မေးမြန်းခန်း
636 views
မေးမြန်းခန်း
“ စစ်ပွဲက အခုက အစိုးရနဲ့ AA က သဘောတူရပ်ဆိုင်းထားတာမဟုတ်တဲ့အတွက် ရုတ်တရက်ပြန်ဖြစ်လာနိုင်တယ်။ အဲအချိန်မှာ ကျမတို့က ပြန်သွားလို့ရှိရင် ပြန်ပြီးတော့ဒီကိုပြန်လာရမှာ။ မောင်တောမှာဖြစ်ခဲ့တုန်းကလည်း အဲလိုပဲပေါ့ အဲလိုမျိုး ရုတ်တရက် ဖြစ်မှာစိုးတယ်။”
ဒေါ်ဦးနွဲ့ရီ(ဘူးသီးတောင် မြတောင် စစ်ဘေးရှောင်စခန်း)
“ နိုင်ငံရေးအပြောင်းအလဲမှာ အမျိုးသမီးတွေ နိုင်ငံရဲ့အရေးကြီးတဲ့နေရာတွေမှာ တာဝန်တွေမထမ်းဆောင်ရဘူးလို့ ဘယ် သူမှမပြောနိုင်ဘူး။ တောင်လည်း ချောင်းဖြစ်တတ်တယ်။ ပင်လယ်သမုဒ္ဒရာကလည်း တောင်ဖြစ်လာတတ်တာပဲလေ။ အဓိက က ဇွဲမလျော့ဘဲနဲ့ကြိုးစားကြဖို့ လိုအပ်ပါတယ်။ ဘာလို့ဆိုဒီနိုင်ငံမှာ အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှုကို တော်တော် ကို လက်ခံလာတဲ့အနေအထားမှာရောက်နေပါပြီ။”
ဒေါ်စောမြရာဇာလင်း (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ – UPDJC အဖွဲ့ဝင်)
“ စိတ်ဓာတ်မကျဘဲ စည်းစည်းလုံးလုံးနဲ့ ပန်းတိုင်ရောက်သည်အထိ အတူတူူလက်တွဲပြီး ကြိုးစားကြမယ်။ ကြိုးစားရင် မ အောင်မြင်ဘူးဆိုတာ မရှိပါဘူး။ တန်ဖိုးရှိတဲ့အောင်မြင်မှုဟာ အခက်အခဲတွေရှိတယ်။ ဒုက္ခတွေတွေ့နိုင်တယ်။ ဒါကို သတ္တိရှိရှိ ကျော်ဖြတ်ရမယ်။ ဒါမှပဲ ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အမြန်ဆုံးရမှာ ဖြစ် ပါတယ်။ မြန်မာပြည်သူအားလုံးမှာတာဝန်ရှိတယ်။ လူတိုင်းမှာတာဝန်ရှိတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ လက်တွဲညီညီနဲ့ ကျိုးစားပြီး ပူးပေါင်းဆောင်ရွက်မှပဲ အမှန်တကယ်အောင်မြင်မှုဆိုတာ ရရှိမှာပါ။ အားလုံးပါဝင်ကြပါ။ အသက်ဆုံးရှုံးရတာ တွေ၊ အခက်အခဲတွေ ၊ စိတ်မကောင်းစရာတွေ အများကြီးရှိခဲ့တယ်။ နောက်ထပ်လည်းရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ် မကျဘဲ ၊ ဇွဲမလျော့ဘဲ လက်တွဲပြီး ကြိုးစားရအောင်ပါလို့ အားပေးချင်ပါတယ်။”
စစ်စတာ အန်းရိုဇားနူးတောင် (ခရစ်ယာန်)
“ ကျမတို့ ကိုယ်ရွာကိုပြန်ဖို့ အိမ်တွေလည်း ပြန်ဆောက်ထားပြီးပြီ။ ခြံအခင်းတွေလည်း လုပ်ထားတယ်၊ ပြန်ရမှာပေါ့ ထင်ထားတာ၊ ဒီနှစ်ထဲမှာ ပြန်ရမယ်လို့ထင်ထားတာ။ အခုအခြေအနေနဲ့ ငြိမ်းချမ်းရဖို့က ဝေးသေးတယ် ထင်တယ်။ အခြေအနေ မကောင်းတော့ စစ်ရှောင်ကိုပဲ ပြန်လာနေရတယ်။ စစ်ပွဲတွေကလည်း ငြိမ်မလိုလိုနဲ့ ထပ်ပြန်ဖြစ် တယ်ဆိုတော့ ဘယ်လို လုပ်ရမှန်းမသိဘူး။ မြန်မြန်ငြိမ်းချမ်းအောင်လုပ်ပေးပါ။ စစ်ရှောင်တွေ ကိုယ့်ရပ်ရွာတွေပြန်ပြီးတော့ စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေလုပ်ပြီး ပျော်ရွင်စွာ ကျမတို့နေထိုင်ချင်ပါတယ်။ စစ်ရှောင်မှာလည်း ကြာကြာ မနေချင်တော့ ဘူး။ အိမ်ပြန်ချင်ပါပြီ”
ဒေါ်ရွယ် (ကချင်ပြည်နယ်မှ စစ်ရှောင်တစ်ဦး)
“ကိုဗစ် Task Force ကတော့ အမျိုးသမီးအတွက်ဆိုပြီး လက်ရှိသီးသန့်ရှိသေးမှာမဟုတ်သေးပါဘူး။ တင်ပြမှုအပေါ်မှာပဲ မူတည်ပါတယ်။ တချို့သောအမျိုးသမီးတွေ သူ့ဒေသကနေ ခရီးသွားလာမှု၊ စားဝတ်နေရေးအခက်အခဲပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပဲဖြစ်ဖြစ် အခက်အခဲတွေတော့ ဝင်လာမှာဖြစ်ပါတယ်။ ကျမတို့ကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဆေးရုံ၊ ဆေးခန်းမသွားနိုင်ရင် အိမ်မှာ လက်သည်နဲ့မွေးတာဖြစ်ဖြစ်၊ ကျန်းမာရေးဝန်ထမ်းတွေရှိရာကို သွားတာပဲဖြစ်ဖြစ်၊ မွေးဖွားဖို့ ပစ္စည်းကရိယာတွေ အဆင့်သင့်ဖြစ်အောင်၊ အဝတ်အစားတွေ၊ လက်အိတ်တွေကအစ အဲဒါလေးတွေတော့ ထောက်ပံ့တဲ့အစီအစဉ်တော့ရှိပါတယ်။ ဒါပေမယ့်လို့ ကိုဗစ်အစီအစဉ်နဲ့တော့ တိုက်ရိုက်မဟုတ်ပါဘူး။”
“အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက အမျိုးသားတွေဆီကပဲဖြစ်ဖြစ် အခြားသူတွေဆီကပဲဖြစ်ဖြစ် ဂရုဏာတွေ စာနာမှုတွေ ဖေးမမှုတွေ လိုအပ်တာမှန်ပေမယ့် သူတို့ကို ယူမည့်ယောကျာ်းမရှိလို့ မုဒိန်းကျင့်ခံရပြီးရင် သူတို့ဘဝကြီးက သွားပါပြီ၊ လူပုံအလယ်မှာ မတင့်တယ်တော့ပါဘူးဆိုတဲ့ အမြင်မျိုးကိုတော့ ဖျောက်ဖို့လိုမယ်၊ အကြမ်းဖက်ခံရတဲ့ကိစ္စမှာ ဂုဏ်သိက္ခာလျော့တာ ရှက်ရမှာက ဒီ အကြမ်းဖက်တဲ့ သူတွေပဲဖြစ်တယ်”
“အမေတို့ကလည်း (၈၈)တုန်းက တက်တက်ကြွကြွနဲ့ပါဝင်ခဲ့ကြတဲ့ သူတွေဆိုတော့ ကိုယ်တွေ နိုင်ငံရေးလုပ်တာကိုနားလည်တယ်။အပစ်အခတ်တွေ ကြမ်းကြမ်းတမ်းတမ်းမရှိခင်တုန်းကဆိုရင် မနက်ဆန္ဒထွက်ပြမယ်ဆိုရင် အမေက အဝတ်အစားပြင်ဆင်ပေးတာက အစစီစဉ်ပေးတယ်။ ဆောင်ရရှောင်ရမှာတွေကို အမေကပြောပြပေးတယ်။ အမေနဲ့ပြန်တွေ့ရင် အလုပ်ချင်ဆုံးအရာကတော့ အမေနဲ့အတူတူ အေးအေးချမ်းချမ်းနဲ့ ခရီးသွားချင်တယ်။ ” (ကိုသွေးသစ် )
“သူတို့သွားရင် စိုးရိမ်လို့ သတိထားနော်..သား…လို့ ပြောရတာ အားရှိလိုက်တာ။ စစ်သူကြီးတယောက် စစ်ထွက်သွားရသလိုကို ဂုဏ်ယူတာ။ တော်လှန်ရေးမှာ ကိုယ့်သားမပါတော့ပေမယ့် ကလေးတွေ ကိုယ့်သားလို ဖြစ်မှာစိုးရိမ်တယ်။ သူတို့တွေ အခုလို အသက်ပေးပြီး လုပ်သွားရတဲ့အတွက် ဒီတော်လှန်ရေးကြီးကို အောင်မြင်စေချင်တယ်။”
“အပြင်မှာ ဒီလောက်ရက်ရက်စက်စက် သတ်နေတာ၊ အခု သမီးကို ကျောင်းပို့လိုက်တယ်ထားဦး၊ ကျောင်းမှာကလေးတွေကို အနိုင်လာကျင့်တာမျိုးမရှိဘူး ပြောနိုင်မလား။ သမီးကို အသက်နဲ့ရင်းပြီးတော့ ကျောင်းထားတာလည်း မလုပ်ဘူး။ သူတို့ဆီ မှာလည်း ကျောင်းမထားနိုင်ဘူး။”