Home ဆောင်းပါး သတင်းဆောင်းပါး
Category:

သတင်းဆောင်းပါး

သတင်းဆောင်းပါး

  • “ဆေးစစ်ဆေးချက်တွေအားလုံး အောင်မြင်သွားပြီးတော့ နောက်ဆုံးအနေနဲ့ ကျောက်ကပ်သွေးကြောအားကောင်း၊ မကောင်းကို ဓာတ်မှန်ရိုက်ရမယ်လို့ ဆရာဝန်တွေက ပြောလာပါတယ်။ အဲ့ဒီဓာတ်မှန်ရိုက်ဖို့အတွက် ဆေးသုံးလုံးထိုးရမယ်။ ဆေးထိုးချိန်မှာ အခန့်မသင့်ရင် ရှော့ခ် ဖြစ်ပြီးတော့ သေသွားနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကျမက အဲဒီဆေးစစ်ချက်ကို ပြုလုပ်နိုင်ဖို့အတွက် ဆရာဝန်တွေဆီမှာ ဝန်ခံလက်မှတ်ထိုးပြီးတော့ စစ်ဆေးချက်ခံယူခဲ့ပါတယ် ”

  • “အဲ့ဒီနေ့ သပိတ်ဖြိုခွဲခံရတုန်းက ပြေးကြရတယ်။ အမေက လွတ်တယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက အမျိုးသမီးတွေ အများကြီး ဖမ်းမိတယ်။ အဲ့အချိန်မှာ အမေက နာမည်ထွက်ထားပြီး လိုက်နေတာကြတာ ဆိုတော့ အမေ့ကို ဖမ်းချင်နေမှန်း အမေလည်းသိတယ်။ အမျိုးသမီးတွေအများကြီး ဓားစာခံဖြစ်သွားမှာစိုးလို့ အမေက ကျန်တဲ့သူတွေကို လွှတ်ပေးလိုက်ပါဆိုပြီး ကားပေါ်ကနေတခါတည်းဆွဲချပြီးတော့ သူ့ကိုဖမ်းချင်ရင် ဖမ်းသွားပါဆိုပြီး လိုက်သွားတယ်”

  • “ဒီအချိန်က ဘဝအတွက်ကြိုးစားနေရမယ့်အချိန်လေ၊ ဒီအချိန်မှာ ဒီလိုထွက်ပြေးနေရတာ၊ တချို့ဆိုအိမ်ကို တစ်သက်လုံးပြန်မလာနိုင်တော့ဘူး။ လူငယ်တွေရဲ့ အနာဂတ်ပျောက်ကုန်ပြီ၊ တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရတယ်၊ အာဏာရှင်နဲ့ လက်ပါးစေတွေကို နာကျည်းမုန်းတီးတယ်”

  • “ ကျနော်အနေနဲ့ တောက်လျောက် လူ့အခွင့်အရေးကိစ္စ လုပ်ဆောင်ခဲ့တယ်။ LGBT အရေးက ကျနော့်လုပ်ဆောင်မှုဖြစ် တယ်။ ဒါပေမယ့် ဝန်ကြီးတာဝန်ထမ်းဆောင်တဲ့အခါမှာတော့ အုပ်စုတစ်စုကိုပဲ ဦးတည်ပြီးတော့ လုပ်လို့မရတော့ဘူး။ ကျနော့်တာဝန်က မြန်မာပြည်မှာရှိတဲ့ လူသားတိုင်းတန်းတူရရှိဖို့ လူသားတိုင်းအားလုံးကို ကာကွယ်ပေးနိုင်ဖို့ဖြစ်တယ်”

  • “အမက ကိုယ်ဖြစ်တည်မူနဲ့ လွတ်လွတ်လပ်လပ်နေချင်တော့ နေစရာမရှိလည်း စိတ်ချလက်ချနဲ့ အိမ်ပေါ်ကနေ ဆင်းလိုက်တယ်”

  • “ နွေရာသီက ဘယ်လောက်ပဲပူပူ မြေပြင်မှာ နေလို့အဆင်ပြေပါတယ်။ မိုးရွာရင်တော့မခိုင်ခန့်တဲ့ ဒီအိမ်လေးတွေပေါ်မှာ နေတဲ့သူတွေအားလုံးက ပြိုကျမှာကို စိုးရိမ်ကြတယ်”

  • “ကျမတို့နဲ့ ကလေးတွေပြေးလာတာ။ ယောကျ်ားက ရွာမှာကျန်ခဲ့တယ်။ လမ်းတလျှောက်လုံး နေပူထဲ အရိပ်ကမရှိ၊ ရေကရှားတော့ ချွေတာသောက်ရတယ်။ ဒီထဲသစ်ကိုင်းခြောက်တွေထဲက ဖြတ်လာရတော့ တကိုယ်လုံးမှာလည်း ခြစ်ရာ တွေချည်းပဲ။ ချွေးနဲ့ဆိုတော့ စပ်တာပေါ့။”

  • “ တရုတ်နိုင်ငံက ပြန်ရောက်လာတော့ ကိုဗစ်-၁၉ ရောဂါပျံ့ပွားစပေါ့… အလုပ်အကိုင်တွေ သိပ်ကို ရှားပါးနေတဲ့အချိန်မှာ ကျွန်မ အမှိုက်ကွင်းထဲကိုသွားပြီးတော့ ပလပ်စတစ်ဗူးခွံတွေလိုက်ကောက်ပြီး ရောင်း တယ်။ ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းပါတယ်၊ မရှက်တော့ပါဘူး…စားဝတ်နေရေးနဲ့ ကလေးတွေ စရိတ်က ကျွန်မအတွက် အရေးကြီးလာပါတယ်”

  • “ကျမ အမေအပါအဝင် အခြားသော မိခင်အားလုံးကိုလည်း ဂုဏ်ပြုပါတယ်။ ကျမတို့ နိုင်ငံမှာ ကျမတို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်နိုင်ပြီ စစ်အာဏာရှင်တွေ ပျက်သုဉ်းသွားပြီဆိုတဲ့ရလဒ်ကို မိခင်များနေ့အထိမ်းအမှတ်အနေနဲ့ အဲ့လက်ဆောင်ကို တကယ်ပေးချင်ခဲ့တယ်။ ဒီနှစ်မှာမပေးနိုင်ဘူးဆိုရင်တောင်မှ တနေ့နေ့မှာ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”