The moment of “Mother’s Day” in Myanmar
Anyhow, most of mothers in the country did not ask their daughter to stop participation in the anti-coup strikes and activities because the mothers believe that the thing of what their daughter doing is right.
This author has not written his bio yet.
But we are proud to say that Administrator contributed 771 entries already.
Anyhow, most of mothers in the country did not ask their daughter to stop participation in the anti-coup strikes and activities because the mothers believe that the thing of what their daughter doing is right.
“ နွေရာသီက ဘယ်လောက်ပဲပူပူ မြေပြင်မှာ နေလို့အဆင်ပြေပါတယ်။ မိုးရွာရင်တော့မခိုင်ခန့်တဲ့ ဒီအိမ်လေးတွေပေါ်မှာ နေတဲ့သူတွေအားလုံးက ပြိုကျမှာကို စိုးရိမ်ကြတယ်”
“ကျမတို့နဲ့ ကလေးတွေပြေးလာတာ။ ယောကျ်ားက ရွာမှာကျန်ခဲ့တယ်။ လမ်းတလျှောက်လုံး နေပူထဲ အရိပ်ကမရှိ၊ ရေကရှားတော့ ချွေတာသောက်ရတယ်။ ဒီထဲသစ်ကိုင်းခြောက်တွေထဲက ဖြတ်လာရတော့ တကိုယ်လုံးမှာလည်း ခြစ်ရာ တွေချည်းပဲ။ ချွေးနဲ့ဆိုတော့ စပ်တာပေါ့။”
“ တရုတ်နိုင်ငံက ပြန်ရောက်လာတော့ ကိုဗစ်-၁၉ ရောဂါပျံ့ပွားစပေါ့… အလုပ်အကိုင်တွေ သိပ်ကို ရှားပါးနေတဲ့အချိန်မှာ ကျွန်မ အမှိုက်ကွင်းထဲကိုသွားပြီးတော့ ပလပ်စတစ်ဗူးခွံတွေလိုက်ကောက်ပြီး ရောင်း တယ်။ ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းပါတယ်၊ မရှက်တော့ပါဘူး…စားဝတ်နေရေးနဲ့ ကလေးတွေ စရိတ်က ကျွန်မအတွက် အရေးကြီးလာပါတယ်”
“ကျမ အမေအပါအဝင် အခြားသော မိခင်အားလုံးကိုလည်း ဂုဏ်ပြုပါတယ်။ ကျမတို့ နိုင်ငံမှာ ကျမတို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်နိုင်ပြီ စစ်အာဏာရှင်တွေ ပျက်သုဉ်းသွားပြီဆိုတဲ့ရလဒ်ကို မိခင်များနေ့အထိမ်းအမှတ်အနေနဲ့ အဲ့လက်ဆောင်ကို တကယ်ပေးချင်ခဲ့တယ်။ ဒီနှစ်မှာမပေးနိုင်ဘူးဆိုရင်တောင်မှ တနေ့နေ့မှာ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“ကျမကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ကိုယ်ဝန်ဆောင်နေချိန်ဆိုတာ ဘုန်းနိမ့်နေတဲ့အချိန်၊ ခွေးထီးပေါ်ကတောင် ကျော်မသွားကောင်းဘူး စသဖြင့်ပြောဆိုခဲ့ကြပေမယ့် ကျမဗိုက်ထဲကကလေးဟာ သားယောက်ျားလေးဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ ကျမဟာ နေ့ချင်းညချင်း ဘုန်းကံမြင့်သူ ဖြစ်သွားရပြန်ပါတယ်”
“အမေအစားရောစားရရဲ့လား။ အိပ်ရောအိပ်ရရဲ့လား။ သူတို့ဘာတွေများညှင်းပန်းနှိပ်စက်နေမလဲ။ အမေကကျန်းမာရေး လည်းမကောင်းတဲ့အခါကျတော့ အမြဲတမ်းခေါင်းထဲမှာ ဒါကြီးကဝင်ဝင်လာတယ်။ အမေ့အတွက် ဝမ်းနည်းတယ် စိုးရိမ်တယ်”
” ကျွန်မတောင်ဒီလောက်ခံစားရရင် သူတို့မှာအိမ်ပြန်မလာနိုင်တော့တဲ့ ကလေးတွေကို ဘယ်လောက်လွမ်းဆွတ် နေကြ မလဲ၊ သူတို့အနာဂတ်အတွက် သူတို့အသက်နဲ့ တိုက်ပွဲဝင်ခဲ့တာ လေးစားတယ်၊ ဂုဏ်ယူတယ်၊ တစ်ခုပဲ သမီးကျန်းကျန်း မာမာရှိဖို့ပဲဆုတောင်းတယ်”
“အမေတို့ကလည်း (၈၈)တုန်းက တက်တက်ကြွကြွနဲ့ပါဝင်ခဲ့ကြတဲ့ သူတွေဆိုတော့ ကိုယ်တွေ နိုင်ငံရေးလုပ်တာကိုနားလည်တယ်။အပစ်အခတ်တွေ ကြမ်းကြမ်းတမ်းတမ်းမရှိခင်တုန်းကဆိုရင် မနက်ဆန္ဒထွက်ပြမယ်ဆိုရင် အမေက အဝတ်အစားပြင်ဆင်ပေးတာက အစစီစဉ်ပေးတယ်။ ဆောင်ရရှောင်ရမှာတွေကို အမေကပြောပြပေးတယ်။ အမေနဲ့ပြန်တွေ့ရင် အလုပ်ချင်ဆုံးအရာကတော့ အမေနဲ့အတူတူ အေးအေးချမ်းချမ်းနဲ့ ခရီးသွားချင်တယ်။ ” (ကိုသွေးသစ် )
မိခင်တွေဟာ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ သူတို့ရဲ့သားသမီးတွေ ရဲဝံ့စွာပါဝင် လျှောက်လှမ်းနေတဲ့အပေါ် မှန်ကန် သင့်လျော်တာမို့ တစ်စက်မှမတားမြစ်ခဲ့ကြပါဘူး။ တိုက်ပွဲဝင်မယ့် သားသမီးတွေအတွက် တတ်နိုင်သမျှ ကူညီပေးရင်း နေအိမ်မှာကျန်ခဲ့တဲ့ မိခင်တွေဟာ သူတို့သားသမီးတွေ ဘေးမသီရန်မခဖို့ ဆုတောင်းရင်း အိမ်ပြန်လာမယ့် သားသမီးတွေ ကို ရင်ထဲက အပူမီးတွေနဲ့ စောင့်မျှော်နေခဲ့ကြတယ်။

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။