သတင်းဆောင်းပါး

အနာဂါတ်တွေဝေဝါးနေဆဲ ရန်ကုန်ရောက် ပလက်၀ စစ်ရှောင်တွေ

" အခုချိန်အလိုအပ်ဆုံးက စားနပ်ရိက္ခာပေါ့၊ အလုပ်အကိုင်လည်းမရှိတော့ ပိုခက်ခဲကြတယ်။ အလုပ်အကိုင်လည်း ခေါ်တဲ့ဟာမရှိတော့ရေရှည်အတွက်တော့ ဘာမှအစီအစဉ်မရှိဘူးဖြစ်နေတယ်"

စစ်အာဏာသိမ်းမှုကြောင့် မလုံခြုံမှုရတဲ့ အမျိုးသမီးတွေရဲ့ဘဝ

“ စစ်အာဏာသိမ်းပြီးနောက်ပိုင်းလူတိုင်းဘဝ မလုံခြုံတော့ပါဘူး။ အမျိုးသမီးတွေဆိုတာ ခန္ဓာဗေဒအရရယ်၊ လူ့အသိုင်း အဝိုင်း အမြင်အစွဲတွေအရ ပိုပြီး ထိခိုက်နိုင်တဲ့သူတွေဖြစ်တဲ့အခါ မလုံခြုံမှုအန္တရာယ်ပိုခံစားရတယ်”

တိုင်းရင်းသားစာပေသင် နေ့စားပညာရေးဝန်ထမ်းတွေရဲ့ဒုက္ခ

“ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနဲ့ စစ်တပ်အာသိမ်းမှုကြောင့် ပြည်သူအများစုမှာ အဆင်မပြေဖြစ်နေကြသလို တိုင်းရင်းသား ဘာသာသင်တဲ့ ဆရာ၊ဆရာမတွေမှာလည်း စားဝတ်နေရေး အခက်အခဲတွေရှိနေတဲ့အတွက် ရသင့်ရထိုက် တဲ့ အခွင့်အရေးကို ပေးစေချင်တယ်”

“တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဘေး၊ ကပ်ဘေး ကင်းပြီး ငြိမ်းချမ်းစေချင်တယ်”

“ဆန်က ထမင်းပဲချက်လို့ရတော့ တောထဲ ရှာလို့ဖွေလို့ရရင် ဟင်းနဲ့စားရတာပေါ့။ ရှာလို့မရရင်တော့ ဆန်ပြုတ်ပြုတ်သောက်တာများတယ်။ ဆန်လည်း ချွေတာရင်းပေါ့။ အိမ်လည်းမပြန်နိုင်သေးဘူးဆိုတော့ ဘယ်တော့များမှ ဒီလိုအခြေအနေဆိုးကနေ လွတ်မလဲမသိပါဘူး”

ကိုဗစ်နဲ့လက်ရှိနိုင်ငံရေးရိုက်ခတ်မှုအောက်က စက်ရုံအလုပ်သမတွေ

“တချို့စက်ရုံတွေဆိုလည်း သုံးလပိတ်မယ်။ နေ့စားခ (Dayကြေး) ပေးထားမယ်ဆိုတာတွေရှိတယ်။ တချို့ဆိုလည်း ပိတ်တယ် မပေးဘူးဆိုတာတွေလည်းရှိတယ်။ ဘာမှမပေးဘူး ပိတ်လိုက်တယ်ဆိုတာမျိုးတွေလည်းကြားရတယ်။ ပိတ်ရင်း ပိတ်ရင်းနဲ့အရှည်ဆွဲဆန့်ပြီးတော့ လျော်ကြေးလည်းမပေးဘဲ အပြီးပိတ်လိုက်တဲ့စက်ရုံတွေလည်းရှိတယ်”

မြို့ပြစစ်ဘေးအတွက် ရတက်မအေးကြရသူတွေ

" တိုက်ပွဲတွေက ဖြစ်လာမှာပဲဆိုပြီး စားစရာတွေ အရေးကြီး ပစ္စည်းပစ္စယတွေ ပြင်ဆင်ထားပေမယ့်၊ ဘယ်လိုနည်းလမ်းနဲ့ ရောက်လာမှာလဲ ကိုယ်တွေကရောဘယ်လို နေထိုင်ရမလဲ၊ ပြင်ဆင်ထားတဲ့ဟာတွေကရော တကယ်ကြုံလာရင် အသုံးဝင် မလားဆိုတာမသိဘူး"

မြွေပူရာ ကင်းမှောင့်နေရတဲ့ အိမ်လွမ်းသူတို့ရဲ့ ခရီးကြမ်း

မသီရိအဖို့ရွေးချယ်စရာအခြားမရှိပြီမို့ ခက်ခဲပင်ပန်းမယ်မှန်းသိလျက်နဲ့ ဆူးညောင့် လျှိုမြောင်တွေ တင်းကြပ်ပြည့်နေတဲ့ တောလမ်းခရီးကို အားတင်းပြီး ရှေ့ဆက်ရပါတယ်။ လမ်းခရီးကြမ်းတာကြောင့် စိတ်ဓာတ် ကျအားငယ်ကာ လက်လျှော့ လိုက်ရတော့မလားဆိုတဲ့အတွေးတွေ ခဏခဏဝင်ဝင်လာပေမယ့် သူအဖြစ်ချင်ဆုံး မျှော်လင့်ချက်လေး တစ်ခုကတော့ "သားလေးနဲ့ အမြန်ဆုံးပြန်တွေ့ခွင့်ရချင်တယ်" ဆိုတာပါပဲ။

ရေမြေခြားက နွေဦးတော်လှန်ရေးရဲ့ အမျိုးသမီးများ

“ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ပြန်လည်ရရှိရေးကို တတ်နိုင်သမျှ ကိုယ်ပိုင်ကိုယ်စွမ်းရှိသလောက်ပါဝင်မှသာ လိပ်ပြာလုံမယ်ဆိုတဲ့စိတ် အစထဲကရှိခဲ့တယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာတစ်ယောက်အနေနဲ့ ဒီမတရားမှုကြီးနဲ့ ပတ် သက်ပြီး လုပ်နိုင်တာတွေအများကြီးရှိမယ်လည်းယုံကြည်ခဲ့တယ်”

“သုံးလတာ ရိက္ခာရပ်ဆိုင်းခဲ့ရသော ရခိုင်အိုင်ဒီပီစခန်းများက အစာအိမ်ပိုင်ရှင်များ”

“စားသောက်ရေးဘယ်လောက်ခက်ခဲလဲဆိုတာကို ကျမတို့မီးဖိုချောင်ကို ကြည့်ရင်သိပါတယ်၊ စခန်းထဲကလူတွေ ခူးတာများလို့ တစ်ပင်တည်းရှိတဲ့ ဒန့်သလွန်ပင်တောင် အရွက်မထွက်တော့ဘူး”

“အာဏာသိမ်းမှုက အမျိုးသမီးအခွင့်အရေးများကိုပါဖျက်ဆီးပစ်ခဲ့သည်”

အကယ်၍များ အာဏာမသိမ်းခဲ့ပါက လွှတ်တော်ထဲတွင်ဆွေးနွေးနေမည့် အကြောင်းအရာများထဲတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ အကာအကွယ်ပေးမည့် PoVAW ဥပဒေမူကြမ်းလည်းပါဝင်မည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် အာဏာသိမ်းမှုက အမျိုးသမီးအဖွဲ့များ ၂၀၁၃ ကစပြီး ရှစ်နှစ်ကြာကြိုးစားခဲ့သည့် အဆိုပါဥပဒေမူကြမ်း ပြဌာန်းရေးအတွက် မရေမရာဖြစ်စေခဲ့သည်။ တခြားတစ်ဖက်တွင်လည်း ကိုဗစ်ကြောင့် မြင့်တက်လာသည့် အိမ်တွင်းအကြမ်းဖက်မှု၊ ကိုဗစ်ကြောင့် ကြန့်ကြာနေသည့် တရားစီရင်ရေးများအကြား အမျိုးသမီးများ၏အခွင့်အရေးဆုံးရှုံးမှုများလည်းကြုံနေကြရသည်။ ကံဆိုးသည်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများသည်လည်း အဖမ်းအဆီးများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသဖြင့် အမျိုးသမီးအခွင့်အရေးနစ်နာမှုများကို တရားမျှတမှုရှာဖွေရန် ခက်ခဲသည်ထက်ခက်ခဲလာပြန်သည်။