Home Author
Author

Administrator

  • “ အရင်တုန်းကလူတွေလည်းစီးပွားရေး မကျပ်တည်းကြတဲ့အခါကျတော့ လုပ်ငန်းတွေကအဆင်ပြေကြတဲ့အတွက် PPE တွေ Mark တွေလိုအပ်ရင်လည်းလာထောက်ပံ့ကြတယ်။ အခုက မလှူနိုင်ကြဘူး ရောဂါအကူးခံပြီးလုပ်နေရတဲ့သဘော။ အခုကစိတ်ပိုပင်ပန်းတယ်။ ဘာကြောင့်ပိုပင်ပန်းတာလဲဆိုတော့ လူတိုင်းကိုမကယ်နိုင်တော့ဘူး။”

  • “အစကတော့ ပင်ပန်းလွန်းလို့၊ မိသားစုအတွက် စိုးရိမ်လွန်းလို့ အလုပ်ထွက်မယ် နားမယ်လို့ တွေးပေမယ့် သတင်းထောက်မှန်းသိနေတာဆိုတော့ မထူးဘူးလေ။ ကိုယ့်ပြည်နယ်အတွက် သတင်းအမှန်တွေ စီးဆင်းနိုင်ဖို့၊ ကိုယ့်ပြည်နယ် အတွင်းမှာ ဖြစ်ပျက်နေတာတွေကို တခြားသူတွေသိရှိနိုင်ဖို့ ဆိုတဲ့စိတ်က ပိုပြီးပြင်းထန်လာတယ်။ ဒီအချိန်မှာကသတင်းအချက်အလက်အမှန်တွေ စီးဆင်းနိုင်ဖို့၊ လက်လှမ်းမီသလောက်ကို ကိုယ့်လူထုတွေအတွက် ဖော်ထုတ်သွားမယ်ဆိုတဲ့ ခံယူချက်ပိုဖြစ်လာတယ်။”

  • “ခေါင်းတွေမူးပြီး ထတောင်မထနိုင်ပေမယ့် နို့စို့အရွယ်သားလေးရှိနေတော့ ကလေးကိုတော့ နို့ချိုတိုက်ရသေးတယ်။ နို့တိုက်တဲ့အချိန် Mask တပ်ထားတယ်။ ပြောမယ်ဆို ခါတိုင်းလိုတော့ဏခဏ နို့မတိုက်နိုင်တော့ဘူး။ မနက်တစ်ကြိမ် ညတစ်ကြိမ်ပဲ တိုက်တော့တယ်။ နေ့ဘက်တွေ သူ့အဖေကြီးအမေကြီးတွေလက်ထဲ ကလေးကိုအပ်ပြီး အခန်းထဲသီးသန့် နေတယ်။ ညဘက်ရောက်မှ ကလေးကိုအခန်းထဲခေါ်သိပ်တယ်။ အိပ်ချိန်မှာလည်း Maskတပ်ပြီးပဲအိပ်တယ်။”

  • “ဆရာဝန်တွေ CDM လုပ်လို့ ရောဂါကူးစက်နှုန်းများသွားတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီ CDM လုပ်တဲ့ ဆရာဝန်တွေ၊ ပရဟိတ ကူညီရေးအသင်းတွေ၊ အလှူရှင်တွေနဲ့ ဗော်လန်တီယာလေးတွေကို ဘယ်သူတွေက လိုက်ဖမ်းနေတာလဲ။ စစ်တပ်သာလိုက်မဖမ်းခဲ့ရင် CDM လုပ်ရင်း ဆေးကုပေးလို့ရတယ်”

  • “ရှမ်းတပ်(၂)တပ် ဖြစ်လို့ ထွက်ပြေးရတာ ဒီတသက်မှာ တခါမှ မရှိခဲ့ဘူး။ ကျမ ဘာပြောရမှန်းမသိဘူး။ စစ်ရှောင်ရတာ ကိုဗစ်လည်းကြောက်ရ၊ စစ်လည်းကြောက်ရ အရာရာကိုကြောက်နေရတယ်။ အာဏာရှိသူ လက်နက်ရှိသူအနေနဲ့တော့ ဒါတွေကို ပြန်ကြည့်ပြီး စဉ်းစားသင့်တယ် ဒီချိန်စိုက်ပျိုးရာသီချိန် စစ်ပွဲတွေရပ်ပေးပါလို့ပဲ ပြောချင်တယ်။ ”

  • ” ရွာတစ်ရွာမှာဆို သင်ဖို့လုပ်ပြီးတော့မှ စစ်ကြောင်းထိုးလို့ ပြန်ပျက်သွားတယ်။ စစ်ရှောင်စခန်းက တရားဝင်မရှိဘူး။ ခနပြေးလိုက် ပြန်လာလိုက် လာရင်ပြေးလိုက်နဲ့ဆိုတော့ပိုဆိုးတယ်။ အချိန်မရွေးပြေးရမယ့် အနေအထားပေါ့၊ တစ်ရက်စာ သင်ခန်းစာသင်ရရင် အဆင်ပြေတဲ့ ပုံစံမျိုးနဲ့သွားတယ်။ သင်ရတာ မလွယ်ကူဘူး”

  • “ အရင်အမှုတွေတုန်းကဆို စိတ်ခံစားချက်က ဘာမှသိပ်မရှိဘူး၊ လုပ်စရာရှိတာလုပ်တယ်။ သူတို့ရဲ့ရပိုင်ခွင့်တွေကို တောင်းဆိုပေးတယ်ဒီလောက်ပဲ၊ အခုကျ ကိုယ်အမှုလိုက်ပေးလည်းထောင်ကျမယ်ဆိုတာသိနေပေမယ့်လည်း သူတို့တွေ ကို အားတစ်ခုအနေနဲ့ အားမတက်တက်အောင်ပြောပြီးအမှုလိုက်ကြရတာပဲ၊အဖမ်းခံရတဲ့သူတွေ အားရှိအောင် နိုင်တဲ့ ဖက်ကကူညီပေးကြတယ် ဆိုပြီးတော့လှုပ်ရှားနေကြတာပဲ”

  • “ဟိုအရင်တုန်းကဆိုရင်တော့ ကျွန်မတို့ ထုတ်လုပ်လိုက်သမျှ မြေထည်ပစ္စည်းတွေကို မိုးမကျခင် ကုန် အောင် ရောင်းချနိုင်ခဲ့တာပေါ့။ အခု ဒီဖက်နှစ်တွေမှာတော့ ကျွန်မတို့ထုတ်လုပ်လိုက်တဲ့ မြေထည်ပစ္စည်းတွေကို ခါတိုင်းလို ရခိုင်ပြည်နယ်အနှံ့ကို လှည့်လည်ရောင်းချဖို့ အခြေအနေမပေးခဲ့ဘူး။ ဒီတော့ ပစ္စည်းတွေ တင်ကျန် နေတာ တွေရှိပါတယ်။ ကျွန်မတို့လို တပိုင်တနိုင်လုပ်နေကြတဲ့ မြေထည်အိုးဖုတ်လုပ်ငန်းလုပ်ကိုင်သူတွေအ တွက်ကတော့ တစ်နှစ်ထက်တစ်နှစ် စိန်ခေါ်မှု ကြီးမားလာပါတယ်။”

  • ယခင်ချိန်တွေမှာ ပအိုဝ်းကျေးရွာအများစုကတော့ ပအိုဝ်းရိုးရာ အိုးစည်တွေကို အမျိုးသားတွေကသာ အမြဲတီးလေ့ ရှိကြပါတယ်။ အမျိုးသမီးတွေ အဲ့ဒီအိုးစည်ကို တီးရင် ဘုန်းနိမ့်တယ်၊ နတ်မကြိုက်ဘူး၊ အိုးစည် အသံကောင်းကောင်း မထွက်ဘူးဆိုပြီး အယူရှိကြတဲ့အတွက် အမျိုးသမီးတွေကို တီးဖို့ နေနေသာသာ ထိတောင် ပေးမထိ ခဲ့ပါဘူး။

  • သားဦးမိခင်

    by Administrator
    1064 views

    “ကျမတို့ မိခင်တွေဟာ အဲဒီလို အယူလွဲနေတဲ့ ရှေးရိုးယုံကြည်မှုတွေထဲကနေ ရုန်းထွက်ပြီး၊ တော်သင့်မှန်ကန်တဲ့ နည်းလမ်း တွေကိုသာ လက်တွေ့အသုံးချဖို့လိုအပ်ပါတယ်။”