မေးမြန်းခန်း
610 views
မေးမြန်းခန်း
“ အမျိုးသမီးတွေဟာခေါင်းဆောင်နိုင်တယ်။ ဦးဆောင်နိုင်တယ်။ အမျိုးသမီးတွေမပါရင် ဒီတော်လှန်ရေးဟာ ဒီအထိခရီး မရောက်ခဲ့ပါဘူး။ သူတို့တွေဟာ တော်လှန်ရေးသူရဲကောင်းတွေအဖြစ်နဲ့ ကျနော်အမြဲလေးစားဂုဏ်ယူလျှက်ပါပဲ ”
(ဒေါက်တာတေဇာဆန်း)
“စစ်အာဏာမသိမ်းခင်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးမလိုလားတဲ့သူတွေ တိုင်းပြည်ငြိမ်းချမ်းရေး ကိုဖျက်စီးနေတဲ့သူတွေလို့ထင်ခဲ့ဖူးတယ်။ ကိုယ်တိုင်လည်း လွတ်မြောက်နယ်မြေရောက်တာ တစ်နှစ်နဲ့ခုနှစ်လရှိပါပြီ။ စစ်ပွဲတွေကိုယ့်ရှေ့မှာဖြစ်ပြီးပြည်သူတွေရော ရဲဘော်တွေရောထိခိုက်တယ်။ သူတို့အိုးအိမ်ပစ္စည်းတွေ မိသားစုတွေဆုံးရှုံး ရတော့ တိုက်ပွဲတွေမရှိဘဲ ငြိမ်းချမ်းရေးအမြန်ဆုံးရတဲ့ အချိန်ကိုရောက်ချင်တယ်။ စစ်ပွဲတွေကို ရွံလာပြီ။ စစ်ဖြစ်ပြီဆို ဆိုင်သူရောမဆိုင်သူရောနစ်နာကြရတယ်။ အဆိုးဆုံးကပြည်သူတွေပါပဲ။ ” အားညီ (People Guard Force Local PDF-တာဝန်ခံ )
“အခုဆိုရင် အမေတို့တွေပြောနေကြတာ စစ်ပြန်ဖြစ်မယ်ပေါ့။ အားလုံးကလည်း စစ်ပြန်ဖြစ်မှာကြောက်နေကြတယ်။ ဒီစစ် ကြီးကို မုန်းနေပြီ။ ငြိမ်းချမ်းရေးဆိုတာသိနေတဲ့လူတွေက ဘာကြောင့်စစ်တိုက်နေကြတာလဲဆိုတာ ကျမသိချင်တယ်။ ” မဥမ္မာ (အသက် ၁၅ နှစ် ၊မြတန်ဆောင်စစ်ရှောင်ဒုက္ခသည်စခန်း၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်။)
“ပြည်သူလူထုဟာ နွေဦးတော်လှန်ရေးမှာဆိုရင် ထဘီကမ်ပိန်းကိုပြုလုပ်ခဲ့တဲ့ တကယ့်အနှစ်သာရထဘီဆိုတဲ့အရာက နှိမ့်ကျမှုတွေ ဘုန်းကံနိမ့်မှုတွေကို လုပ်ဆောင်တာမဟုတ်ဘဲနဲ့ ထဘီဝတ်ထားတဲ့ အမျိုးသမီးတွေရဲရင့်မှု၊ ဒီအမျိုးသမီးတွေ ရဲ့ စွန့်လွှတ်မှုကို လေးစားဂုဏ်ပြုတယ်ဆိုတဲ့ပုံစံမျိုးနဲ့အတူ လူသတ်နေတဲ့သူတွေကို ဒီဟာတွေနဲ့တိုက်ထုတ်သွား ရမယ်၊ တော်လှန်သွားရမယ်ဆိုတဲ့ ပုံစံနဲ့လုပ်ခဲ့တာဖြစ်တယ်။ နိမ့်ကျတယ်ဆိုတဲ့အတွေးအခေါ်တွေ ဘုန်းကံနိမ့်စေတယ် ဆိုတဲ့ အတွေးအခေါ်တွေနဲ့ တော်လှန်ရေးမှာသုံးခဲ့တာမဟုတ်တဲ့အတွက် ဒါကိုလူအများက နားလည်ဖို့လိုအပ်တယ်။ အပြု သဘောဆောင်ဖို့လိုအပ်တယ်။” မေကညာပျို (LGBTအရေးတက်ကြွလှုပ်ရှားသူ)
“ အမျိုးသမီးတစ်ယောက် Ordination (သင်းအုပ်အရာ သိက္ခာတင်ခွင့်)ရဖို့ တောင်းနေရတာကိုက သဘာဝမကျတာပါ။ Ordinationက အမျိုးသမီးအတွက်ဆို တောင်းမှရမယ်ဆိုတဲ့ အနေအထားက ဖြစ်ကိုမဖြစ်သင့်တော့တာပါ”
ကိုသိန်ထွဋ်ပန် (ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် – Karen Baptist Convention အသင်းသား)
“အမျိုးသမီးတွေ ထဘီကမ်ပိန်းလုပ်တာက အာဏာရှင်ဟာ သူတို့ဝတ်တဲ့ထဘီတစ်ထည်လောက်တောင် သူတို့ကို ကာကွယ် မပေးနိုင်ဘူးဆိုတဲ့သူတို့ရဲ့ရည်ရွယ်ချက်က သိပ်ကိုထူးခြားတယ်။ နောက်သူတို့အဲ့လိုလုပ်လိုက်တော့ အာဏာရှင် တွေ တုန်လှုပ်သွားတာကို ကျွန်တော်တို့ပထမဆုံးမြင်ရတယ်။ ဒါဟာနွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုအစပါပဲ။ ”
“ ထဘီကမ်ပိန်းဆိုတာ အမျိုးသမီးတွေရဲ့အခွင့်အရေးဖြစ်တယ်။ သူတို့ရဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး သူတို့မှာ တောင်း ဆိုပိုင်ခွင့်အပြည့်အဝရှိတယ်။ အမျိုးသမီးတွေမှာ အခက်အခဲတွေအများကြီးရှိတယ်။ လက်ရှိအနေအထားမှာဆိုရင် စစ် အကြမ်းဖက်တွေရဲ့မုဒိမ်းကျင့်တာ၊ လူမသိ သူမသိ အကြမ်းဖက်ခံနေရသူတွေက အမျိုးသမီးပဲဖြစ်နေတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အခုလို ထဘီကမ်ပိန်းမျိုးတွေက လုပ်ကိုလုပ်သင့်တဲ့အရာဖြစ်တယ်။”
“ကျနော်တို့အမျိုးသမီးထုဟာ ခွန်အားအရာမှာတော့ အကြမ်းဖက်စစ်ကောင်စီထက် နည်းကောင်းနည်း လိမ့်မယ်။ သို့သော် ငြားလည်း တော်လှန်လိုစိတ်၊ သတ္တိတွေဟာ လုံးဝဘယ်သူမှ မယှဉ်နိုင်တာမျိုးရရှိတယ်။ ကျဆုံးသွားရတဲ့အမျိုးသမီးတွေ အတွက် သူတို့ထက်ပိုပြီးတော့ နှစ်ဆပိုတိုက်ပေးရလိမ့်မယ်။ သူတို့ရဲ့ဝိဉာဉ်တွေ ကျနော်တို့မှာ ပူးကပ်စွဲဝင်နေပြီးတော့ ဒီတော်လှန်ရေးကို အဆုံးစွန်အထိတိုက်သွားမယ်။”
“ စစ်ပွဲက အခုက အစိုးရနဲ့ AA က သဘောတူရပ်ဆိုင်းထားတာမဟုတ်တဲ့အတွက် ရုတ်တရက်ပြန်ဖြစ်လာနိုင်တယ်။ အဲအချိန်မှာ ကျမတို့က ပြန်သွားလို့ရှိရင် ပြန်ပြီးတော့ဒီကိုပြန်လာရမှာ။ မောင်တောမှာဖြစ်ခဲ့တုန်းကလည်း အဲလိုပဲပေါ့ အဲလိုမျိုး ရုတ်တရက် ဖြစ်မှာစိုးတယ်။”
ဒေါ်ဦးနွဲ့ရီ(ဘူးသီးတောင် မြတောင် စစ်ဘေးရှောင်စခန်း)