Home Author
Author

Administrator

  • “ တရုတ်နိုင်ငံက ပြန်ရောက်လာတော့ ကိုဗစ်-၁၉ ရောဂါပျံ့ပွားစပေါ့… အလုပ်အကိုင်တွေ သိပ်ကို ရှားပါးနေတဲ့အချိန်မှာ ကျွန်မ အမှိုက်ကွင်းထဲကိုသွားပြီးတော့ ပလပ်စတစ်ဗူးခွံတွေလိုက်ကောက်ပြီး ရောင်း တယ်။ ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းပါတယ်၊ မရှက်တော့ပါဘူး…စားဝတ်နေရေးနဲ့ ကလေးတွေ စရိတ်က ကျွန်မအတွက် အရေးကြီးလာပါတယ်”

  • “ကျမ အမေအပါအဝင် အခြားသော မိခင်အားလုံးကိုလည်း ဂုဏ်ပြုပါတယ်။ ကျမတို့ နိုင်ငံမှာ ကျမတို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်နိုင်ပြီ စစ်အာဏာရှင်တွေ ပျက်သုဉ်းသွားပြီဆိုတဲ့ရလဒ်ကို မိခင်များနေ့အထိမ်းအမှတ်အနေနဲ့ အဲ့လက်ဆောင်ကို တကယ်ပေးချင်ခဲ့တယ်။ ဒီနှစ်မှာမပေးနိုင်ဘူးဆိုရင်တောင်မှ တနေ့နေ့မှာ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

  • “ကျမကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ကိုယ်ဝန်ဆောင်နေချိန်ဆိုတာ ဘုန်းနိမ့်နေတဲ့အချိန်၊ ခွေးထီးပေါ်ကတောင် ကျော်မသွားကောင်းဘူး စသဖြင့်ပြောဆိုခဲ့ကြပေမယ့် ကျမဗိုက်ထဲကကလေးဟာ သားယောက်ျားလေးဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ ကျမဟာ နေ့ချင်းညချင်း ဘုန်းကံမြင့်သူ ဖြစ်သွားရပြန်ပါတယ်”

  • “အမေအစားရောစားရရဲ့လား။ အိပ်ရောအိပ်ရရဲ့လား။ သူတို့ဘာတွေများညှင်းပန်းနှိပ်စက်နေမလဲ။ အမေကကျန်းမာရေး လည်းမကောင်းတဲ့အခါကျတော့ အမြဲတမ်းခေါင်းထဲမှာ ဒါကြီးကဝင်ဝင်လာတယ်။ အမေ့အတွက် ဝမ်းနည်းတယ် စိုးရိမ်တယ်”

  • ” ကျွန်မတောင်ဒီလောက်ခံစားရရင် သူတို့မှာအိမ်ပြန်မလာနိုင်တော့တဲ့ ကလေးတွေကို ဘယ်လောက်လွမ်းဆွတ် နေကြ မလဲ၊ သူတို့အနာဂတ်အတွက် သူတို့အသက်နဲ့ တိုက်ပွဲဝင်ခဲ့တာ လေးစားတယ်၊ ဂုဏ်ယူတယ်၊ တစ်ခုပဲ သမီးကျန်းကျန်း မာမာရှိဖို့ပဲဆုတောင်းတယ်”

  • “အမေတို့ကလည်း (၈၈)တုန်းက တက်တက်ကြွကြွနဲ့ပါဝင်ခဲ့ကြတဲ့ သူတွေဆိုတော့ ကိုယ်တွေ နိုင်ငံရေးလုပ်တာကိုနားလည်တယ်။အပစ်အခတ်တွေ ကြမ်းကြမ်းတမ်းတမ်းမရှိခင်တုန်းကဆိုရင် မနက်ဆန္ဒထွက်ပြမယ်ဆိုရင် အမေက အဝတ်အစားပြင်ဆင်ပေးတာက အစစီစဉ်ပေးတယ်။ ဆောင်ရရှောင်ရမှာတွေကို အမေကပြောပြပေးတယ်။ အမေနဲ့ပြန်တွေ့ရင် အလုပ်ချင်ဆုံးအရာကတော့ အမေနဲ့အတူတူ အေးအေးချမ်းချမ်းနဲ့ ခရီးသွားချင်တယ်။ ” (ကိုသွေးသစ် )

  • မိခင်တွေဟာ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ သူတို့ရဲ့သားသမီးတွေ ရဲဝံ့စွာပါဝင် လျှောက်လှမ်းနေတဲ့အပေါ် မှန်ကန် သင့်လျော်တာမို့ တစ်စက်မှမတားမြစ်ခဲ့ကြပါဘူး။ တိုက်ပွဲဝင်မယ့် သားသမီးတွေအတွက် တတ်နိုင်သမျှ ကူညီပေးရင်း နေအိမ်မှာကျန်ခဲ့တဲ့ မိခင်တွေဟာ သူတို့သားသမီးတွေ ဘေးမသီရန်မခဖို့ ဆုတောင်းရင်း အိမ်ပြန်လာမယ့် သားသမီးတွေ ကို ရင်ထဲက အပူမီးတွေနဲ့ စောင့်မျှော်နေခဲ့ကြတယ်။

  • “သူတို့သွားရင် စိုးရိမ်လို့ သတိထားနော်..သား…လို့ ပြောရတာ အားရှိလိုက်တာ။ စစ်သူကြီးတယောက် စစ်ထွက်သွားရသလိုကို ဂုဏ်ယူတာ။ တော်လှန်ရေးမှာ ကိုယ့်သားမပါတော့ပေမယ့် ကလေးတွေ ကိုယ့်သားလို ဖြစ်မှာစိုးရိမ်တယ်။ သူတို့တွေ အခုလို အသက်ပေးပြီး လုပ်သွားရတဲ့အတွက် ဒီတော်လှန်ရေးကြီးကို အောင်မြင်စေချင်တယ်။”

  • “ငယ်ငယ်က အားကိုးတကြီး ဖက်တွယ်ခဲ့ရတဲ့ အမေ့လက်မောင်းတွေက ဒီအချိန်မှာ ပျော့တွဲလာနေပြီ။ သွက်လက်စွာ လှုပ်ရှားတတ်တဲ့ အမေဟာ ခုချိန်မှာတော့ လူပ်ရှားမူတွေ နှေးကွေးလာတယ်။ ရောဂါဒဏ်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး။ ဒါပေမယ့် သားသမီးတွေအပေါ် ကောင်းစေချင်စိတ် ပူပန်စိတ်ကတော့ တရွေးသားမှ လျော့ကျမသွားဘူး။”

  • “အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာဖော်ပြတဲ့ ပုံသုံးခွင့်မပြု၊ LGBT & disable တွေ၊ တိုင်းရင်းသားတွေကို ထိပါး စော်ကား ခွဲခြားတာတွေ ဖော်ပြခွင့်မပြုတာတို့လိုပါတယ်။ ဒါမျိုးဆွဲတာ လက်မခံပါ ဘာကြောင့် လက်မခံနိုင် တာဆိုတဲ့ အဖြေကိုပါ သေချာပြောပြရမှာဖြစ်ပါတယ်”