Home ဓါတ်ပုံ အက်ဆေး “ပအိုဝ်းရိုးရာ ပအိုဝ်းအမျိုးသမီးများရဲ့ လှုပ်ရှားမူ ပုံရိပ်များ “

“ပအိုဝ်းရိုးရာ ပအိုဝ်းအမျိုးသမီးများရဲ့ လှုပ်ရှားမူ ပုံရိပ်များ “

ကြည်ဖြူ။ ။

တောင်ကြီးမြို့နယ်၊ ထီရီးရွာက အမွိုးတို့ အဖွဲ့ ပအိုဝ်းရိုးရာ အကြော်ကို အုပ်စုဖြင့် ကြော်စားကြပါတယ်။ အကြော် ကြော်ဖို့ရာ ပါဝင်ပစ္စည်းတွေကတော့ ဆန်စိမ်းမှုန့်၊ စနွင်းမုန့်၊ ဆူကာသီး၊ ဆား စသည့် ပစ္စည်းများဖြင့် ရောပြီးနယ်ကာ ဒယ်ပြားဖြင့် အကြော် လုပ်စားလေ့ရှိပါတယ်။

ဒီလို အကြော် ကြော်ပြီဆိုရင် အိမ်နီးနားက ပတ်ဝန်းကျင်တွေ ဆွေမျိုးတွေကလာပြီး ဝိုင်းလုပ် ဝိုင်းစားလုပ်ကြလေ့ရှိပါတယ်။

အကြော်ဖိုနားမှာတော့ ပအိုဝ်းရိုရာ အိုးစည်အဖွဲ့ ရှိပါတယ်။ အိုးစည်တီးတဲ့ အဖွဲ့က တီး၊ အကြော် ကြော်တဲ့ အဖွဲ့က ကြော်၊ တအိမ်လုံးကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုးရာဖြင့် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပါတယ်။

ယခင်ချိန်တွေမှာ ပအိုဝ်းကျေးရွာအများစုကတော့ ပအိုဝ်းရိုးရာ အိုးစည်တွေကို အမျိုးသားတွေကသာ အမြဲတီးလေ့ ရှိကြပါတယ်။

အမျိုးသမီးတွေ အဲ့ဒီအိုးစည်ကို တီးရင် ဘုန်းနိမ့်တယ်၊ နတ်မကြိုက်ဘူး၊ အိုးစည် အသံကောင်းကောင်း မထွက်ဘူးဆိုပြီး အယူရှိကြတဲ့အတွက် အမျိုးသမီးတွေကို တီးဖို့ နေနေသာသာ ထိတောင် ပေးမထိ ခဲ့ပါဘူး။

နောက်ပိုင်းခေတ်တွေ ပြောင်းလဲတာနဲ့အမျှ အမြင်ပွင့်လာပြီး အမျိုးသမီးတွေကို လက်ခံလာပေးကြသလို အမျိုးသမီးတွေကိုယ်တိုင်ကလည်း အိုးစည်ကို အလှူငွေကောက်ခံပြီး ရလာတဲ့ ငွေကြေးအချို့ကို စုပြီး ကိုယ်တိုင် ဝယ်ယူကြပြီး “ပိုမွိုးစွို” (ကလေးအမေအဖွဲ့) အိုးစည်အဖွဲ့ ဖွဲ့ပြီး ပွဲတွေမှာလည်း အိုးစည်ကို ကိုယ်တိုင်လွယ်ပြီး တီးခဲ့ပါတယ်။

ဒါပေမယ့် အဲလို အယူဆတွေကတော့ မဖွံဖြိုးသေးတဲ့ နေရာဒေသတွင်မှာတော့ ရှိနေဆဲပါ။

အိုးစည်တီးတတ်ဖို့ အတွက်လည်း ဒီတိုင်းဆို မရပါဘူး ရက်ပေါင်းများစွာနဲ့ သင်ယူခဲ့ရပါတယ်။

မွေးနေ့ပွဲ၊ ဘုရားပွဲ ပြုလုပ်တဲ့ အချိန်ဆို တီးတဲ့သူတီး ကတဲ့သူက က ၊ အကြော် လုပ်တဲ့ သူလုပ်ရင်းနဲ့ ပျော်ပျော်ပါးပါး ကခုန်လေ့ရှိကျပါတယ်။

ပျော်ပါးပြီးလျှင် အကြော်ကို ဝိုင်းဖွဲ့ပြီး မြိန်ရည်ရှက်ရည်နဲ့ စားသုံးလျက် ရှိကြပါတယ်။

Related Articles