဆို သူ့အတွက် ဘာလုံခြုံ ရေးတွေ စီစဉ်ထားလဲ။ သူတို့ အမျိုးသမီးတွေအတွက်ပဲဖြစ်ဖြစ် တခြားလိင်စိတ်ခံယူ မှုကွဲပြားသူတွေအတွက် ဘာအစီအစဉ်တွေလုပ်ထားလဲ။ ဘယ်လောက်အထိသူတို့ အကာအကွယ်ပေး နိုင်လဲဆို တဲ့ဟာမျိုး ဘယ်လောက် အထိသူတို့ အမျိုးသမီးအပေါ် အကြမ်းမဖက်ပါဘူး။ လိင်ပိုင်းဆိုင်ရာ မစော်ကားပါဘူးဆိုတဲ့ အာမခံချက် ဘယ်လောက် ပေးနိုင်လဲ။ စစ်ကောင်စီရဲ့  စစ်တပ်ဟာ အများအမြင်မှာဆို မုဒိမ်းစစ်တပ်လို့ပြောကြတယ်။ သူတို့ရဲ့ တပ်သားတွေက အမျိုးသမီးတွေကိုဝိုင်းပြီး မုဒိမ်းကျင့်ပြီးသတ်ဖြတ်လိုက်တဲ့ဖြစ်စဉ် တွေအများကြီးရှိတယ်။ အမျိုး သမီးတွေပဲ ဖြစ်ဖြစ် LGBTတွေပဲဖြစ်ဖြစ် သူတို့ကသာ အတင်းအဓမ္မခေါ်သွားမယ်ဆိုရင် ဘယ်လောက်အထိတောင် ဆိုးရွားလိုက်မလဲဆိုတာမျိုး အခုဆိုတရားဝင်ကို အမျိုးသမီးအပေါ် အကြမ်းဖက်ဖို့အတွက် ထုတ်ပြန် လိုက်တယ်လို့ ခံစားရတယ်။

Author:

Related Articles