“ အမှုလေးပြောင်းပြီးတော့ ပြစ်ဒဏ်လောက်ဆိုရင် မျှော်လင့်ချက်ရှိတယ်။ မိသားစုကိုးခုလုံးကို ပြောချင်တာက ကိုယ့်သား သမီးတွေအတွက် သတ္တိရှိရှိ အားတင်းထားကြပါ။ ကျွန်မလည်း တောင့်ခံပြီး သားတွေကို စောင့်မယ်”
Administrator
-
-
“ ကျမကတော့ Non- CDM ပြန်လုပ်ဖို့ တစက်မှ မတွေးဘူး။ ကျမတို့ ဘက်ဆိုရင် တိုင်းရင်းသားအချင်းချင်း စစ်ရေးရော၊ စစ်အာဏာသိမ်းရော ရှုပ်ထွေးနေတာ။ ဟင်းရွက်ပဲရောင်းပြီးစားရ စားရ ဆက်ပြီး လုပ်သွားမယ်”
-
” စစ်ဘေးရှောင်သူတွေထဲ မိုးဒဏ်လေဒဏ်မခံနိုင်လို့ဆုံးသွားတဲ့ ကလေးတွေရှိတယ်။ ဒါက လိုင်းပေါ်တက်လာလို့သာ လူတွေသိကြတာ၊ လူတွေမသိဘဲ ပြေးရင်းလွှားရင်း သေဆုံးတဲ့ဖြစ်စဉ်တွေလည်းရှိတယ်။ ကိုးရက်သားကလေးဆို မွေးတာ မကြာသေးဘူး။ သူတို့ပြေးတဲ့ရက်က မိုးကြီးနေတာ မိုးဒဏ်လေဒဏ်မခံနိုင်လို့ဆုံးသွားတာ”
-
“အခုအခြေအနေကြောင့် သွားရေးလာရေးကအစ မသန်စွမ်းအမျိုးသမီးတွေအတွက် ပိုပြီးလုံခြုံမှုမရှိဘူး။ သာမာန်အချိန်တောင်မှ အဆင်မပြေတဲ့သူတွေအတွက် အခုအချိန်မှာပိုဆိုးသွားတယ်”
-
“ရေခပ်တဲ့နေရာက သုံးဖာလုံလောက်ဝေးတယ်။ တစ်ကြိမ်မှာ ရေဗူး ၁၀ လုံးကျော်တင်ပြီး တွန်းနိုင်တယ်။ ရေတစ်ဗူးကို ငါးရာဆိုတော့ တစ်ခေါက်ကို ငွေငါးထောင်ရတယ်။ ဒါပေမယ့်ရာသီဥတု အရမ်းပူတဲ့အချိန်ကျရင် တော့ နဖူးကချွေး ခြေမထိကျတယ်”
-
“ ခြံသွားတဲ့လမ်းမှာ အိတ်အမဲတွေ့ရင် ရှောင်ရတာနဲ့ သစ်ကိုင်းကျိုးတောင် မနင်းရဲဘူး။ လမ်းကိုပဲ အာရုံစိုက်ပြီး သွားနေ ရတယ်။ ခေါင်းတောင်မဖော်ရဲဘူး။ နင်းမိမှာအရမ်းကြောက်တယ်။ သစ်ရွက်ခြောက် မြင်တာတောင် မနင်းရဲဘူး။ လုံခြုံတယ် လို့ မခံစားရဘူး”
-
“ သူမြင်ချင်တဲ့ အနာဂတ်မြန်မာပြည်ကို ထူထောင်နိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်တဲ့သူ၊ သူ့လိုမျိုး စွမ်းရည်ရှိတဲ့ မျိုးဆက်သစ် အမျိုးသမီးတွေနဲ့အတူ လက်တွဲလုပ်ဆောင်နိုင်တဲ့သူဖြစ်ဖို့ မျှော်လင့်ပါတယ်” (ဦးအောင်မျိုးမင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)
-
“ကျွန်မက ကိုယ်ဝန်နဲ့မို့ အခုက အလုပ်ရှာလို့လည်း မရသေးဘူး။ သားအမိနှစ်ယောက် အဆင်ပြေသလို ဒီလိုပဲ ရှာဖွေ စားသောက်ရမှာပေါ့။ ကျမကလေးတွေကိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံးပျိုးထောင်သွားမှာပါ။ သူတို့က တနေ့မှာ လူတွေကို ကောင်းကျိုးပေးတဲ့သူတွေ ဖြစ်စေရမယ်”
-
“အမျိုးသမီးတွေက အဲ့နေ့မှာ နှုတ်ခမ်းနီဆိုးပြီး အမှန်တရားကိုပြောမယ်။ အာဏာရူးကိုပုန်ကန်မယ်ဆိုတဲ့အမြင်ပေါ့ ၊အယူ အဆ၊ လွတ်လပ်စွာပြောဆိုမှုကို နှုတ်ခမ်းနီနဲ့ ပုံပမာပြုလို့ ကျမတို့မျိုးဆက်တွေ နိုင်ငံတကာကိုလည်းဒီလှုပ်ရှားမှုနဲ့ အသိပညာမြင့်မယ်။”
-
“ အဘွားက အသက်ကြီးပါပြီ။ မသေမပျောက်ခင် အချိန်ကလေးမှာ ဇာတိကျေးရွာကလေးကို သွားချင်ပါတယ်။ ရွာအနီးမှာရှိတဲ့ သုံးဆယ့်တစ်ဘုံဘုရားကြီးကို ဖူးမြော်ခွင့်ရချင်တယ်။ ပြီးတော့ အဘွားမှာ စုဆောင်းထားတဲ့ ငွေစကလေးတွေကို ဘုရားမှာ လှူဒါန်းချင်တယ်…”