Home စကားဝိုင်း Gender Dialogue ဆွေးနွေးပွဲမှ ကောက်နုတ်ချက်

Gender Dialogue ဆွေးနွေးပွဲမှ ကောက်နုတ်ချက်

ဂျန်ဒါတန်းတူညီမျှမှုအတွက်လုပ်ဆောင်နေကြတဲ့ အမျိုးသမီးခေါင်းဆောင်များပါဝင်ဆွေးနွေးထားတဲ့ Gender Dialogue ဆွေးနွေးပွဲမှ ပြောစကားတချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

 နော်စူစန်နာလှလှစိုး

ကျမတို့ကတော့ခေတ်ပြောင်းတော်လှန်ရေးလုပ်နေတာပေါ့နော်။ ဒီနွေဦးတော်လှန်ရေးက အာဏာရှင်အစုအဖွဲ့တ စုတည်းကိုဖြုတ်ချဖို့မဟုတ်ဘူး၊ အတွေးအခေါ်တရပ်လုံးကိုပါ တော်လှန်ချင်တဲ့တော်လှန်ရေးပေါ့နော်။ အဲ့ဒါကြောင့် ဒီနွေဦးတော်လှန်ရေးမှာဆိုရင် အမျိုးသမီတွေရော ဂျန်ဒါအဖွဲ့အစည်းတွေရော LGBTတွေရော ရှေ့တန်းကနေ တက်တက်ကြွကြွပါဝင်လာတာလုပ်နေတာကိုလဲတွေ့ရတယ်။ ကမ်ပိန်းတွေဆိုလဲ အမျိုးမျိုး၊ ပန်းပန်တဲ့ကမ်ပိန်း၊ နှုတ်ခမ်းနီကမ်ပိန်း၊ ထမီအလံကမ်ပိန်းစသည်ဖြင့်ကမ္ဘာကြီးကိုတောင် တုန်လှုပ်စေတဲ့ကမ်ပိန်း တွေနဲ့ Gender Norms ကိုပြောင်းလဲနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် ဒီနွေဦးတော်လှန်ရေးက အင်မတန်မှ မြင့်မြတ်တဲ့ တော်လှန်ရေးလို့ ကျမအနေနဲ့တင်စားပြီးတော့ ပြောလိုတယ်။ ဘာလို့လဲဆိုတော့ Hate speech တွေရော၊ ခွဲခြားဆက်ဆံမှုတွေရော အဲ့ဒါတွေအားလုံးပါသွားရမှာဖြစ်တယ်။ ကျမတို့အားလုံးမျှော်ရည်တဲ့ ကျားမတန်းတူညီမျှတဲ့အနာဂတ်၊ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု ၊ ဘယ်သူ ဘယ်သူကိုမှ ခွဲခြားခြင်း အသားအရောင်၊ ကိုးကွယ်တဲ့ဘာသာစသည်ဖြင့် ခွဲခြားခြင်းမရှိဘဲ တန်းတူညီမျှတဲ့အနာဂတ်ကိုတည်ဆောင်ချင် တာဖြစ်တယ်။

နာင်းမို့မို့

တစ်ချို့ကိစ္စတွေမှာ ဂျဲန်ဒါတန်းတူရေး အမျိုးသမီးပါဝင်ရေးလို့ပြောတဲ့အခါမှာ ပြန်ကန့်သတ်တာပေါ့။  ကျမတို့ ပါဝင်ရေးလို့ ပြောတဲ့အခါမှာ ကိစ္စရေးရာအဝဝရဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင် ဖို့ဆိုတဲ့ဟာကိုကျမတို့ပြောတာဖြစ်တယ်။ တကယ့်တကယ် ဒီနောက်ပိုင်းမှာ ဖိုဝါဒ ဘယ်လောက်ကြီးစိုးပြီးအမြစ်တွယ်နေသလဲဆိုရင် ဂျဲန်ဒါတန်းတူရေးလား အမျိုးသမီးပါဝင် လို့ရတယ်လေ။ ဒါပေမဲ့ ဘယ်နေရာမှာဘဲပါဝင်၊ ဘယ်နေရာမှာတော့ဖြင့် အမျိုးသမီးနဲ့ဆိုင်တယ် ဘယ်နေရာကတော့ အမျိုးသမီးနဲ့မဆိုင်ဘူး ဆိုတဲ့ ကန့်သတ်ချက်တွေကလဲဒီနောက်ပိုင်းမှာ အများကြီးကို မြင်လာရတဲ့ဟာတွေကို တွေ့ရတယ်။

ဂျဲန်ဒါတန်းတူရေး အမျိုးသမီးပါဝင်မှုလို့ပြောတဲ့အခါမှာ မူချမှတ်လိုက်တာနဲ့မပြီးဘူး အဲ့ဒီမူတွေပြည့်မှီအောင် ကျမတို့နည်းဗျူဟာတွေလဲ သတ်မှတ်ဖို့လိုတယ် အဲ့နည်းဗျူဟာတွေအတိုင်းလုပ်ဖို့ကလဲ ကျမတို့အမျိုးသမီးတွေ  familiar ဖြစ်တဲ့ comfortable ဖြစ်တဲ့၊ အမျိုးသမီးတွေတကယ့်လုပ်နိုင်တဲ့ ပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့လဲ လိုအပ်ပါတယ်။

အခုဆိုလို့ရှိရင် မူပိုင်းဆိုင်ရာဆိုတဲ့နေရာ တစ်ချို့နားလည်တာဒီprogressအနေနဲ့ဘဲ၊ ဒါပေမဲ့ဒီအရာက ခုနကပြောသလို မူပိုင်းပဲဖြစ်တယ်။  တကယ့်လက်တွေ့မှာ နားလည်တာ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့အများကြီးတော့ သွားဖို့လိုနေသေးတယ်။  နောက်တစ်ခု ကျားမတန်းတူရေး၊ ဂျဲန်ဒါတန်းတူရေး၊ အမျိုးသမီးပါဝင်ရေးလို့ပြောတဲ့အခါမှာ အမျိုးသမီးတွေပဲလုပ်ရမဲ့အလုပ် အမျိုးသမီးတွေ နဲ့ပဲဆိုင်တယ်ဆိုတဲ့ဟာ ကလဲ ပြဿနာတစ်ခုဖြစ်နေသေးတယ်။  ကြီးကြီးမားမားကိုပဲရှိနေသေးတယ်။

 ဒီအကြောင်းအရာကို လူတွေ  အရမ်းaware ဖြစ်ပြီးလို့ သုံးသပ်မိ၊ ထင်မိရင်တော့ အမှားပဲ။  ဒါဘာမှမဟုတ်ဘူး။  သူတို့ပြောလို့ကောင်းလို့သာပြောတာပဲရှိတယ်။ တကယ့်တကယ်လက်တွေ့မှာ လေးလေးနက်နက်နဲ့ ယုံကြည် လက်ခံတာ၊ နိုင်ငံရေးစိတ်ဆန္ဒရှိရှိနဲ့ ယုံကြည်လက်ခံတာတွေက တအားကြီးကိုနည်းနေသေးတယ်။

ဇူးပဒုမ္မာ

မူအားဖြင့်လက်ခံပြီး လက်တွေ့အရဗျူဟာတွေမရှိတဲ့အခါ အမျိုးသမီးတွေပါဝင်မှုက အကန့်အသတ်ဖြစ်နေတယ်ဆိုတဲ့အပိုင်း၊ ဒါကလဲ အရမ်းအရေးကြီးတယ်။ ဒါကြောင့် ကျမတို့အမျိုးသမီးအစုအဖွဲ့တွေက အမြဲတမ်းပြောတဲ့အခါ စာရွက်ပေါ်မှာဘဲရှိနေလို့မရဘူး လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာလဲ တကယ်ကိုလိုအပ်တယ်ဆိုတာတွေကို ထည့်သွင်းပြီးပြောနေရတာဖြစ်တယ်။

တန်းတူရေးလို့ပြောတဲ့အခါ မူအရတော့လက်ခံတယ်။ မူထဲမှာတော့ထည့်ပေးလိုက်ရင် ထည့်ပေးလိုက်မယ်။ ကျမတို့ကတော့ တန်းတူရေးကိုဒီလိုတော့ အဓိပ္ပါယ်ဖွင့်တယ်။ တန်းတူရေးလို့ ကျမတို့ပြောတဲ့အခါ အခွင့်အရေး+ အခွင့်အလမ်း= တန်းတူရေး ဖြစ်တယ်။ အခွင့်အရေးတော့ပေးထားတယ်။ ဒါပေမယ့် အခွင့်အလမ်းကိုမဖန်တီးထားပေးရင်တန်းတူရေးဆိုတာ ဘယ်လိုမှမဖြစ်လာနိုင်ဘူး။ အထူးသဖြင့် ကျမတို့မြန်မာနိုင်ငံလိုမျိုး ဖိုဝါဒကြီးစိုးတဲ့စနစ်အောက်မှာရှင်သန်ခဲ့ရတယ်။ ကျမတို့ ဘာသာရေးတွေ လူမှုရေးတွေ ပတ်ဝန်းကျင်က ဒီအမျိုးသမီးတွေကို ခွဲခြားတဲ့ပတ်ဝန်းကျင်၊ ဖိနှိပ်ခံရတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာခဲ့တဲ့အတွက် အမျိုးသမီးတွေက တန်းတူရေးကိုခံစားလာဖို့ဆိုရင် အခွင့်အရေးနဲ့အတူ အခွင့်အလမ်းပါဖန်တီးပေးမှဘဲ ဒါဟာတန်းတူရေးဖြစ်တယ်ဆိုတာကိုလဲ နားလည်ဖို့လိုအပ်တယ်။

Author:

Related Articles